Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူရို သန်း ၅၀ တန် ပန်းချီကားဟာ ကလေးတစ်ဦးကြောင့် ထိခိုက်ပျက်စီးမှုဖြစ်

နယ်သာလန် နိုင်ငံက ပြတိုက်တစ်ခုမှာ ကလေးတစ်ယောက်ကြောင့် ယူရို သန်း ၅၀ တန် ပန်းချီကားမှာ ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နယ်သာလန် နိုင်ငံက ပြတိုက်တစ်ခုမှာ ကလေးတစ်ယောက်ကြောင့် ယူရို သန်း ၅၀ တန် ပန်းချီကားမှာ ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရော့တာဒမ်မြို့မှာရှိတဲ့ ဘွိုင်ဂျ်မန်စ် ဗန်ဘွမ်ဂျန် ပြတိုက်က အခုအခါမှာတော့ အမေရိကန် အနုပညာရှင် မတ်ခ်ရော့သ်ခိုရဲ့ လက်ရာ ပန်းချီကားကို ပြန်လည် ပြင်ဆင်ဖို့ အဆင့်တွေအတွက် စတင် စဉ်းစားနေပြီလို့ ဆိုပါတယ်။

Grey, Orange and Maroon No. 8 ပန်းချီကားကို ရော့သ်ခိုက ၁၉၆၁ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ပန်းချီကားရဲ့ တန်ဖိုးကိုတော့ ပြတိုက်က မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ တန်ဖိုး ယူရို သန်း ၅၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မသိရသေးပေမယ့် ပန်းချီကား အနီးတဝိုက်မှာ အစောင့်တွေ မရှိတဲ့အချိန် ပြဿနာ ကြုံခဲ့တာလို့ ဆိုပါတယ်။ ပန်းချီကားရဲ့ အောက်ခြေနားမှာ သေးငယ်ပြီး အပေါ်ယံလောက်ပဲ ဖြစ်ပေမယ့် ထင်သာမြင်သာ ခြစ်ရာတွေ ထင်ကျန်နေခဲ့တာလို့ ပြတိုက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြန်လည် ပြင်ဆင်မယ့် ကာလအတွင်း ပန်းချီကားကို ဖြုတ်သိမ်းထားမှာဖြစ်ပြီး နောင်တစ်ချိန်မှာ ပြန်လည် ပြသသွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြတိုက်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှု ကုန်ကျစရိတ်ကို ဘယ်သူ ကျခံမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရော့သ်ခိုရဲ့ ၁၉၅၈ ခုနှစ်လက်ရာ Black and Maroon ပန်းချီကားဟာလည်း လန်ဒန်မှာရှိတဲ့ တိတ်ခေတ်သစ် ပန်းချီပြခန်းမှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတုန်းက လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ အဲဒီကိစ္စမှာ ကျူးလွန်သူဟာ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပြီး သူ့ရဲ့ လုပ်ရပ်အတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ ပန်းချီကားကို ပြန်ပြင်ဆင်တဲ့ ကုန်ကျစရိတ်ဟာ ယူရို ၂၃၅၀၀၀ ကျော်လောက်ထိ များပြားခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်ရရှိဖို့ နဲ့ ဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားတွေကို လွှတ်ပေးဖို့ ဗြိတိန် နဲ့ နယ်သာလန်နိုင်ငံတွေက ဒီနေ့(မေ ၃ )ကျရောက်တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာတောင်းဆိုထားပါတယ်။

နိုင်ငံတကာ

နယ်သာလန် ဘုရင့် မိဖုရားကြီးဟာ နိုင်ငံရဲ့ စစ်တပ်အတွက် အရန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်အမှုထမ်းဖို့ စာရင်း ပေးသွင်းလိုက်ပါတယ်။

သတင်း

နယ်သာလန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်အာဏာသိမ်း (၅)နှစ်ပြည့် လူထုသပိတ်လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။