Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ မျက်နှာချင်းဆိုင် စကားပြောလိုတယ်လို့ ယူကရိန်း သမ္မတ တောင်းဆို

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို မျက်နှာချင်းဆိုင် စကားပြောဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

Getty Images

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို မျက်နှာချင်းဆိုင် စကားပြောဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပူတင်က စစ်ပွဲရပ်ဆိုင်းရေး ကိစ္စကို ရုရှားနဲ့ ယူကရိန်းကြား မျက်နှာချင်းဆိုင် စကားပြောသင့်တယ်လို့ သူယူဆကြောင်း၊ အဲဒီ ဆွေးနွေးမှုတွေဟာ အစောဆုံးအဖြစ် မေလ ၁၅ ရက်နေ့မှာ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ တွေ့ဆုံမှုတွေကို ကြားနိုင်ငံ တစ်ခုဖြစ်တဲ့ တူရကီမှာ ပြုလုပ်သင့်တယ်လို့လည်း ပူတင်က ဆိုပါတယ်။

သိပ်မကြာခင်မှာပဲ ဇီလန်စကီးက တကယ်တမ်း နှစ်နိုင်ငံ စကားပြောကြတော့မယ်ဆိုရင် ခေါင်းဆောင်အချင်းချင်း စကားပြောသင့်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ သတ်ဖြတ်မှုတွေ ဆက်ပြီး ရှည်ကြာနေဖို့ ဘာအဓိပ္ပါယ်မှ မရှိကြောင်း၊ မေလ ၁၅ ရက်နေ့ကျရင် တူရကီမှာ ပူတင်ကို သူစောင့်နေမှာဖြစ်ကြောင်း ဇီလန်စကီးက Xကနေ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဇီလန်စကီးဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုခု ရရှိပြီးမှသာ သူ့နိုင်ငံဟာ ရုရှားနဲ့ စကားပြောနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း နိုင်ငံကို ရောက်ရှိခဲ့တဲ့ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေက ရက် ၃၀ ကြာ အပစ်ရပ်ဖို့ ရုရှားကို ဖိအားပေး တောင်းဆိုခဲ့ကြတဲ့နောက် ပူတင်ဆီကနေ ယူကရိန်းနဲ့ ဆွေးနွေးချင်ကြောင်း စကားသံ ထွက်ပေါ်လာတာပါ။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ နှစ်နိုင်ငံ ဆွေးနွေးဖို့ ရုရှားရဲ့ အဆိုပြုချက်ကို ယူကရိန်းက ချက်ချင်း လက်ခံသင့်ကြောင်း လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းခဲ့ပြီး အမေရိကန်ဟာ စစ်ပွဲ ရပ်ဆိုင်းဖို့ နည်းလမ်း တစ်ခုခု ရှိလာပြီ ဆိုတာနဲ့ အစွမ်းကုန် အားထုတ် ပံ့ပိုးမှာဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။

ဇီလန်စကီးက အဲဒီ ဆွေးနွေးပွဲ မစခင်မှာ ရုရှားဖက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို လိုက်လျော သဘောတူလိုက်ဖို့ သူမျှော်လင့်နေဆဲလို့ ဆိုပါတယ်။ ယူကရိန်းဟာ အပြည့်အဝနဲ့ ကာလရှည်ကြာတဲ့ အပစ်အခတ် ရပ်စဲမှုမျိုးကို စောင့်ဆိုင်းနေဆဲလို့ ဇီလန်စကီးက ပြောပါတယ်။ ဒီအခြေအနေဟာ သံတမန်ရေးအရ စကားပြောဖို့ အခြေခံ လိုအပ်ချက်တွေကို အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။

ပူတင်ဟာ မေလ ၁၀ ရက်နေ့ ညပိုင်းက မိန့်ခွန်းပြောကြားရာမှာ စစ်ရပ်ဆိုင်းရေးအတွက် အလေးအနက် စကားပြောကြဖို့ ယူကရိန်းရဲ့ ပါဝင်မှုကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက စစ်ပွဲကို ရပ်ဆိုင်းနိုင်ဖို့အတွက် ရုရှားရော၊ ယူကရိန်းကိုပါ အပြင်းအထန် ဖိအားပေးမှုတွေ ရှိနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။