Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဒုံးကျည်က အစ္စရေး ဆေးရုံတစ်ခုကို ထိမှန်၊ ဒဏ်ရာရသူတွေရှိ

အစ္စရေးက ဆေးရုံတစ်ခုကို အီရန်ဒုံးကျည် ထိမှန်ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

AP

အစ္စရေးက ဆေးရုံတစ်ခုကို အီရန်ဒုံးကျည် ထိမှန်ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အစ္စရေး နိုင်ငံ တောင်ပိုင်း၊ ဘီရာရှိဘာမြို့က အဓိက ဆေးရုံကြီး တစ်ခုဖြစ်တဲ့ ဆိုရိုကာ ဆေးဝါးစင်တာကို ဇွန်လ ၁၉ ရက်နေ့မှာ အီရန် ဒုံးကျည် တစ်စင်းက တည့်တည့်မတ်မတ် ထိမှန်ခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရသူတွေတော့ မပါဝင်ခဲ့ဘူးလို့ အစ္စရေး ကယ်ဆယ်ရေးတွေက ပြောပါတယ်။

အဓိက ပျက်စီးမှုတွေ ဖြစ်ခဲ့တာက ခွဲစိတ်ဆောင် အဟောင်းဖြစ်ပြီး လူနာအများစုကို ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်တယ်လို့ ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေက ဆိုပါတယ်။

နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ တစ်ပတ်ပြည့်တဲ့ ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေခဲ့ပြီး အီရန်ကလည်း ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ ဒုံးကျည်တွေဟာ တဲလ်အဗစ်ဗ် မြို့နားက အထပ်မြင့် အဆောက်အအုံ တစ်ခုနဲ့ တခြား လူနေ ဧရိယာ တချို့ကိုလည်း ထိမှန်ခဲ့ပြီး စုစုပေါင်း လူ ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံဟာ အစ္စရေးတောင်ပိုင်းက ဒေသခံ ၁ သန်းလောက်ကို ကျန်းမာရေး အထောက်အပံ့ ပေးနေတဲ့ အဓိက ကုသရေးစင်တာကြီး တစ်ခုလည်း ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆေးရုံ တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို အပြင်းအထန် ရှုတ်ချပြီး ကြမ်းကြုတ်ရက်စက်တဲ့ အီရန်နိုင်ငံဟာ ဒီလုပ်ရပ်အတွက် အပြည့်အဝ ပေးဆပ်ရမယ်လို့ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အီရန်ရဲ့ အာရက်ခ် ရေစေး ဓာတ်ပေါင်းဖိုကို အဓိက ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ကလည်း အရေအတွက် ရာနဲ့ချီတဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေကို အစ္စရေးမြို့တွေဆီ အုံလိုက်ကျင်းလိုက် တုံ့ပြန် ပစ်ခတ်ခဲ့ပေမယ့် အများစုကိုတော့ အစ္စရေးရဲ့ အလွှာအထပ်ထပ် ကာထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ဟန့်တား ပစ်ချနိုင်ခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။