Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ မြောက်ပိုင်းမှာ ဆေးရုံအားလုံး လည်ပတ်မှု ရပ်တန့်

ဂါဇာ ကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ ရှိသမျှ ဆေးရုံအားလုံး လုပ်ငန်း လည်ပတ်မှုတွေ ရပ်သွားပြီလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသ မြောက်ပိုင်းမှာ ရှိသမျှ ဆေးရုံအားလုံး လုပ်ငန်း လည်ပတ်မှုတွေ ရပ်သွားပြီလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျားတွေရဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးက ဂါဇာ မြောက်ပိုင်းမှာ အစ္စရေးက စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေခြင်းက ဒေသရဲ့ ကျန်းမာရေး ဝန်ဆောင်မှု စနစ်ကို လုံးဝ ရပ်တန့်သွားစေခဲ့တယ်လို့ ပြောပါတယ်။

မေလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေး စစ်တပ်က အင်ဒိုနီးရှား ဆောက်လုပ်ပေးထားတဲ့ ဘိထ်လာဟီရာ ဆေးရုံကို စီးနင်းခဲ့ပြီး ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေနဲ့ ဆေးဝါးပစ္စည်းတွေကို ဆေးရုံထဲ လုံးဝ အဝင်မခံတော့ဘူးလို့ ဖော်ပြထားခဲ့ပါတယ်။

ဘိထ်လာဟီရာဟာ ဂါဇာမြောက်ပိုင်းမှာ ကျန်နေတဲ့ တစ်ခုတည်းသော လည်ပတ်နေဆဲ ဆေးရုံလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး စစ်တပ်ဟာ ဂါဇာမှာ စစ်ရေး လှုပ်ရှားမှုတွေကို အရှိန်တင်မယ့် Operation Gideon’s Chariot စစ်ဆင်ရေးကို စတင်တော့မယ်လို့ မေလ ၁၇ ရက်နေ့မှာ ကြေညာထားပါတယ်။

တစ်ဖက်မှာတော့ ဟားမားစ်တွေက သူတို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေထဲက ၉ ဦးကို လွှတ်ပေးမယ်လို့ ကမ်းလှမ်းထားပြီး အပြန်အလှန် အနေနဲ့ ရက်ပေါင်း ၆၀ အပစ်အခတ် ရပ်စဲဖို့နဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ဂါဇာ မြောက်ပိုင်းမှာတော့ ဘိထ်ဟာနောင်၊ ကာမယ်လ် အက်ဒ်ဝမ် ဆေးရုံတွေက ပျက်စီးသွားပြီ ဖြစ်သလို ဘိထ်လာဟီရာ ဆေးရုံလည်း လည်ပတ်မှု ရပ်တန့်နေတာကြောင့် ဒေသတစ်ခုလုံးက ဆေးရုံတွေအားလုံး လုပ်ငန်း ရပ်ဆိုင်းနေခြင်း ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

Facebook