Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်မှု လအလိုက် စံချိန်သစ်တင်

ယူကရိန်းဟာ ရုရှားဆီက ဒရုန်းနဲ့ ဒုံးကျည်တွေ စံချိန်တင် အများဆုံး အသုံးပြု တိုက်ခိုက်တဲ့ လတစ်လကို ဖြတ်သန်း ကြုံတွေ့ခဲ့ရပါတယ်။

Getty Images

ယူကရိန်းဟာ ရုရှားဆီက ဒရုန်းနဲ့ ဒုံးကျည်တွေ စံချိန်တင် အများဆုံး အသုံးပြု တိုက်ခိုက်တဲ့ လတစ်လကို ဖြတ်သန်း ကြုံတွေ့ခဲ့ရပါတယ်။

ဇူလိုင်လထဲမှာ ရုရှားဟာ ယူကရိန်းရဲ့ မြို့ကြီးတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ရာမှာ ဒရုန်းနဲ့ ဒုံးကျည် အရေအတွက် စုစုပေါင်း ၆၄၀၀ ကျော်ထိ သုံးစွဲခဲ့ကြောင်း သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တဲ့နောက် ဒရုန်းတွေဟာ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ စစ်လက်နက်တွေ ဖြစ်လာခဲ့ပါတယ်။

ရုရှားဟာ ဖောက်ခွဲရေး ကိရိယာတွေ တပ်ဆင် တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေကို ပိုမို ထုတ်လုပ်လာသလို ယူကရိန်း စစ်မြေပြင်မှာလည်း ချဲ့ထွင် အသုံးပြုလာပါတယ်။ ဇူလိုင်လမှာတော့ ရုရှားဟာ ယူကရိန်းကို ဒရုန်း ၆၂၄၅ စင်းနဲ့ တိုက်ခိုက်ခဲ့ရုံသာ မကဘဲ ဒုံးကျည် ၁၉၈ စင်းထိလည်း ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ပျမ်းမျှ တစ်နေ့ကို ယူကရိန်းဖက် ဒုံးကျည် ၆ စင်းလောက် ရုရှားက ပစ်ခတ်ခဲ့ခြင်းလို့လည်း သိရပါတယ်။

ဒီကိန်းဂဏန်း အချက်အလက်တွေကိုတော့ ယူကရိန်းရဲ့ လေကြောင်း လုံခြုံရေး ကဏ္ဍကို တာဝန်ယူရတဲ့ ယူကရိန်း လေတပ်က ထုတ်ပြန်ခဲ့တာပါ။ တစ်လအတွင်း ရုရှားက အသုံးပြုခဲ့တဲ့ ဒုံးကျည်နဲ့ ဒရုန်း အရေအတွက်ဟာ ၆၄၄၃ စင်း ရှိခဲ့ပြီး စံချိန်ဟောင်းဖြစ်တဲ့ ဇွန်လတုန်းကထက် ၁၃ ရာခိုင်နှုန်း တိုးလာတာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲ ကြာလာတာနဲ့အမျှ ရုရှားက ဒရုန်းတွေ တိုက်ခိုက်မှု ပမာဏရော၊ အသုံးပြုတဲ့ နည်းလမ်းတွေရဲ့ ရှုပ်ထွေးမှုကပါ ကြီးထွားလာနေတယ်လို့ ယူကရိန်းက ဝန်ခံပါတယ်။ အခုအခါ ညအချိန်တွေမှာ ယူကရိန်း စစ်တပ်ရော၊ အရပ်သား ပြည်သူတွေပါ အနားမရလောက်အောင် အနှောင့်အယှက်ပေးတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ရုရှားက အရှိန်မြှင့်တင် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ယူကရိန်း ပြည်သူတွေ အများအပြားကတော့ ရုရှား အသုံးပြုလေ့ရှိတဲ့ Shahedနဲ့ Geran ဒရုန်းတွေရဲ့ စူးရှထင်ရှားတဲ့ အသံတွေနဲ့ ရင်းနှီးကျွမ်းဝင်သလိုတောင် ဖြစ်နေပါပြီ။ အဲဒီ ဒရုန်းတိုက်ခိုက်မှုတွေဟာ အကြောက်တရားကို ဖြန့်ဝေနေရုံတင် မကဘဲ လူ့အသက်တွေကိုလည်း အကြီးအကျယ် ခြိမ်းခြောက်ခဲ့ပါတယ်။

ယူကရိန်းကလည်း ရုရှားရဲ့ ပိုင်နက်ထဲထိ ဝင်ရောက် တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ဒရုန်းတွေကို ထဲထဲဝင်ဝင် အသုံးပြုနေပါတယ်။ နှစ်ဖက်စလုံးကတော့ ကိုယ်စီ အသုံးချတဲ့ ဒရုန်းစစ်ဆင်ရေးတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်လေ့ မရှိပါဘူး။

ကိုးကား: ABC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။