Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒရုန်း ၇၀၀ ကျော်နဲ့ ရုရှားတိုက်ခိုက်

ရုရှားနဲ့ စစ်ပွဲကာလတလျှောက် စံချိန်တင် အရေအတွက် အများဆုံး ဒရုန်းတွေနဲ့ တိုက်ခိုက်မှု တစ်ခုကို ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်က ကြုံတွေ့ ခံစားခဲ့ရပါတယ်။

Ukrainian Emergency Service via AP

ရုရှားနဲ့ စစ်ပွဲကာလတလျှောက် စံချိန်တင် အရေအတွက် အများဆုံး ဒရုန်းတွေနဲ့ တိုက်ခိုက်မှု တစ်ခုကို ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်က ကြုံတွေ့ ခံစားခဲ့ရပါတယ်။

ဇူလိုင် ၉ ရက်နေ့ ညပိုင်းက ရုရှားဟာ ကိယက်ဗ်မြို့ဆီ ဦးတည်ပြီး ဒရုန်း ၇၂၈ စင်း၊ ခရုစ်နဲ့ ပဲ့ထိန်းဒုံးကျည် ၁၃ စင်းကို အသုတ်လိုက်ခွဲပြီး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားက ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားပြီး ပစ်မှတ်ကို ဝင်တိုက်တဲ့ ဒရုန်းတွေရော၊ ခဲယမ်းမီးကျောက် သယ်ဆောင်မလာပေမယ့် ယူကရိန်း ရေဒါတွေနဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ဗျာများစေဖို့ ရောနှော လွှတ်တင်လိုက်တဲ့ အယောင်ပြ ဒရုန်းတွေပါ ပါဝင်ခဲ့ပါတယ်။

ကိယက်ဗ်ရဲ့ စစ်အုပ်ချုပ်ရေး အာဏာပိုင်တွေက ရုရှားဒရုန်းတွေဟာ မြို့တော်ရဲ့ ခရိုင်ကြီး ၆ ခုဆီ ပျံ့နှံ့ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဖောက်ခွဲရေး ဒရုန်းတချို့က မြို့ရဲ့ အစိတ်အပိုင်းတွေကို ထိမှန်သလို ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချတဲ့ ဒရုန်းတချို့လည်း လမ်းတွေနဲ့ အိမ်တွေပေါ် ပျက်ကျခဲ့ပါတယ်။

ရုရှားရဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မှာ လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ မြို့ရဲ့ ညဖက် ကောင်းကင်ယံမှာ နေရာအနှံ့ ပေါက်ကွဲမှုတွေ ဟိုတစ်စ ဒီတစ်စ ဖြစ်နေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပိုပြီး အင်တိုက်အားတိုက် လုပ်ဆောင်လာနေခဲ့ပါတယ်။ အထူးသဖြင့် ယူကရိန်းရဲ့ ရေဒါတွေနဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို အကြီးအကျယ် ဝန်ပိစေဖို့ ရည်ရွယ်ပြီး ယောင်ပြဒရုန်းတွေကို အများအပြား ကြားညှပ်သုံးတဲ့ ဗျူဟာကို ရုရှားက ပိုမို အားကိုးလာနေတယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။

ကိယက်ဗ်မှာသာ မကဘဲ ယူကရိန်းရဲ့ တခြားဒေသတချို့ကိုလည်း ရုရှားဒရုန်းတွေ ရောက်ရှိခဲ့ကြောင်း ကနဦး သတင်းတွေ ရထားပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဇူလိုင် ၉ ရက်ညပိုင်း တိုက်ခိုက်မှုတွေမှာ ကိယက်ဗ်ကတော့ အဓိက ပစ်မှတ် ဖြစ်ခဲ့ပါတယ်။

ရုရှားစစ်တပ်ကတော့ ယူကရိန်းကို ဒရုန်း ၇၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ လတ်တလောမှာတော့ ရုရှားဟာ ကိယက်ဗ်အပါအဝင် အတွင်းပိုင်းကျတဲ့ ယူကရိန်းမြို့တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာတွေ ပိုမို လုပ်ဆောင်လာသလို ခြေလျင်တပ်တွေကလည်း ယူကရိန်း အရှေ့ပိုင်းမှာ အင်အားချဲ့ထွင်ပြီး ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။