Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ အပစ်ရပ်ရေး ကိစ္စ လုံခြုံရေးကောင်စီမှာ အဆိုတင်မှု အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး တောင်းဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဆိုတင်သွင်းရာမှာ အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချသွားခဲ့ပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး တောင်းဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဆိုတင်သွင်းရာမှာ အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချသွားခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့တုန်းက လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးနဲ့ လူသားချင်း စာနာမှု အထောက်အပံ့တွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေး တောင်းဆိုဖို့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ဟာ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲမှာ ပါဝင်ပြီး ဗီတိုအာဏာ အသုံးပြုခွင့် ရှိပါတယ်။

ဂါဇာအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ နိုဝင်ဘာလတုန်းက နောက်ဆုံးတစ်ကြိမ် အလားတူ အဆိုတင်ခဲ့တဲ့ အားထုတ်မှုမှာလည်း အစ္စရေးရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့ဖူးပါတယ်။

အမြဲတမ်း အဖွဲ့ဝင်တွေ မဟုတ်တဲ့ လုံခြုံရေး ကောင်စီဝင် ၁၀ နိုင်ငံဟာ သူတို့စုပေါင်းတင်သွင်းတဲ့ အဆိုအတွက် အမေရိကန် ကိုယ်စားလှယ်တွေကို ညှိနှိုင်းဖို့ အပူတပြင်း ကြိုးစားခဲ့ပေမယ့်လည်း မဲခွဲချိန်မှာတော့ အလဟဿ ဖြစ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါ်ရသီ ရှီးရားကတော့ အခုတင်သွင်းတဲ့ အဆိုဟာ မြေပြင် အခြေအနေမှန်တွေ၊ ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ အတင့်ရဲမှုတွေကို အခြေခံပြီး ကိုင်တွယ် ညှိနှိုင်းနေတဲ့ သံတမန်ရေး အားထုတ်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး အဲဒီအဆိုထဲမှာ အစ္စရေးနဲ့ ဟားမားစ်ကို တစ်တန်းတည်း သဘောမျိုး မှားယွင်းစွာ သတ်မှတ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂမှာ အမေရိကန်က ဗီတိုအာဏာသုံးတာကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ရှိ ဒုတိယ သမ္မတသက်တမ်း ကာလအတောအတွင်း ပထမဆုံး ဖြစ်လာပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲဖို့ အစ္စရေးရော၊ ဟားမားစ်ကိုပါ နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်တက်လာနေပေမယ့် တိုက်ခိုက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ စစ်ပွဲကြောင့် အရပ်သား သေဆုံးမှုတွေ ဆက်တိုက် တိုးလာနေတဲ့ အခြေအနေအပေါ် လုံခြုံရေး ကောင်စီက ထိရောက်စွာ အာရုံစိုက် ကိုင်တွယ်ပေးစေလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ် ရီယတ်ဒ် မန်ဆာက တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာတော့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဒန်နီဒါနွန်က လုံခြုံရေး ကောင်စီမှာ တင်သွင်းခဲ့တဲ့ အဆိုဟာ အနှစ်သာရ ကင်းမဲ့ပြီး နိုင်ငံရေးအရ အစ္စရေးကို ထိုးနှက်ဖို့ သက်သက်သာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။