Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ ကျောင်းသား လက်ခံခွင့်ကို ပိတ်ပင်တဲ့ အမေရိကန် အစိုးရကို ဟားဗက် တက္ကသိုလ် တရားစွဲ

နိုင်ငံတကာ ကျောင်းသူ ကျောင်းသားတွေ လက်ခံခွင့်ကို တားမြစ် ပိတ်ပင်တဲ့ အမေရိကန် အစိုးရကို ဟားဗက် တက္ကသိုလ်က တရားစွဲဆိုပြီး တုံ့ပြန်လိုက်ပါတယ်။

The Harvard Gazette

နိုင်ငံတကာ ကျောင်းသူ ကျောင်းသားတွေ လက်ခံခွင့်ကို တားမြစ် ပိတ်ပင်တဲ့ အမေရိကန် အစိုးရကို ဟားဗက် တက္ကသိုလ်က တရားစွဲဆိုပြီး တုံ့ပြန်လိုက်ပါတယ်။

မေလ ၂၂ ရက်နေ့မှာ အမေရိကန် အစိုးရရဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ဟားဗက် တက္ကသိုလ်ရဲ့ နိုင်ငံရပ်ခြား ကျောင်းသားတွေ လက်ခံခွင့်ကို တားဆီး ပိတ်ပင်ကြောင်း တက္ကသိုလ်ဆီ ဆက်သွယ် အသိပေးခဲ့ပါတယ်။ မေလ ၂၄ ရက်နေ့မှာတော့ ဟားဗက် တက္ကသိုလ်က အဲဒီ တားမြစ်မိန့်ကို ဆန့်ကျင်ဖို့အတွက် အမေရိကန် အစိုးရကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရနဲ့ အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး၊ အချမ်းသာဆုံး တက္ကသိုလ်တို့ကြား တင်းမာမှုတွေ နောက်တစ်ဆင့် မြင့်တက်လာတဲ့ သဘောပါပဲ။

ဘော်စတွန် ဖက်ဒရယ် တရားရုံးမှာ အမှုဖွင့် တိုင်ကြားခဲ့ရာမှာ ဟားဗက်ရဲ့ နိုင်ငံတကာ တက္ကသိုလ် ကျောင်းသားတွေ လက်ခံခွင့်ကို ပိတ်ပင်တယ် ဆိုတာဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေရော၊ တခြားသော ဖက်ဒရယ် ဥပဒေတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု မြောက်တယ်လို့ တက္ကသိုလ်ဖက်က စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အစိုးရရဲ့ ပိတ်ပင်တားမြစ်မိန့်ဟာ တက္ကသိုလ်ကိုရော၊ ပညာရေး ဗီဇာနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၇၀၀၀ လောက်ကိုပါ ချက်ချင်းလက်ငင်း ထိခိုက်သက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ တက္ကသိုလ်ဖက်က ပြောပါတယ်။

အစိုးရရဲ့ လုပ်ရပ်ဟာ ဟားဗက် တက္ကသိုလ် ကျောင်းသားထုရဲ့ လေးပုံတစ်ပုံကို အကြောင်းမဲ့ ဖယ်ထုတ်တဲ့ အဓိပ္ပါယ်ဖြစ်ပြီး တက္ကသိုလ်နဲ့ တက္ကသိုလ်ရဲ့ ရည်မှန်းချက် မစ်ရှင်တွေကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်လို့ ဟားဗက်က အရေးဆိုထားခဲ့ပါတယ်။

အမေရိကန် တက္ကသိုလ်ကြီးတွေ အနေနဲ့ တက္ကသိုလ် ပရဝုဏ်တွေထဲမှာ ဂျူးဆန့်ကျင်ရေးဝါဒ အားကောင်းလာနေတာတွေကို တားဆီးပေးဖို့ ထရမ့်ရဲ့ အစိုးရက တောင်းဆိုခဲ့ပြီး ဟားဗက် တက္ကသိုလ်ကတော့ အဲဒီကိစ္စဟာ အစိုးရဖက်က လုပ်ပိုင်ခွင့် ဘောင်ကျော် စွက်ဖက်မှုလို့ ယူဆပါတယ်။ ဒါကြောင့်လည်း အစိုးရရဲ့ တောင်းဆိုမှုတွေကို ဟားဗက်က ဖီဆန်ခဲ့သလို တက္ကသိုလ်တွေနဲ့ အစိုးရကြား အမြင်ကွဲလွဲမှုတွေမှာ တက္ကသိုလ်တွေဖက်က ဦးဆောင်တဲ့ အင်အားစု သဘောမျိုး ရပ်တည်ခဲ့ပါတယ်။

ပြည်ပကျောင်းသားတွေ လက်ခံခွင့် မရတော့ဘူးဆိုရင် ဟားဗက်ရဲ့ ဝင်ငွေကို အကြီးအကျယ် ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးက အတော်ဆုံး ကျောင်းသူကျောင်းသားတွေကို လေ့ကျင့် သင်ကြားပေးနေတယ်ဆိုတဲ့ တက္ကသိုလ်ရဲ့ ဂုဏ်ပုဒ်ကိုပါ မှေးမှိန်သွားစေမှာပါ။ အမေရိကန်ဟာ အစိုးရဟာ တက္ကသိုလ်အတွက် သုတေသနဆိုင်ရာ ဖက်ဒရယ် အစိုးရ ထောက်ပံ့ငွေ ဒေါ်လာ ၂.၆ ဘီလီယံကိုလည်း ဖြတ်တောက် လျှော့ချထားပြီးပါပြီ။ ဒါ့အပြင် တက္ကသိုလ်ရဲ့ အခွန်ကင်းလွတ်ခွင့် ရထားမှု အခွင့်ထူးကိုလည်း ပယ်ဖျက်ပစ်ဖို့ စဉ်းစားနေကြောင်း ထရမ့်က ပြောကြားထားပါတယ်။

ဟားဗက် တက္ကသိုလ်ဟာ လွန်ခဲ့တဲ့ တစ်လလောက်ကလည်း ထရမ့်အစိုးရရဲ့ သုတေသန ရန်ပုံငွေ ဖြတ်တောက်လျှော့ချမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အစိုးရကို သီးခြား တရားစွဲဆိုမှုတစ်ခု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ကိုးကား: CGTN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို အဆုံးသတ်စေမယ့် ရေတို ကုစားရေး ဘတ်ဂျတ် အစီအမံ တစ်ရပ်ကို လွှတ်တော် နှစ်ရပ်လုံးက မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ကြုံနေတဲ့ အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို ဖြေရှင်းနိုင်ဖို့ ရေတို ကုစားရေး အဆိုတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှု ရပ်တန့်ပြီး shutdown ဖြစ်နေတာကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အထက်လွှတ်တော်ထဲမှာ ကနဦး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှုတွေ ရပ်ဆိုင်းထားရတဲ့ shutdown ဖြစ်စဉ်ဟာ သမိုင်းတလျှောက် အရှည်ကြာဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။