Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်စဲရေးအတွက် ရုရှားနဲ့ ယူကရိန်းကြားက အဆိုပြုချက်တွေ ဆန့်ကျင်ဖက် ဖြစ်နေတယ်လို့ ပူတင်ပြော

စစ်ပွဲ ရပ်စဲနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ကြားက အဆိုပြုချက်တွေဟာ လုံးဝဥဿုံ ဆန့်ကျင် ကွဲပြားနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

စစ်ပွဲ ရပ်စဲနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ကြားက အဆိုပြုချက်တွေဟာ လုံးဝဥဿုံ ဆန့်ကျင် ကွဲပြားနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင်ဖိအားပေးမှုကြောင့် အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်ပေမယ့် ထင်ရှားမြင်သာတဲ့ ရလဒ်မျိုး ထွက်ပေါ်မလာခဲ့ပါဘူး။ နှစ်ဖက်ကြားက စစ်သုံ့ပန်း အများအပြားနဲ့ ကျဆုံးစစ်သည် ရုပ်အလောင်းတွေကို အပြန်အလှန် လဲလှယ်ကြတာမျိုးသာ အထမြောက်ခဲ့ပါတယ်။

အခုလထဲမှာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံခဲ့ကြရာမှာတော့ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ် အဖွဲ့တွေဟာ ၃ နှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်ဆိုင်းဖို့ ကိုယ်စီ လိုလားချက်တွေကို အပြန်အလှန် ဖလှယ်ပေးအပ်ခဲ့ပါတယ်။

နှစ်ဖက် အဆိုပြုချက်တွေကို လေ့လာကြည့်ပြီးတဲ့အခါ မျှော်မှန်းထားတဲ့အတိုင်း ဘာမှ ထူးထူးခြားခြား အံ့ဩလောက်စရာ အပြောင်းအလဲ မရှိခဲ့ကြောင်း၊ နှစ်ဖက်စလုံးရဲ့ အဆိုပြုချက်တွေဟာ လုံးဝဥဿုံ ဆန့်ကျင် ကွဲပြားနေကြောင်း ဘီလားရုစ်နိုင်ငံ၊ မင့်စ်ခ်မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စေ့စပ်ညှိနှိုင်းမှုတွေ ဆိုတာကလည်း အဲဒီလို ကွဲပြားမှုတွေအတွက် ရှိနေရတာဖြစ်ကြောင်း၊ ကွဲပြားမှုတွေကို ဘုံတူညီတဲ့ လမ်းကြောင်းတစ်ခုဆီ နီးကပ် ရောက်ရှိလာအောင် ဆွေးနွေးသွားရမှာဖြစ်ကြောင်းလည်း ပူတင်က ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော် စစ်ပြုခဲ့ရာက နှစ်နိုင်ငံကြား စစ်ပွဲစတင်ခဲ့တာပါ။ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် လူသိန်းနဲ့ချီ သေဆုံးခဲ့သလို ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသ အများစုလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပါတယ်။

စစ်ရပ်စဲရေးအတွက် ရုရှားဖက်က တောင်းဆိုမှုမှာ ယူကရိန်းဟာ လက်ရှိ လက်လွှတ်ထားရတဲ့ နယ်မြေတွေထက် ပိုများတဲ့ ဧရိယာများကို ရုရှားဆီ လွှဲပေးရမယ်လို့ ပါရှိပြီး ယူကရိန်းက လုံးဝ လက်မခံနိုင်ဘဲ ငြင်းဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။