Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆက်မမွေးချင်တော့တဲ့ အိမ်မွေးနဲ့ ခြံမွေး တိရစ္ဆာန်တွေကို အစာအဖြစ် ဒိန်းမတ် တိရစ္ဆာန်ရုံ အလှူခံ

ဆက်မမွေးချင်တော့တဲ့ အိမ်မွေးနဲ့ ခြံမွေး တိရစ္ဆာန် အမျိုးအစား တချို့ကို သားရိုင်း တိရစ္ဆာန်တွေအတွက် အစာအဖြစ် လှူဒါန်းပေးဖို့ ဒိန်းမတ် တိရစ္ဆာန်ရုံ တစ်ခုက မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

Shutterstock

ဆက်မမွေးချင်တော့တဲ့ အိမ်မွေးနဲ့ ခြံမွေး တိရစ္ဆာန် အမျိုးအစား တချို့ကို သားရိုင်း တိရစ္ဆာန်တွေအတွက် အစာအဖြစ် လှူဒါန်းပေးဖို့ ဒိန်းမတ် တိရစ္ဆာန်ရုံ တစ်ခုက မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။

အဲလ်ဘော့ဂ်မြို့မှာရှိတဲ့ တိရစ္ဆာန်ရုံက လူမှုကွန်ရက်ပေါ်မှာ ကြေညာထားရာမှာတော့ ပိုင်ရှင်တွေက ဆက်ပြီး မမွေးချင်တော့တဲ့ ကြက်တွေ၊ ယုန်တွေ၊ ပူးတွေ၊ ဝက်တွေကို တိရစ္ဆာန် အစာအဖြစ် အသုံးပြုနိုင်ရေး လက်လွှဲ လှူဒါန်းပေးဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အဲဒီ အိမ်မွေးတိရစ္ဆာန်တွေကို တိရစ္ဆာန်ရုံရဲ့ ကျွမ်းကျင် ဝန်ထမ်းတွေက ငြင်ငြင်သာသာနဲ့ ဇီဝိန်ချုပ်ပေးမှာဖြစ်ပြီး သားစား သတ္တဝါတွေအတွက် အစာအဖြစ် အသုံးပြုမယ်လို့ ဆိုပါတယ်။

အလှူခံထားတဲ့ တိရစ္ဆာန်တွေ စာရင်းမှာတော့ မမွေးချင်တော့တဲ့ မြင်းတွေပါ ပါဝင်ပါတယ်။ ဒိန်းမတ်မှာ မြင်းမွေးထားရင် အခွန်ဆောင်ရတာကြောင့် မြင်းမမွေးချင်တော့တဲ့ သူတွေက သူတို့မြင်းတွေကို လှူမယ်ဆိုရင် အခွန်သက်သာနိုင်မှာ ဖြစ်တယ်လို့ တိရစ္ဆာန်ရုံက ဆိုပါတယ်။ လှူမယ့်မြင်းဟာ ရက် ၃၀ အတွင်း ဖျားနာဖူးတာမျိုး ဖြစ်လို့မရဘဲ ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေလည်း ပြည့်စုံဖို့ လိုပါတယ်။ တိရစ္ဆာန်ရုံဖက်က လက်ခံပြီးရင် အခွန်လျှော့ပေါ့မှု ခံစားခွင့်ရအောင် ပိုင်ရှင်ကို ကူညီပေးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစာကွင်းဆက်ရဲ့ သဘောတရားအရ သားစား တိရစ္ဆာန်တွေကို ထိန်းသိမ်း မွေးမြူထားရာမှာ အသားတွေ ပုံမှန်ကျွေးမွေးဖို့ လိုအပ်ကြောင်း၊ အဲဒီအတွက် ပိုင်ရှင်က မလိုချင်တော့တဲ့ အိမ်မွေး တိရစ္ဆာန်တွေကို လက်လွှဲ လှူဒါန်းပေးတာဟာ သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်ကြောင်း တိရစ္ဆာန်ရုံဖက်က ပြောပါတယ်။ အခုကိစ္စဟာ သဘောတရားရေးရာ အမြင်မတူမှု၊ အငြင်းပွားမှုတွေ ရှိနိုင်တာကို နားလည်ပေမယ့် ဒိန်းမတ်မှာတော့ လက်ခံနိုင်လောက်တဲ့ အခြေအနေမျိုးလို့ တိရစ္ဆာန်ရုံဖက်က ရှင်းပြထားပါတယ်။

အဲလ်ဘော့ဂ် တိရစ္ဆာန်ရုံမှာ ယူရေးရှား ကြောင်မြီးတိုတွေလို ရှားပါးမျိုးစိတ်တွေကို မွေးမြူထားသလို တခြား သားစားသတ္တဝါတွေဖြစ်တဲ့ ကျားတွေ၊ ခြင်္သေ့တွေလည်း ရှိနေပါတယ်။ အဲဒီ တိရစ္ဆာန်တွေရဲ့ အစာ အာဟာရကို သဘာဝနဲ့ အနီးစပ်ဆုံးတူအောင် သားမွေးတွေ၊ အရိုးတွေ၊ အသားတွေ ရောနေတာမျိုးကို တမင် စီစဉ်ပြီး ကျွေးမွေးလေ့ ရှိတယ်လို့လည်း တိရစ္ဆာန်ရုံရဲ့ အလှူခံ ပို့စ်ထဲမှာ ရှင်းပြထားပါတယ်။

တိရစ္ဆာန်ရုံရဲ့ ဒုတိယ ဒါရိုက်တာ ပီယာနီလ်ဆန်က သားရိုင်းတိရစ္ဆာန်တွေကို အသားချည်းသက်သက် မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်တွေကို သဘာဝအတိုင်း ကျွေးမွေးတာမျိုးကို နှစ်တွေနဲ့ချီ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ပြောပါတယ်။ ပြီးတော့ တိရစ္ဆာန်ရုံရဲ့ အလှူခံမှုကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကလည်း သဘောတူ လက်ခံပြီး တတ်နိုင်သမျှ ပူးပေါင်းကူညီဖို့ ဆန္ဒရှိကြတယ်လို့ သူက ဆိုပါတယ်။

တိရစ္ဆာန်ရုံရဲ့ အဆိုအရ ရုံးဖွင့်ရက်တွေမှာ အဲဒီလို လာရောက်လှူဒါန်းမှုတွေကို လက်ခံမှာဖြစ်ပြီး တစ်ကြိမ်ကို တိရစ္ဆာန် ၄ ကောင်ထိ အစာအဖြစ် လှူဒါန်းခွင့် ရှိမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သတင်း

ကမ္ဘာ့မြောက်ပိုင်း၊ အာတိတ်ဒေသမှာ ရှိနေတဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူနိုင်ရေးဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အထူးအရေးကြီးတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားထားတဲ့နောက် ဂရင်းလန်က အခုလို သဘောထား တုံ့ပြန်လာတာ ဖြစ်ပါတယ်။ အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း...

နိုင်ငံတကာ

ဂရင်းလန်ကျွန်း အရေးဟာ တကယ့် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ အကြီးမားဆုံး စစ်စခန်း အပါအဝင် စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေ တဝိုက်မှာ ပိုင်ရှင် ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဒရုန်းတွေကို တွေ့နေရခြင်းက ဒိန်းမတ်အတွက် အကြီးအကျယ် ခေါင်းခြောက်စရာ ဖြစ်နေပါတယ်။