Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းက နယ်စပ်ဂိတ်တွေ ပြန်မဖွင့်ရင် ကမ္ဘာဒီးယားကလည်း နယ်စပ်ကို ပိတ်ပစ်မယ်လို့ ဟွန်ဆန်း ခြိမ်းခြောက်

ထိုင်းဖက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်း နယ်စပ်ဂိတ်တွေကို ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ခြိမ်းခြောက်လိုက်ပါတယ်။

Fresh News

ထိုင်းဖက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်း နယ်စပ်ဂိတ်တွေကို ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ခြိမ်းခြောက်လိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ရဲ့ ဖခင်ဖြစ်ပြီး လောလောဆယ် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဟွန်ဆန်းက ထိုင်းအနေနဲ့ ၂၄ နာရီအတွင်း နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ ဇွန်လ ၁၆ ရက်နေ့မှာ သတိပေး တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ ထိုင်းဖက်က နယ်စပ်ဂိတ်တွေကို အပြည့်အဝ ပြန်မဖွင့်ဘူးဆိုရင် ကမ္ဘောဒီးယားကလည်း ထိုင်းကနေ တင်သွင်းတဲ့ ကုန်စည် မှန်သမျှကို ဝင်ရောက်ခွင့် ပြုတော့မှာ မဟုတ်ကြောင်း ဟွန်ဆန်းက ဆိုပါတယ်။

ဇွန်လ ၁၆ ရက်နေ့က အထက်လွှတ်တော် အစည်းအဝေး တစ်ခုမှာ အဲဒီ သဘောထား ကြေညာချက်ကို ဟွန်ဆန်းက အတည်ပြု ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သူက ကမ္ဘောဒီးယားဟာ နယ်စပ်ဂိတ်တွေ အားလုံးကို ချက်ချင်းပိတ်ပစ်ဖို့ထိ စဉ်းစားခဲ့ပေမယ့်လည်း သူနဲ့ ဟွန်မာနတ်တို့က ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ဖုန်းပြောခဲ့တဲ့နောက် အစီအစဉ်ကို ဆိုင်းငံ့ပေးထားတာလို့လည်း ဟွန်ဆန်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မနက်ဖြန်ထိ ထိုင်းဖက်က နယ်စပ်တွေ ပိတ်ထားတာကို ပြန်မဖွင့်ဘူး ဆိုရင်တော့ ထိုင်းရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ထုတ်ကုန်တွေ ကမ္ဘောဒီးယားဖက် တင်သွင်းတာကို ကမ္ဘောဒီးယား နယ်စပ်ဂိတ်တွေကလည်း ပိတ်ပင်သွားတော့မယ်လို့ ဟွန်ဆန်းက ခြိမ်းခြောက်သွားပါတယ်။

နောက်ပြီး ထိုင်းဖက်က တစ်ဖက်သတ် စပိတ်တာ ဖြစ်တဲ့အတွက် ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ဆိုတာကို ထိုင်းဖက်က အရာရှိတွေနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးတာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့လည်း ဟွန်ဆန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းကလည်း ကမ္ဘောဒီးယား အစိုးရဟာ ထိုင်းဆီကနေ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် bandwidthတွေ ဝယ်ယူတာကို ရပ်တန့်မယ်လို့ ကြေညာခဲ့ပါတယ်။

မေလကုန်ပိုင်းက အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်မှာ အသေးစား လက်နက်ကိုင် ပဋိပက္ခ တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ဆက်ဆံရေး တင်းမာနေပါတယ်။ နှစ်ဖက် စစ်တပ်တွေဟာ နယ်စပ်နားမှာ အင်အားဖြည့်တင်း၊ စစ်ပြင်ကြတဲ့ အဆင့်ထိ ရောက်ခဲ့ပြီးမှ အကျေအလည် ညှိနှိုင်းပြီး တပ်တွေ ပြန်လည် ရုပ်သိမ်းခဲ့ကြကြောင်းလည်း သိရပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။