Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုပ်ရဟန်းမင်း အသစ်ကို ရွေးချယ်ပြီးစီး

ဗာတီကန်မှာရှိတဲ့ ဘုရားကျောင်းကြီးရဲ့ ခေါင်းတိုင်ကနေ မီးခိုးအဖြူရောင် လွှင့်ထုတ်ခဲ့တာကို တွေ့မြင်ရတဲ့နောက် ပုပ်ရဟန်းမင်း အသစ်ကို ရွေးချယ် တင်မြှောက်ပြီး ဖြစ်တယ်ဆိုတာ သိသာစေခဲ့ပါတယ်။

ဓာတ်ပုံ - Vatican News

မေ-၈၊၂၀၂၅။People’s Spring

ဗာတီကန်မှာရှိတဲ့ ဘုရားကျောင်းကြီးရဲ့ ခေါင်းတိုင်ကနေ မီးခိုးအဖြူရောင် လွှင့်ထုတ်ခဲ့တာကို တွေ့မြင်ရတဲ့နောက် ပုပ်ရဟန်းမင်း အသစ်ကို ရွေးချယ် တင်မြှောက်ပြီး ဖြစ်တယ်ဆိုတာ သိသာစေခဲ့ပါတယ်။

ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ နေရာကို ဆက်ခံမယ့် ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး အထွဋ်အခေါင် ပုဂ္ဂိုလ် ရာထူးမှာ ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာကို ဗာတီကန် နန်းတော်မှာ လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒုတိယမြောက်နေ့မှာ အဆုံးအဖြတ် ပြီးမြောက်ခဲ့တာ ဖြစ်ပါတယ်။

Sistine ဝတ်ကျောင်းတော်ကြီးရဲ့ ခေါင်းတိုင်ကနေ အဖြူရောင် မီးခိုးတွေ ထွက်လာတာဟာ ပုပ်ရဟန်းမင်းကြီး အသစ်ကို ရွေးချယ်ပြီးပြီလို့ ကမ္ဘာသိ ကြေညာလိုက်တဲ့ သင်္ကေတဖြစ်ပြီး ဘယ်သူ ဘယ်ဝါလဲ ဆိုတာကိုတော့ ကာဒီနယ် ရဟန်းအမတ် ဒေါမနစ် မမ်ဘာတီက ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်း အသစ် ရွေးချယ်တင်မြှောက်ဖို့ ကာဒီနယ် ရဟန်းအမတ် ၁၃၃ ပါးဟာ မေလ ၇ ရက်မှာ ဗာတီကန်မှာ စတင် စုဝေး တိုင်ပင်ခဲ့ကြပြီး မေလ ၈ ရက်နေ့မှာတော့ ပုပ်ရဟန်းမင်း အသစ်ကို ဆုံးဖြတ် ရွေးချယ်နိုင်ခဲ့တာပါ။

ပုပ်ရဟန်းမင်း အသစ် ဖြစ်လာမယ့် ပုဂ္ဂိုလ်ဟာ မကြာခင်မှာ စိန့်ပီတာ ဝတ်ကျောင်းကနေ ကမ္ဘာသိ မိတ်ဆက်ဖွယ် ရှိပါတယ်။

ကိုးကား – Vatican News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။

သတင်း

ပုပ်ရဟန်းမင်းကြီးဘဝ ပထမဆုံး ခရစ္စမတ် ဩဝါဒနဲ့ ကောင်းချီးပေးမှုမှာတော့ ပုပ်လီယိုဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ကို အလေးအနက် ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေး ပဋိပက္ခတွေ၊ အမျိုးသားရေး ဝါဒတွေအတွက် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကို အသုံးချ လှုံ့ဆော်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တူရကီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အထင်ကရ ဗလီကြီးတစ်ခုဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။