Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ ကျောင်းတစ်ခုမှာ မြွေအသေ ပြုတ်ကျထားတဲ့ ဟင်းကြောင့် ကလေး ၁၀၀ ကျော် နာမကျန်းဖြစ်ခဲ့တယ်လို့ဆို

အိန္ဒိယက ကျောင်းတစ်ခုဟာ စီစဉ်ထားတဲ့ ဟင်းထဲမှာ မြွေအသေတစ်ကောင် ရှာတွေ့ခဲ့ပေမယ့် ကလေးတွေကို အဲဒီဟင်းနဲ့ပဲ ကျွေးမွေးခဲ့ရာက ကျောင်းသူကျောင်းသား ၁၀၀ ကျော် နာမကျန်း ဖြစ်ခဲ့ကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။

Getty Images

အိန္ဒိယက ကျောင်းတစ်ခုဟာ စီစဉ်ထားတဲ့ ဟင်းထဲမှာ မြွေအသေတစ်ကောင် ရှာတွေ့ခဲ့ပေမယ့် ကလေးတွေကို အဲဒီဟင်းနဲ့ပဲ ကျွေးမွေးခဲ့ရာက ကျောင်းသူကျောင်းသား ၁၀၀ ကျော် နာမကျန်း ဖြစ်ခဲ့ကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဘီဟာ ပြည်နယ်ထဲက မိုကာမာမြို့က စာသင်ကျောင်းမှာ ပုံမှန် ကျွေးမွေးမယ့် အစားအသောက်ထဲက မြွေအသေ တစ်ကောင်ကို စားဖိုမှူးက ရှာတွေ့ခဲ့ပေမယ့် ဖယ်ရှားပြီး ကလေး ၅၀၀ လောက်ကို ပုံမှန် စီစဉ်ထားတဲ့အတိုင်း အဲဒီဟင်းနဲ့ ကျွေးမွေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။

သိပ်မကြာခင်မှာပဲ ကလေး ၁၀၀ ကျော်မှာ မူးဝေတာ၊ အော့အန်တာတွေမျိုး လက္ခဏာတွေ ပြသလာခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီ ၂၄ ရက်နေ့က ဖြစ်စဉ်မှာ ကလေး ၂ ဒါဇင်ထက်မနည်း ဆေးရုံရောက်ခဲ့ပါတယ်။ ဟင်းအိုးထဲက မြွေအသေ သတင်းကို ကြားသိပြီးတဲ့ နောက်မှာတော့ ဒေသခံတွေဟာ ကျောင်းကို မကျေမနပ် စုဝေး ဆန္ဒပြပြီး အုတ်အော်သောင်းနင်း အခြေအနေတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

မေလ ၂ ရက်နေ့မှာတော့ ဒီကိစ္စကို ကော်မရှင်က တာဝန်ယူ ကိုင်တွယ်မယ်ဆိုတာ ထုတ်ပြန်ပြီး တကယ်သာ စွပ်စွဲချက်တွေ မှန်ကန်ခဲ့မယ်ဆိုရင် ကလေးတွေရဲ့ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု အနေနဲ့ သတ်မှတ်ရမှာ ဖြစ်ကြောင်း ကော်မရှင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကော်မရှင်ဟာ မိုကာမာမြို့ စာသင်ကျောင်းမှာ ဘယ်လို အမှားအယွင်းတွေ ရှိခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ၂ ပတ်အတွင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

အိန္ဒိယမှာတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကျောင်းတွေမှာ နေ့လယ်စာ အခမဲ့ ကျွေးမွေးတဲ့ အစီအစဉ်ကို ချန်နိုင်းမြို့မှာ ၁၉၂၅ ခုနှစ်က အစပြုခဲ့ပြီး တခြား ဒေသအသီးသီးမှာလည်း လိုက်လံ ကျင့်သုံးလာခဲ့ပါတယ်။ ဒါဟာ ကလေးတွေအတွက် ဆာလောင်မှု ပြဿနာကို ကူညီဖြေရှင်းပေးပြီး ကျောင်းတက်ဖြစ်အောင် ပိုမို လှုံ့ဆော်ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်ပေမယ့် အစားအသောက် ပြင်ဆင်ရာမှာ သန့်ရှင်းမှု အပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်တာတွေ အရင်ကတည်းက ရှိခဲ့ဖူးပါတယ်။

၂၀၂၃ ခုနှစ်တုန်းကလည်း ဘီဟာ ပြည်နယ်ထဲမှာ အစားအသောက် မသန့်ရှင်းရာက ကျောင်းသူကျောင်းသား ကလေးငယ် ၂၃ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက ဓာတ်ခွဲစစ်ဆေးမှု ရလဒ်တွေအရ အရမ်းများပြားတဲ့ ပမာဏမျိုး ပိုးသတ်ဆေးတွေကို အစားအသောက်ထဲမှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြွေအန္တရာယ်နဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ဝန်ခံတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘောလုံးအသင်း အရေအတွက်က တိုးလာနေပါတယ်။

သတင်း

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်က ကွန်ဒိုတစ်ခုမှာ ခွေးဟောင်သံ ဆူညံနေတာကို သည်းမခံနိုင်တော့တဲ့ နေထိုင်သူ တစ်ဦးဟာ ဆန္ဒပြတဲ့ အနေနဲ့ လူသွားစင်္ကြံပေါ်ကို မြွေကြီးနှစ်ကောင် လွှတ်ပေးထားခဲ့ပါတယ်။

နိုင်ငံတကာ

ခရီးသည်တွေကို တည်ခင်းမယ့် အစားအသောက်ထဲ ကြွက်အရှင်တစ်ကောင် ပါလာတဲ့နောက် ခရီးသည်တင် လေယာဉ်ကြီး တစ်စီးဟာ ဒိန်းမတ်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။