Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် အငြင်းအခုံနဲ့ ပတ်သက်ရင် အချုပ်အခြာ တည်တံ့ရေးကို ဦးစားပေးမယ်လို့ ထိုင်းအစိုးရပြော

နယ်စပ်ရေးရာ အငြင်းအခုံတွေ ဖြစ်လာတဲ့အခါ အချုပ်အခြာ အာဏာ ခိုင်မာ တည်တံ့ရေးဆိုတဲ့ ရှုထောင့်က ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။

နယ်စပ်ရေးရာ အငြင်းအခုံတွေ ဖြစ်လာတဲ့အခါ အချုပ်အခြာ အာဏာ ခိုင်မာ တည်တံ့ရေးဆိုတဲ့ ရှုထောင့်က ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံနဲ့ နယ်စပ် ပဋိပက္ခတချို့ ကြုံတွေ့နေတဲ့ အခြေအနေမှာ ထိုင်းအစိုးရက အခုလို သဘောထားကို ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ဒီပြဿနာကို နှစ်ဖက်ကြား ဆွေးနွေးမှုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ပိုပြီး လိုလားကြောင်းလည်း ဇွန်လ ၃ ရက်နေ့မှာ ထိုင်းအစိုးရက ဆိုပါတယ်။

Facebookပေါ်မှာ ထုတ်ပြန်ခဲ့ရာမှာတော့ ထိုင်းအစိုးရရဲ့ ဦးစားပေး ရည်ရွယ်ချက်ဟာ အချုပ်အခြာ အာဏာကို ကာကွယ် ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ၊ နိုင်ငံတကာ ဥပဒေတွေ၊ လူသားချင်းစာနာမှု ရှုထောင့်က ချဉ်းကပ်တာတွေနဲ့ အဖြေရှာဖို့လည်း လိုလားကြောင်း ထိုင်းက ဆိုပါတယ်။

မေလ ၂၈ ရက်နေ့တုန်းက ထိုင်းနိုင်ငံရဲ့ အူဘွန် ရတ်ချာဌာနီ ပြည်နယ်နဲ့ ထိစပ်နေရာ နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်ကြား အသေးစား ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းတပ်ဖွဲ့ဝင်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ရော၊ နိုင်ငံရဲ့ အချုပ်အခြာကိုပါ ကာကွယ်သွားမှာ ဖြစ်ကြောင်း၊ ပြီးတော့ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်တဲ့ စည်းမျဉ်းတွေနဲ့အညီ ကိုင်တွယ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

နောက်ပြီး တင်းမာမှုတွေကို ဖြေလျှော့ဖို့ နှစ်နိုင်ငံကြားမှာ ဝန်ကြီးချုပ် အချင်းချင်း ချိတ်ဆက်မှု အပါအဝင် စေ့စပ်ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့လည်း ထိုင်းအစိုးရက ကြေညာသွားပါတယ်။

တစ်ဖက်မှာတော့ ကမ္ဘောဒီးယား အစိုးရက ဒီပြဿနာနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)လိုမျိုး ကြားခံ တရားရေး အဖွဲ့အစည်း တစ်ခုရဲ့ အဆုံးအဖြတ်ကို ခံယူလိုတယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။ ထိုင်းအစိုးရကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနဲ့ အပြန်အလှန် ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ နယ်စပ်က အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိနေသလို နှစ်နိုင်ငံကြား ပူးပေါင်း အဖြေရှာမှု တစ်ခုကို အထမြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နွန်ထာဘူရီမှာ ​လေးရက်အတွင်း ဒုတိယအကြိမ်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။