Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကနေ အမေရိကန် ဘာအောင်မြင်မှုမှ မရခဲ့ဘူးလို့ အီရန်အစိုးရ အကြီးအကဲပြော

အီရန်ကို ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကနေ အမေရိကန်ဟာ ဘယ်လို အောင်မြင်မှုမျိုး၊ ရလဒ်ကောင်းမျိုးကိုမှ ပိုင်ဆိုင်မသွားခဲ့ဘူးလို့ အီရန် အစိုးရ အကြီးအကဲက ပြောပါတယ်။

Reuters

အီရန်ကို ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကနေ အမေရိကန်ဟာ ဘယ်လို အောင်မြင်မှုမျိုး၊ ရလဒ်ကောင်းမျိုးကိုမှ ပိုင်ဆိုင်မသွားခဲ့ဘူးလို့ အီရန် အစိုးရ အကြီးအကဲက ပြောပါတယ်။

အဓိပတိကြီး အယာတိုလာ အလီ ခါမေနီဟာ အီရန်ရဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိလာပြီး နောက်တစ်ရက်မှာ လူမြင်ကွင်းရှေ့ ပြန်ရောက်လာပြီး နိုင်ငံကို လိပ်မူတဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သူဟာ အီရန်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ကတည်းက အီရန်ရဲ့ ထိပ်ဆုံးအဆင့် အရာရှိတွေကိုပါ အဆက်အသွယ် ဖြတ်တောက်ပြီး လျှို့ဝှက်နေရာ တစ်ခုမှာ ပုန်းခိုနေခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၆ ရက်နေ့ မိန့်ခွန်းမှာတော့ ခါမေနီက ဇွန်လ ၂၂ ရက်နေ့တုန်းက အီရန်ရဲ့ နျူကလီးယား စခန်း ၃ ခုကို အမေရိကန် ဝင်ရောက်ဗုံးကြဲသွားတဲ့ စစ်ဆင်ရေးကို အကျိုးရလဒ် မဖြစ်ထွန်းခဲ့တဲ့ မစ်ရှင်တစ်ခုလို့ လှောင်ပြောင်သွားပါတယ်။ တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဲဒီ တိုက်ခိုက်မှုဟာ ပစ်မှတ်နေရာတွေကို အကြီးအကျယ် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး အီရန် နျူကလီးယား နည်းပညာ မြှင့်တင်မှုတွေကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့တယ်လို့ ပြောကြားထားကြပါတယ်။

ခါမေနီကတော့ အမေရိကန်ရဲ့ ဗုံးကြဲမှု အောင်မြင်တဲ့ အတိုင်းအတာနဲ့ ပတ်သက်ပြီး ထရမ့်က အလွန်အကျွံ ချဲ့ကားထားတာသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး အမေရိကန်ဟာ ရည်မှန်းချက်တွေ အထမမြောက်ခဲ့ရုံ မကဘဲ ဘာမှလည်း လက်ဆုပ်လက်ကိုင် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ဗုံးကြဲမှုအပြီး ကာတာမှာရှိတဲ့ အမေရိကန် လေတပ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း နောင်တစ်ချိန်မှာလည်း ဒါမျိုးတွေ ထပ်ဖြစ်နိုင်ကြောင်း၊ အီရန်ကို တိုက်ခိုက်တယ်ဆိုရင် ရန်သူတွေနဲ့ ရန်လိုကျူးကျော်သူတွေအတွက် ပေးဆပ်မှု တန်ဖိုးဟာ အရမ်းမြင့်လိမ့်မယ်ဆိုတာ သံသယ မရှိသင့်ကြောင်း ခါမေနီက မှတ်ချက်ပေးသွားပါတယ်။

ဒါပေမဲ့ အီရန်ဟာ အဲဒီတိုက်ခိုက်မှု မတိုင်ခင် ကာတာအစိုးရဆီ ကြိုတင် အကြောင်းကြားထားခဲ့ပြီး အမေရိကန် တပ်တွေကလည်း ကြိုတင် ရွှေ့ပြောင်းထားခဲ့တာကြောင့် ဒဏ်ရာရသူ မရှိခဲ့သလို စခန်းမှာလည်း ပျက်စီးမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပါတယ်။

ခါမေနီက အီရန်အနေနဲ့ နိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ဆက်လက် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့လည်း အတည်ပြုခဲ့ပြီး အမေရိကန်နဲ့ နျူကလီးယား မူဝါဒရေးရာ ဆွေးနွေးမှုတွေ လတ်တလောတော့ ဖြစ်နိုင်ခြေ မရှိသးဘူးလို့လည်း ဆိုပါတယ်။

၁၂ ရက် ကြာမြင့်ခဲ့တဲ့ အစ္စရေး-အီရန် စစ်ရေး ပဋိပက္ခအတွင်း အီရန်မှာ လူပေါင်း ၆၁၀ သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပြီး အစ္စရေး အာဏာပိုင်တွေကတော့ စုစုပေါင်း အသေအပျောက် ၂၄ ဦးထိ များပြားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook