Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်တွင်းက တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ အင်ဒိုနီးရှားကို တရုတ်တောင်းဆို

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ အင်ဒိုနီးရှားကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - mfa.gov.cn

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ အင်ဒိုနီးရှားကို တရုတ်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားဟာ လောလောဆယ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့နေပြီး သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ အာဏာသက်တမ်းတလျှောက် အပြင်းထန်ဆုံး နိုင်ငံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက လက်ရှိ အင်ဒိုနီးရှား ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ် အစိုးရရဲ့ အမြင်ကို မေးမြန်းတဲ့အခါ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွမ်က အခုလို တုံပြန်သွားခဲ့တာပါ။

သူက ပရာဘိုဝို အနေနဲ့ တရုတ်ကို လာရောက်ဖို့ စီစဉ်ထားပြီးမှ ပြည်တွင်းရေး ကိစ္စတွေကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့အပေါ် တရုတ်ဖက်က အပြည့်အဝ နားလည်မှု ပေးနိုင်တယ်လို့ ဆိုပါတယ်။ အစောပိုင်းက ပရာဘိုဝိုဟာ စက်တင်ဘာလ ၃ ရက်နေ့ကျရင် ဘေဂျင်းမှာ ကျင်းပမယ့် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲတွေကို တက်ရောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဂျကာတာ အပါအဝင် အထင်ကရမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့နောက် ပရာဘိုဝိုဟာ အဲဒီခရီးစဉ်ကို အရေးပေါ် ဖျက်သိမ်းခဲ့ရပါတယ်။

ကောင်က သူ့အနေနဲ့ အင်ဒိုနီးရှား အစိုးရဟာ ပြည်တွင်းမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးနိုင်အောင်တော့ အစီအမံတွေ ပြင်ဆင်ထားဖို့ မျှော်လင့်ကြောင်း ပြောကြားသွားပါတယ်။ အင်ဒိုနီးရှားက တချို့မြို့တွေမှာ ဆန္ဒပြမှုတွေဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြောင်းလဲသွားပြီး လူအသေအပျောက်တွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။

ဒီအတောအတွင်း တရုတ်ပိုင် လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ TikTokက ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး အင်ဒိုနီးရှားက သုံးစွဲသူတွေကို တိုက်ရိုက် ထုတ်လွှင့်မှု Live featureကို ယာယီ ပိတ်ပင် ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိကြီးကြီး တုံ့ပြန် ကိုင်တွယ်နေကြောင်း၊ လောလောဆယ်တော့ အင်ဒိုနီးရှားမှာ ရက်ပိုင်းလောက်ကြာအောင် Live featureကို အသုံးပြုလို့ ရမှာမဟုတ်ကြောင်း TikTokက ထုတ်ပြန်သွားပါတယ်။

ကိုးကား: Jakarta Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။