Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား ကျဆုံးစစ်သည် ရုပ်အလောင်းတွေ လဲလှယ်မှု အစီအစဉ် ပြီးပြတ်

ရုရှားနဲ့ ယူကရိန်းတို့ဟာ နှစ်ဖက် ကျဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေ လဲလှယ်မှုကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

Security Service Of Ukraine

ရုရှားနဲ့ ယူကရိန်းတို့ဟာ နှစ်ဖက် ကျဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေ လဲလှယ်မှုကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာတော့ နှစ်ဖက် စစ်သည်တွေရဲ့ အလောင်းတွေ လဲလှယ်တဲ့ နောက်ဆုံးအဆင့်ကို အကောင်အထည် ဖော်ခဲ့ကြောင်း ရုရှားရော၊ ယူကရိန်းကပါ အသီးသီး အတည်ပြုခဲ့ပါတယ်။

အဲဒီနေ့မှာ ယူကရိန်းဟာ ရုရှားဆီကနေ ရုပ်အလောင်း ၁၂၄၅ ခုကို လက်ခံ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စုစုပေါင်း ကျဆုံးစစ်သည် အလောင်းပေါင်း ၆၀၅၇ လောင်းကို လွှဲယူနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။ ရုရှားကတော့ ယူကရိန်းဆီ လွှဲပေးခဲ့တဲ့ အလောင်းအရေအတွက်ကို ၆၀၆၀ လို့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာပဲ ယူကရိန်းက ရုရှားစစ်သား ၅၁ ယောက်ရဲ့ အလောင်းတွေကို ပြန်ပို့ပေးခဲ့ပြီး စုစုပေါင်းအဖြစ် ရုရှားဆီကို အလောင်း ၇၈ ခုထိ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိစ္စတွေ အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့တိုင် ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟော် ကလီမန်ကိုကတော့ ရုရှားဟာ အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားတဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှုပ်ထွေးအောင် တမင် ကြံဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

ရုရှားဆီကနေ ပြန်ရောက်လာတဲ့ အလောင်းတွေထဲမှာ ရောထွေးနေတာတွေလည်း ပါဝင်ပြီး ဥပမာ အလောင်းတစ်ခုရဲ့ အစိတ်အပိုင်းတွေဟာ အိတ်နှစ်ခုလောက်ထဲ ရောက်နေတာမျိုး ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ဇွန်လ ၁၆ ရက်နေ့ လဲလှယ်မှုဟာ နှစ်ဖက် ရုပ်အလောင်းတွေ အသုတ်လိုက် လွှဲပြောင်းမှုမှာ အရေအတွက် အများဆုံးဖြစ်ပြီး တရားဝင် မထုတ်ပြန်တဲ့ နေရာတစ်ခုမှာ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်ကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ကြားဝင်ထိန်းညှိ စောင့်ကြည့်ပေးခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ရုရှားနဲ့ ယူကရိန်းကြား အပစ်အခတ် ရပ်စဲရေးအတွက် အထူးတလည် ဖိအားပေး တောင်းဆိုနေပေမယ့် စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားမှာ သုံ့ပန်းတွေနဲ့ ကျဆုံးစစ်သည် အလောင်းတွေ အပြန်အလှန် လဲလှယ်တဲ့ အဆင့်ထက် ပိုတဲ့ သဘောတူညီမှုမျိုး မရနိုင်သေးဘဲ ဖြစ်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook