Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးမှုတွေ ခက်နေရင် ကြားဝင်စေ့စပ်ပေးမှုကို လက်လွှတ်လိုက်မယ်လို့ ထရမ့်ပြော

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်ဆိုင်းရေး ကြားဝင် ဆွေးနွေးမှုတွေက အရမ်း လက်ပေါက်ကပ်လာမယ်ဆိုရင် လက်လွှတ်ပေးလိုက်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

Getty Images

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်ဆိုင်းရေး ကြားဝင် ဆွေးနွေးမှုတွေက အရမ်း လက်ပေါက်ကပ်လာမယ်ဆိုရင် လက်လွှတ်ပေးလိုက်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၈ ရက်နေ့တုန်းက အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကို ခက်ခဲလာအောင် စစ်တိုက်နေတဲ့ နှစ်နိုင်ငံထဲက တစ်ခုခုက လုပ်ဆောင်လာမယ်ဆိုရင် အမေရိကန်က ဆက်ပြီး ညှိပေးမနေတော့ဘူးလို့ ပြောခဲ့ပါတယ်။

ထရမ့်က သူဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲဟာ ရက်ပေါင်း ဘယ်လောက်ကြာရင် အပစ်ရပ်မလဲ ဆိုတာကို မပြောနိုင်ပေမယ့် အဲဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ပေါ်လာစေချင်တယ်လို့လည်း ဆိုပါတယ်။

ထရမ့်မတိုင်ခင် နာရီပိုင်းလောက် အလိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း စေ့စပ်ဆွေးနွေးမှုတွေ အချိန်တိုအတွင်းမှာ ရလဒ်ပိုင်းအရ တိုးတက်မှု တစ်ခုခု ပြမလာဘူးဆိုရင် အမေရိကန်ရဲ့ ကြားဝင်မှုကို ရပ်တန့်လိုက်မှာ ဖြစ်တယ်လို့ သတိပေးသွားခဲ့ပါတယ်။ ဒီကိစ္စအတွက် သီတင်းပတ်တွေ၊ လတွေ အများကြီး ကြာညောင်းနေမှာမျိုးကို အမေရိကန်က စိတ်မဝင်စားကြောင်း၊ အမေရိကန်အတွက် အာရုံစိုက်ရမယ့် တခြား ဦးစားပေး ကိစ္စတွေ ရှိနေသေးကြောင်း ရူဘီရိုက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း အရှေ့မြောက်ပိုင်းမှာရှိတဲ့ ခါကစ်ဗ်နဲ့ ဆူမီမြို့တွေမှာ ဧပြီ ၁၈ ရက်နေ့တုန်းက ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် ထရမ့်နဲ့ ရူဘီရိုဆီက အခုလို စကားမျိုး ထွက်လာတာ ဖြစ်ပါတယ်။ မူလက ထရမ့်ရဲ့ အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်ဆိုင်းရေးကို လျင်လျင်မြန်မြန် အထမြောက်လာအောင် ကြားဝင် စေ့စပ်ပေးမယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ကြွေးကြော်ထားခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားနဲ့ရော၊ ယူကရိန်းနဲ့ပါ သီးခြားစီ တွေ့ဆုံပြီး စစ်ရပ်ဆိုင်းရေး ကိစ္စအတွက် စကားပြောခဲ့ပေမယ့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ အပြည့်အဝ အပစ်ရပ်ချင်ရင် လိုက်လျောရမယ့် တောင်းဆိုမှုတွေ အမျိုးမျိုးကို တုံ့ပြန် အဆိုပြုခဲ့ပါတယ်။

ထရမ့်က စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားမှာ တစ်ဖက်ဖက်က အကြောင်းမျိုးစုံပြပြီး ညှိနှိုင်းမှုတွေကို ကြန့်ကြာအောင်၊ ခက်ခဲအောင် လုပ်လာမယ်ဆိုရင် အမေရိကန် အနေနဲ့ အဲဒီနိုင်ငံကို ရူးမိုက်တဲ့၊ နုံချာတဲ့သူတွေလို့ ဝေဖန်ရှုတ်ချပြီး ကြားဝင် စေ့စပ်ပေးမှုတွေကို လက်လွှတ်ပေးလိုက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တကယ်လို့ အမေရိကန်ဟာ စစ်ရပ်ဆိုင်းရေး ကိစ္စကို ဆက်ပြီး ကြားဝင်စေ့စပ် ဆွေးနွေးမပေးတော့ဘူးဆိုရင် ယူကရိန်း စစ်ပွဲမှာ သူ့ရဲ့ အစိုးရက ဘယ်လိုမူဝါဒနဲ့ ရှေ့ဆက်မလဲ ဆိုတာကိုတော့ ထရမ့်က ရှင်းရှင်းလင်းလင်း မှတ်ချက် မပေးခဲ့ပါဘူး။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပူတင်ဟာ စစ်ပွဲကို ရပ်ဆိုင်းဖို့ တကယ်တမ်းမှာ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူးလို့ စွပ်စွဲ ပြောဆိုထားပါတယ်။

ထရမ့်က အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ရုရှားဆီက တိကျတဲ့ အဖြေမျိုး လိုချင်တယ်လို့ ပြောခဲ့တဲ့အပေါ် ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ စေ့စပ်ညှိနှိုင်းမှုတွေက အရမ်းခက်ခဲနေဆဲလို့ တုံ့ပြန်ခဲ့ပါတယ်။ သူက ရုရှားဟာ ကိုယ်ပိုင် အကျိုးစီးပွားတွေ ထိခိုက်မှု မရှိတဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုမျိုးကို အလေးအနက် လိုလားပြီး ဆွေးနွေးမှုတွေကို လမ်းဖွင့်ထားမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။