Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သယံဇာတ ပူးပေါင်းတူးဖော်ရေး သဘောတူညီ စာချုပ်ကို အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ရေးထိုး

ယူကရိန်းရဲ့ စွမ်းအင်နဲ့ သတ္တု သယံဇာတတွေကို ပူးပေါင်းတူးဖော်ရေး သဘောတူ စာချုပ်ကို အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

Getty Images

ယူကရိန်းရဲ့ စွမ်းအင်နဲ့ သတ္တု သယံဇာတတွေကို ပူးပေါင်းတူးဖော်ရေး သဘောတူ စာချုပ်ကို အမေရိကန်နဲ့ ယူကရိန်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

တင်းမာတဲ့ အခြေအနေတွေမှာ လတွေနဲ့ချီ ကြာမြင့်တဲ့ ညှိနှိုင်းမှုတွေကို ဖြတ်သန်းပြီးတဲ့နောက် ဧပြီ ၃၀ ရက်နေ့မှာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက်ထဲမှာတော့ ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲပြီးရင် ယူကရိန်းရဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ခု ထားရှိရေး ကိစ္စလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်နဲ့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် ၁ ယူလီယာ ဆေဗာဒန်ကိုတို့ဟာ ဝါရှင်တန်ဒီစီမှာ အဲဒီ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုဟာ ယူကရိန်းရဲ့ မြေရှား သတ္တုသိုက်တွေကို တူးဖော် ထုတ်လုပ်လိုတဲ့ အမေရိကန်အတွက် အရေးပါတဲ့ အရွေ့တစ်ခုလည်း ဖြစ်ပါတယ်။

Getty Images

အမေရိကန်ဟာ တရုတ်နဲ့ ကုန်သွယ်ရေး အားပြိုင်မှုတွေ အရှိန်မြှင့်တင်လာတဲ့နောက် တရုတ်ဟာ အမေရိကန်ဆီ မြေရှားသတ္တု တင်ပို့ခွင့်တွေကို ပိတ်ပင်ထားပါတယ်။ အဲဒီ သတ္တုတွေဟာ ခေတ်မီ အီလက်ထရောနစ် နည်းပညာမြင့် ပစ္စည်းတွေ ထုတ်လုပ်မှုမှာ မရှိမဖြစ် လိုအပ်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့ မြေရှားသတ္တု ထုတ်လုပ်မှု စုစုပေါင်း ၉၀ ရာခိုင်နှုန်းလောက်ရဲ့ ရင်းမြစ်အဖြစ် ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ဆန့်က အဓွန့်ရှည် ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ယူကရိန်းနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးဟာ အမေရိကန်ရော၊ ယူကရိန်းပါ လိုလားတဲ့ ရည်မှန်းချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်း အနေနဲ့ ၃ နှစ်ကျော် စစ်ပွဲကာလတလျှောက် ရယူလာတဲ့ အမေရိကန်ရဲ့ အထောက်အပံ့တွေအတွက် အခုလိုမျိုး သယံဇာတ တူးဖော်ခွင့်တွေနဲ့ ပြန်ပေးဆပ်သင့်တယ်လို့ ယူဆထားပြီး ယူကရိန်း အတွက်ကတော့ ဒီသဘောတူညီချက်ဟာ အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့တွေကို ဆက်လက်ရရှိဖို့ အာမခံချက် တစ်ခုအနေနဲ့ ခံယူထားပါတယ်။

ယူကရိန်းဟာ လူသားတွေ ဂရာဖိုက်၊ တိုက်တေနီယမ်၊ လစ်သီယမ်စတဲ့ လူသားတွေ မတို့မထိရသေးတဲ့ သတ္တုရိုင်းသိုက်တွေ အများအပြား ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယူကရိန်းမှာ မြေရှား သတ္တု ထုတ်လုပ်နိုင်တဲ့ နေရာတွေ အများအပြား ရှိနေခြင်းကလည်း အမေရိကန်က တူးဖော်ထုတ်လုပ်ဖို့ မျက်စိကျစေတဲ့ ဆွဲဆောင်မှုမျိုး ဖြစ်နေပါတယ်။

ဘက်ဆန့်က အခုရရှိသွားတဲ့ သဘောတူညီမှုဟာ ယူကရိန်းရဲ့ အရှိန်အဟုန်နဲ့ တိုးတက်မှုတွေကို အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

သဘောတူညီချက်တွေကို ကြေညာတဲ့ အချိန်မှာတော့ ထရမ့်အစိုးရ လက်ထက်တလျှောက်မှာ အမေရိကန်က ယူကရိန်းနဲ့ တစ်သားတည်း ရပ်တည်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး၊ သဘောထားမျိုးကို အထင်ရှားဆုံး ပြသလာခဲ့ပါတယ်။

ကြေညာချက်ထဲမှာ ရုရှားရဲ့ အင်ပြည့်အားပြည့် ကျူးကျော်မှုလို့ ထည့်သွင်း သုံးနှုန်းထားခဲ့သလို ယူကရိန်းရဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ဆောင်မှုတွေကနေ ရရှိမယ့် ကောင်းကျိုးတွေကို ရုရှားရဲ့ စစ်ပွဲအတွက် ထောက်ပံ့ခဲ့တဲ့၊ မီးစာဖြည့်ပေးခဲ့တဲ့ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်နိုင်ငံမှ ခံစားရရှိခွင့် မရှိစေရဘူးလို့လည်း ဖော်ပြထားခဲ့ပါတယ်။

ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် ၁ ဆေဗာဒန်ကိုက သယံဇာတ တူးဖော်ရေး သဘောတူညီမှုမှာ သတ္တုတွေ၊ ရေနံတွေနဲ့ ဓာတ်ငွေ့တွေ ပါဝင်ပြီး နှစ်နိုင်ငံကြား ၅၀ ရာခိုင်နှုန်းစီ ညီညီမျှမျှ ခွဲဝေမှာဖြစ်ကြောင်း၊ ဒါပေမဲ့ သတ္တုသိုက်တွေဟာ ယူကရိန်း ပိုင်ဆိုင်မှုအဖြစ် ဆက်လက် ရှိနေမှာဖြစ်ကြောင်း ပြောပါတယ်။ သဘောတူညီမှုအရ အမေရိကန်ဟာ အနာဂတ်မှာ ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး စနစ်တွေလိုမျိုး အထောက်အပံ့သစ်တွေ ဖြည့်တင်းပေးမယ်လို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook