Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာ၊ ဂါဇာနဲ့ ယူကရိန်း စစ်ဒဏ်ခံ ပြည်သူတွေကို မေ့လျော့မထားဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း

ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် ဦးဆောင်ခဲ့တဲ့ ဝတ်ပြုဆုတောင်းမှု အစီအစဉ်မှာ ပုပ်လီယိုက မြန်မာ၊ ဂါဇာကမ်းမြှောင်ဒေသနဲ့ ယူကရိန်းက စစ်ဘေးသင့် ပြည်သူတွေကို မေ့လျော့မထားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

AP

ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် ဦးဆောင်ခဲ့တဲ့ ဝတ်ပြုဆုတောင်းမှု အစီအစဉ်မှာ ပုပ်လီယိုက မြန်မာ၊ ဂါဇာကမ်းမြှောင်ဒေသနဲ့ ယူကရိန်းက စစ်ဘေးသင့် ပြည်သူတွေကို မေ့လျော့မထားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဗာတီကန်မှာ မေလ ၁၈ ရက်နေ့က ဝတ်ပြုသူတွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ဆုတောင်းရာမှာ ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်အပေါ် ယုံကြည်သက်ဝင်မှုရဲ့ ကောင်းကျိုး ချမ်းသာတွေကို ခံစားနေရသူတွေ အနေနဲ့ တစ်ဖက်မှာလည်း စစ်ပွဲတွေကြောင့် နစ်နာထိခိုက်နေရတဲ့ ညီအစ်ကို မောင်နှမတွေကို မေ့မထားဖို့လိုကြောင်း မိန့်ကြားသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံဖွား အသက် ၆၉ နှစ်အရွယ် ခရစ်ယာန် ရဟန်းတော်ဟာ မေလ ၈ ရက်နေ့မှာ ရိုမန် ကက်သလစ် ခရစ်ယာန် သာသနာရေးရဲ့ အထွဋ်အခေါင် သာသနာပိုင်ချုပ် နေရာအတွက် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်မှုကို ဖော်ပြခဲ့ရာမှာတော့ ပုပ်လီယိုက အာဏာသိမ်း စစ်တပ်ဟာ လူသားချင်း စာနာမှုအတွက် အကြောင်းပြပြီး အပစ်အခတ် ရပ်စဲရေး ကြေညာထားပေမယ့် အကြိမ်ကြိမ် ချိုးဖောက်နေတယ် ဆိုတာကို သူကြားသိမိကြောင်း၊ အဲဒီ ရန်လို ကြမ်းတမ်းမှုတွေက အပြစ်မဲ့တဲ့ အသက်တွေကို ဆုံးရှုံးစေကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ အရပ်သား ပြည်သူတွေ သေဆုံးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်လီယိုဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ပြည်သူတွေနဲ့ ယူကရိန်းနိုင်ငံက စစ်ဒဏ်ခံ ပြည်သူတွေ ကြုံနေရတဲ့ ဆင်းရဲဒုက္ခနဲ့ နာကျင်မှုတွေကိုလည်း အလေးထား ထောက်ပြသွားခဲ့ပါတယ်။

ဗာတီကန်ရဲ့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပခဲ့တဲ့ ဝတ်ပြုမှု အစီအစဉ်ကို ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင် ၂ သိန်းလောက် စုဝေး တက်ရောက်ခဲ့ပါတယ်။ ပုပ်လီယိုက ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီးဟောင်း ပုပ်ဖရန်ဆစ်ရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ပုပ်ဖရန်ဆစ်ရဲ့ လွှမ်းမိုးမှု အရိပ်အငွေ့တွေကို အားကောင်းကောင်းနဲ့ ထိတွေ့ ခံစားမိနေဆဲ ဖြစ်ကြောင်း၊ ပုပ်ဖရန်ဆစ်ဟာ ကောင်းကင်ဘုံကို လှမ်းတက်ဖို့ ကူညီ ဆောင်ကြဉ်း လမ်းပြပေးခဲ့ကြောင်း ပုပ်လီယိုက မိန့်ကြားသွားခဲ့ပါတယ်။

ကိုးကား: Asia News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ