Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော်ကို ရုရှားက ဒရုန်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ ၈ ဦးထက်မနည်း သေဆုံး

ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်မှာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်မှာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ရုရှားဟာ ဒရုန်းနဲ့ ဒုံးကျည်တွေ အုံလိုက်ကျင်းလိုက် အသုံးပြုပြီး ယူကရိန်းနိုင်ငံ အနှံ့က မြို့ကြီးတွေကို တိုက်ခိုက်လေ့ ရှိခဲ့ပေမယ့် အခုလိုမျိုး ကိယက်ဗ် မြို့လယ်ကို စုပြုံ ပစ်မှတ်ထားတာမျိုးကတော့ ရှားပါးတဲ့ အခြေအနေလို့ ဆိုပါတယ်။ ဩဂုတ် ၂၇ ရက် ညပိုင်းတုန်းက တိုက်ခိုက်မှုအတွင်း မြို့လယ်က စျေးဝယ်စင်တာ တစ်ခုအပါအဝင် အဆောက်အအုံ ၁၀၀ ဝန်းကျင် ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

၃ နှစ်ခွဲကျော် ကြာမြင့်လာတဲ့ ယူကရိန်း စစ်ပွဲကို အဆုံးသတ်စေဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို အလာစကာမှာ ဖိတ်ခေါ် ဆွေးနွေးခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ရုရှားက ကိယက်ဗ်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေး ၂ ဦးလည်း ပါဝင်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီး အစ်ဟော် ကလိုင်မန်ကိုက ကနဦး စစ်ဆေးမှု ရလဒ်တွေကို ကိုးကားပြီး ပြောကြားသွားခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အပျက်အစီး အခြေအနေတွေ အရမ်းဆိုးပြီး ထိခိုက်သေဆုံးမှု ပမာဏ ပိုမိုမြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ကိုကြည့်ရင် ရုရှားဟာ ဆွေးနွေးပွဲ စကားဝိုင်းအစား ဒုံးကျည်တွေကိုပဲ ရွေးချင်နေတယ်ဆိုတာ ပိုပြီး သိသာသွားစေတယ်လို့ လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ ဝေဖန် ရေးသားသွားခဲ့ပါတယ်။

ကိယက်ဗ်မြို့လယ်ကို ပစ်မှတ်ထားခဲ့တဲ့ ရုရှားတိုက်ခိုက်မှုတွေအတွင်း ၅ ထပ် တိုက်တစ်လုံးပါ ပြိုကျသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒရင့်စကီရပ်ကွက်မှာရှိတဲ့ အဲဒီ တိုက်ကို ဒုံးကျည်တစ်စင်းက တည့်တည့် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းက အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပြီး တစ်ဖက်မှာတော့ အခုလိုမျိုး လူနေဧရိယာတွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေ အကြိမ်ကြိမ် ကျူးလွန်နေခဲ့ပါတယ်။

ဇီလန်စကီးကတော့ ပူတင်ဟာ စစ်ရပ်ဆိုင်းရေး ကိစ္စအပေါ် လေးလေးနက်နက် သဘောထားမယ့်ပုံ မပေါ်ရင် အမေရိကန် အစိုးရက ပြင်းပြင်းထန်ထန် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်တာတွေ လုပ်ဆောင်လာဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Kyiv Independence

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။