Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယမြောက် F-16 တိုက်လေယာဉ် တစ်စီးကို ယူကရိန်းလေတပ် ဆုံးရှုံး

ယူကရိန်း လေတပ်က ဆုံးရှုံးခဲ့ရတဲ့ F-16 တိုက်လေယာဉ် ၃ စီးထိ ရှိလာကြောင်း စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

Getty Images

ယူကရိန်း လေတပ်က ဆုံးရှုံးခဲ့ရတဲ့ F-16 တိုက်လေယာဉ် ၃ စီးထိ ရှိလာကြောင်း စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့ မနက်အစောပိုင်းတုန်းက ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကို တွန်းလှန်ဖို့ ကြိုးစားရင်း F-16 တစ်စီး ပျက်ကျခဲ့ကြောင်း ယူကရိန်းက ဆိုပါတယ်။ ဒါဟာ အမေရိကန်လုပ် အပေါ့စား တိုက်လေယာဉ်တွေကို ယူကရိန်းက စစ်ဆင်ရေးအတွက် စတင်အသုံးပြုခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း တတိယမြောက် ပျက်ကျမှု ဖြစ်လာပါတယ်။

F-16 တိုက်လေယာဉ်တွေကို အမေရိကန်နဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ ပေးပို့ထားကြတာ ဖြစ်ပါတယ်။ အဲဒီ ဘက်စုံသုံး တိုက်လေယာဉ်တွေကို ယူကရိန်းက လေကြောင်းရန် ကာကွယ်ရေး အတွက်ရော၊ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်မှုမှာပါ အသုံးပြုနေတယ်လို့ ယုံကြည်ရတယ်။

တတိယမြောက် F-16 ပျက်ကျမှုမှာ လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက သူ့ကို အမြန်ရှာဖွေ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ ပြီးတော့ လေယာဉ်မှူးဟာ ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ ကော်မရှင်တစ်ခု ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောကြားထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ယူကရိန်းက မထုတ်ပြန်ခဲ့ပါဘူး။

ယူကရိန်းရဲ့ အရေအတွက် နည်းနည်းနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းထားတဲ့ F-16 လေယာဉ်အုပ်တွေဟာ ရုရှားရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး မကြာခဏ တိုက်ခိုက်မှုတွေကို ကာကွယ် ဟန့်တားရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းမျိုးကနေ ပါဝင်နေရတာ ဖြစ်ပါတယ်။

အခုလေယာဉ်ဟာ ပျက်မကျခင် လေထဲမှာ ရှိနေတဲ့ ရန်သူ့ ဒရုန်းနဲ့ ဒုံးကျည် ၃ ခုကို ပစ်ချခဲ့ပြီး စတုတ္ထ တစ်ခုကို စက်သေနတ်နဲ့ လိုက်ပစ်နေခဲ့တာလို့ ယူကရိန်း လေတပ်က ပြောပါတယ်။ ဒါဟာ လေယာဉ်မှူး အနေနဲ့ ဒုံးကျည်တွေ အကုန်လုံးကို အသုံးပြုပြီး ဖြစ်တာကြောင့် စက်သေနတ်ကို အသုံးပြုနေရတယ်လို့ ယုံကြည်ရပါတယ်။

F-16တွေဟာ မျက်မှောက်ခေတ် ကမ္ဘာပေါ်မှာ အသုံးအတွင်ကျယ်ဆုံး အင်ဂျင်တစ်လုံးတပ် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ ထုတ်လုပ်မှုသက်တမ်း နှစ် ၅၀ ကျော်ပြီဖြစ်တဲ့ F-16တွေကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင် မွမ်းမံမှုတွေ ပြုလုပ်ခဲ့တာကြောင့် မျက်မှောက်ခေတ် စစ်ပွဲတွေအထိ အသုံးတွင်ကျယ်နေဆဲပါ။ ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ F-16တွေကိုတော့ ဒိန်းမတ်၊ နယ်သာလန်၊ နော်ဝေး၊ ဘယ်လ်ဂျီယမ်တို့က ပေးပို့ထားကြပြီး Block 50/52 စံနှုန်းအဆင့်ထိ အဆင့်မြှင့်ပေးထားတယ်လို့ ယုံကြည်ရပါတယ်။

ယူကရိန်းဟာ ဆိုဗီယက်လုပ် SU-27နဲ့ MiG-29တို့လို သက်တမ်း အိုဟောင်းနေတဲ့ တိုက်လေယာဉ်တွေကို မှီခိုနေခဲ့ရပြီး F-16တွေကတော့ တိုက်ပွဲဝင်စွမ်းရည်၊ နည်းပညာ၊ ရေဒါ၊ လက်နက်စနစ်၊ စစ်ကစားနိုင်စွမ်း အားလုံးမှာ အဖက်ဖက်က သာလွန်ကြောင်း သိရပါတယ်။

ကိုးကား: News Week

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ဟာ နှစ်ဖက် ကျဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေ လဲလှယ်မှုကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အနေနဲ့ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း ဗလာဒီမာ ပူတင်က အီရန် သမ္မတကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒရုန်းတွေ၊ ဒုံးကျည်တွေ အများအပြား အသုံးပြုထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှားက ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်နဲ့ တခြားဒေသတွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရုရှားဖက်က လက်စားချေလာလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။