Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကနေ တရုတ်နိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာကြဖို့ သံရုံးတိုက်တွန်း

အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေအားလုံး အမြန်ဆုံး ရွှေ့ပြောင်း ထွက်ခွာကြဖို့ တရုတ်သံရုံးက တိုက်တွန်း ကြေညာခဲ့ပါတယ်။

Reuters

အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေအားလုံး အမြန်ဆုံး ရွှေ့ပြောင်း ထွက်ခွာကြဖို့ တရုတ်သံရုံးက တိုက်တွန်း ကြေညာခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာ အစ္စရေး နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပြီး အီရန်နဲ့ အစ္စရေးကြား အပြင်းအထန် တိုက်ခိုက်နေမှုတွေကြောင့် နိုင်ငံသားတွေ ထွက်ခွာကြဖို့ နှိုးဆော်ထားတာပါ။

လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ လုံခြုံရေးအတွက် အစ္စရေးမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အနေနဲ့ ကုန်းလမ်းကနေတဆင့် အစ္စရေး နယ်ခြားကို ဖြတ်ကျော်ပြီး ထွက်ခွာကြဖို့ တိုက်တွန်းလိုကြောင်း တရုတ်သံရုံးက WeChatကနေ ကြေညာခဲ့ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် ဂျော်ဒန်နိုင်ငံဖက်ကို ထွက်ခွာကြဖို့လည်း ထောက်ခံ အကြံပြုလိုကြောင်း သံရုံးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆယ်စုနှစ်တွေနဲ့ချီ တင်းမာမှုတွေ ရှိခဲ့တဲ့ အစ္စရေးနဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချိန်မှာ အစပြု ပေါက်ကွဲလာပါတော့တယ်။

တရုတ်သံရုံးက အဲဒီပဋိပက္ခဟာ ဆက်လက် အရှိန်မြင့်တက်လာနိုင်တယ်လို့ ယုံကြည်ရကြောင်းလည်း မှတ်ချက် ပေးထားခဲ့ပါတယ်။

စစ်ရေး ပဋိပက္ခကြောင့် အရပ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာ၊ အရပ်သားတွေ သေဆုံးတာတွေဟာ ဆက်တိုက် မြင့်တက်လာနေပြီး လုံခြုံရေး အခြေအနေကလည်း ပိုပြီး စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Facebook