Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လော့စ်အန်ဂျလိစ်မှာ စစ်တပ် ဖြန့်ကျက်ခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်က ဥပဒေ ချိုးဖောက်မှုလို့ တရားသူကြီး ဆုံးဖြတ်

လော့စ်အန်ဂျလိစ်မြို့က ဆန္ဒပြပွဲတွေအတွင်းမှာ စစ်တပ်ကို ကိုယ့်သဘောနဲ့ကိုယ် ဖြန့်ကျက်ခဲ့တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေ ချိုးဖောက်မှုမြောက်ကြောင်း ဖက်ဒရယ် တရားသူကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

လော့စ်အန်ဂျလိစ်မြို့က ဆန္ဒပြပွဲတွေအတွင်းမှာ စစ်တပ်ကို ကိုယ့်သဘောနဲ့ကိုယ် ဖြန့်ကျက်ခဲ့တဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေ ချိုးဖောက်မှုမြောက်ကြောင်း ဖက်ဒရယ် တရားသူကြီး တစ်ဦးက ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင် ဖက်ဒရယ် တရားသူကြီး ချားလ်စ်ဘရိုင်ယာက ပြီးခဲ့တဲ့ နွေရာသီတုန်းက လော့စ်အန်ဂျလိစ်မှာ စစ်တပ်တွေ ဖြန့်ကျက်ခဲ့တဲ့ ထရမ့်နဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့ဟာ စည်းမျဉ်း ဥပဒေတွေကို ဘောင်ကျော် ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ စက်တင်ဘာ ၂ ရက်နေ့ကမှာ ဆုံးဖြတ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က ရဲတွေရဲ့ လုံခြုံရေး ထိန်းသိမ်းမှု လုပ်ဆောင်ချက်တွေမှာ အကူအညီပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အကြီးဆုံးမြို့မှာ ဇွန်လတုန်းက စစ်တပ်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား အစောင့်တပ်တွေကို ခင်းကျင်းစေခဲ့တာ ဖြစ်ပါတယ်။

ဘရိုင်ယာကတော့ အဲဒီလုပ်ရပ်ဟာ ပြည်တွင်းက ရဲလုပ်ငန်းတွေမှာ စစ်တပ် အသုံးပြုခွင့် အာဏာကို တားမြစ်ထားတဲ့ Posse Comitatus အက်ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဥပဒေ ချိုးဖောက်မှုမျိုး ထပ်မလုပ်နိုင်အောင်လို့ တရားသူကြီးက ကယ်လီဖိုးနီးယားမှာ ဖမ်းဆီးမှု၊ ရှာဖွေမှု၊ ကင်းလှည့်မှု၊ လူစုလူဝေးကို ထိန်းသိမ်းမှု အပါအဝင် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေမှာ စစ်သားတွေကို အသုံးပြုပိုင်ခွင့်ကနေ ထရမ့်နဲ့ ဟက်ဂ်ဆက်သ်ကို တရားသူကြီးက တားဆီးမိန့် ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရဟာ စက်တင်ဘာ ၁၂ ရက် မတိုင်ခင်အထိ အဲဒီ တားဆီးမိန့်ကို အယူခံ ဝင်ပိုင်ခွင့် ရှိပါတယ်။ တရားရုံးရဲ့ အမိန့်ဟာ ကယ်လီဖိုးနီးယား ပြည်နယ် တစ်ခုတည်း အတွက်သာ အကျုံးဝင်ပေမယ့် တခြားပြည်နယ်တွေ၊ မြို့တွေမှာလည်း ဒီလို ကိစ္စမျိုး မရှိသင့်ဘူးလို့ ထည့်သွင်း သတိပေးထားပါတယ်။

လော့စ်အန်ဂျလိစ်မှာ စစ်တပ်တွေ ဖြန့်ကျက်တဲ့ ကိစ္စအတွက် ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရကို ဆန့်ကျင် တရားစွဲခဲ့သူက အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ် ဖြစ်ပါတယ်။ နယူဆွမ်က တရားသူကြီးရဲ့ စီရင် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ စည်းလုံးမှုနဲ့ သွေဖီနေပြီး စစ်တပ်ကို တရားမဝင် အသုံးပြုခဲ့တဲ့ ထရမ့်ကို ဖြစ်သင့်တဲ့ တာဝန်ယူမှုမျိုး ရှိလာအောင် ကယ်လီဖိုးနီးယား ပြည်နယ်က လုပ်ပြနိုင်ခဲ့တယ်လို့ နယူဆွမ်က ပြောကြားခဲ့ပါတယ်။

တရားသူကြီး ဘရိုင်ယာက Task Force 51လို့ နာမည်မှည့်ထားတဲ့ မစ်ရှင်နဲ့ ကယ်လီဖိုးနီးယားမှာ တပ်တွေ ဖြန့်ကျက်ခဲ့တဲ့ လုပ်ရပ်ဟာ ဖက်ဒရယ် လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ စနစ်တကျ ကြံစည်မှု တစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး ဥပဒေကို အပြင်းအထန် ချိုးဖောက်ရာ ရောက်နေတယ်လို့ သူ့ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်း ကြေညာခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။