Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ လူချင်းတွေ့ဖို့ စောင့်နေမယ်လို့ ယူကရိန်း သမ္မတပြော

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

AFP

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နှစ်နိုင်ငံကြားက စစ်ပွဲနဲ့ ပတ်သက်ပြီး ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးလိုကြောင်း၊ ဆွေးနွေးမှုတွေဟာ တူရကီရဲ့ အကြီးဆုံး မြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မှာ မေလ ၁၅ ရက်နေ့ကျရင် စတင်သင့်ကြောင်း ပူတင်က အရင်ဆုံး အဆိုပြုခဲ့ပါတယ်။ အဲဒီနောက် ဇီလန်စကီးက နှစ်နိုင်ငံ ခေါင်းဆောင်တွေ တိုက်ရိုက် တွေ့ဆုံဖို့ကို တောင်းဆိုခဲ့ပြီး တခြားအဆင့် အရာရှိတွေ စကားပြောကြတာဟာ အဓိပ္ပါယ် ရှိမှာမဟုတ်ကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့ ရောက်တဲ့ထိ ရုရှားအစိုးရက အစ္စတန်ဘူလ် ဆွေးနွေးပွဲကို ပူတင်ကိုယ်တိုင် တက်ရောက်မလား ဆိုတာကို အတည်မပြုသေးပါဘူး။ ဇီလန်စကီးက သူဟာ တူရကီရဲ့ မြို့တော် အန်ကာရာမှာ ရောက်ရှိနေပြီး အစ္စတန်ဘူလ်ဆီ ခရီးဆက်ဖို့ အသင့်ပြင်ထားမယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ သုံးနှစ်ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ရေးအတွက် အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်း အားထုတ်ပေးနေမှုတွေ ခရီးရောက်ဖို့အတွက် နှစ်ဖက် ခေါင်းဆောင်တွေကို မျက်နှာချင်းဆိုင် တွေ့ဆုံကြဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက သူဟာ အန်ကာရာမှာ ရှိနေမှာ ဖြစ်ပေမယ့် ပူတင်မပါဘူး ဆိုရင်တော့ သူကိုယ်တိုင်လည်း အစ္စတန်ဘူလ်က ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း သတင်းထောက်တွေကို ပြောထားပါတယ်။

ပူတင်ရောက်မလာဘူးဆိုရင် စစ်ပွဲရပ်ဆိုင်းရေး ကိစ္စကို အမှန်တကယ် အာသီသ မရှိဘူးလို့ ယူဆလို့ ရတဲ့အတွက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမို တိုးမြှင့်ပေးဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဇီလန်စကီးက သူဟာ အပစ်အခတ် ရပ်စဲရေးအတွက် အစွမ်းကုန် ကြိုးစားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့ဖက်က အဆိုပြုနိုင်ရုံသာရှိပြီး တကယ့် အဆုံးအဖြတ်ကို ပူတင်ကပဲ ရွေးချယ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ဟာ ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် စစ်ပွဲရပ်ဆိုင်းရေးအတွက် ရုရှားရော၊ ယူကရိန်းကိုပါ အပြင်းအထန် ဖိအားပေးနေပါတယ်။

အစ္စတန်ဘူလ် ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရို တက်ရောက်ဖို့ ရှိနေပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှု ရလဒ် တစ်ခုခု ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း ထရမ့်က ပြောကြားထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook