Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AI ကို သီချင်းရေး ပြိုင်ပွဲမှာ ရှုံးသွားတဲ့ ဂျပန် နာမည်ကျော် ဂီတစာဆို

ဂျပန် အမျိုးသမီး Popဂီတ အဖွဲ့တစ်ခုအတွက် သီချင်းကို နာမည်ကြီး ဂီတစာဆိုနဲ့ ဉာဏ်ရည်တု နည်းပညာ (AI)တို့ ပြိုင်ရေးပြီး ပရိသတ် အကြိုက်တွေ့မှု အဆုံးအဖြတ် ခံယူခဲ့ရမှာ AI က အနိုင်ရသွားပါတယ်။

စက်တင်ဘာ – ၁၇ ၊၂၀၂၅

ဂျပန် အမျိုးသမီး Popဂီတ အဖွဲ့တစ်ခုအတွက် သီချင်းကို နာမည်ကြီး ဂီတစာဆိုနဲ့ ဉာဏ်ရည်တု နည်းပညာ (AI)တို့ ပြိုင်ရေးပြီး ပရိသတ် အကြိုက်တွေ့မှု အဆုံးအဖြတ် ခံယူခဲ့ရမှာ AI က အနိုင်ရသွားပါတယ်။

ဂျပန်ရဲ့ အအောင်မြင်ဆုံး အမျိုးသမီး ဂီတ အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ AKB48 ဟာ အဖွဲ့ထူထောင်မှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သီချင်းရေးဆရာ အယ်လ်အကီမိုတိုဆီ သီချင်းအပ်ခဲ့ကြပါတယ်။

သူဟာ ဂျပန်မှာ စုစုပေါင်း ကော်ပီ သန်း ၁၀၀ ကျော် ရောင်းချထားနိုင်တဲ့ သီချင်းတွေကို ဖန်တီး ရေးသားခဲ့သူပါ။ အဲဒီနောက် လူသား အကီမိုတိုရဲ့ ခွင့်ပြုချက်အရ AKB48ဟာ AI ကိုလည်း အဖွဲ့အတွက် သီချင်းရေးသားစေခဲ့ပါတယ်။ အဲဒီ AIဟာ အကီမိုတို ကိုယ်တိုင်ရဲ့ သီချင်းရေးသားမှုတွေကို တုပပြီး ပုံစံတူ ဖန်တီးနိုင်အောင် သီးသန့် လေ့ကျင့်ပေးထားတာပါ။

Public Service Announcement

Public Service Announcement

ပြီးတော့ လူသားနဲ့ AI ယှဉ်ရေးထားတဲ့ သီချင်းတွေကို AKB48က အွန်လိုင်းမှာ မျှဝေပြီး နှစ် ၂၀ ပြည့် အမှတ်တရ သီချင်းအဖြစ် ဘယ်ဗားရှင်းကို သုံးသင့်သလဲလို့ ပရိသတ်ဆီက ဆန္ဒမဲ ကောက်ခံခဲ့ပါတယ်။ ရလဒ်တွေကိုတော့ ဂျပန်ရဲ့ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုမှာ တိုက်ရိုက် ကြေညာခဲ့ပါတယ်။

ပရိသတ် မဲပေးမှုအရ AIရေးတဲ့ သီချင်းကို ပိုကြိုက်တဲ့သူ ၁၄,၂၂၅ ဦးရှိပြီး လူသားကရေးတဲ့ သီချင်းအတွက် မဲပေးသူ ၁၀၅,၃၅ ဦးသာ ရှိခဲ့ပါတယ်။

မဲအရေအတွက် ၃,၀၀၀ နီးပါးလောက် ကွာဟပြီး ရှုံးသွားတဲ့ ရလဒ်ကို တွေ့ခဲ့တဲ့နောက် လူသား အကီမိုတိုက သူ့ကို လာနောက်နေတာလားဆိုပြီး တအံ့တဩ ဖြစ်ခဲ့ပါတယ်။

အခုတော့ AI က ရေးသားတဲ့ သီချင်းကို AKB48ရဲ့ ၆၇ ခုမြောက် တရားဝင် သီချင်းသစ်အဖြစ် လွှင့်တင်ထားပြီဖြစ်ပြီး လူသားက ရေးသားထားတဲ့ သီချင်းကိုတော့ YouTube ဝက်ဘ်ဆိုက်ကနေ ပြန်ဖြုတ်ချခဲ့ပါပြီ။

သီချင်းအသစ်ရဲ့ စာသားအားလုံးကတော့ AIက ဖန်တီးထားတာ မဟုတ်ဘဲ စာသား အကြောင်းအရာတွေကို လူသားတွေက ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

ဂျပန် ဂီတ ရပ်ဝန်းကတော့ အဲဒီသီချင်းအပေါ် ပရိသတ်တွေ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို အနီးကပ် စောင့်ကြည့်နေပါတယ်။ AKB48ရဲ့ နောက်ဆုံးထွက်ထားတဲ့ သီချင်း ၅၃ ပုဒ်ဟာ ဂျပန်ရဲ့ Oricon သီချင်းတွေ စာရင်းမှာ လူကြိုက်အများဆုံး နံပတ် ၁ နေရာတွေ ရောက်ခဲ့ဖူးပါတယ်။

AIနဲ့ လူသား ယှဉ်ပြိုင်တဲ့ သီချင်းရေး ပြိုင်ပွဲမှာ Googleရဲ့ Gemini AI softwareကို အကီမိုတို ရေးခဲ့ဖူးတဲ့ သီချင်းတွေရဲ့ ရေးဟန်နဲ့ တီးလုံး အယူအဆတွေ မှတ်သား သင်ယူစေခဲ့ပါတယ်။

အဲဒီနောက်မှာမှ သီချင်းအသစ် ရေးပေးဖို့ AIကို ညွှန်ကြားပေးခဲ့တာပါ။

ထည့်စေချင်တဲ့ စာသားတွေ တော်တော်များများကိုတော့ AKB48 အဖွဲ့ဝင် ၄၃ ယောက်က စီစဉ် ရေးသားခဲ့ပြီး လိုချင်တဲ့ တီးလုံးတွေ ပုံစံကိုလည်း အကြံပြုခဲ့ပါတယ်။

သီချင်းကို ပြန်တီးရာမှာ လူသားတွေကို အသုံးပြုခဲ့တယ်လို့ ကြေညာထားပေမယ့် တချို့ သတင်းဌာနတွေကတော့ AIက သံစဉ်ပိုင်းမှာပါ ဝင်ရောက် တာဝန်ယူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီနေရာမှာ ဘယ်သီချင်းကို လူသားကရေးပြီး ဘယ်သီချင်းကို AIက ရေးသလဲ ဆိုတာကို လုံးဝ မကြေညာဘဲ အထူးလျှို့ဝှက်ထားပြီးမှ ပရိသတ်ကို မဲပေးစေခဲ့တာ ဖြစ်ပါတယ်။

မဲရလဒ်တွေကို မကြေညာခင်မှာ သတင်းထောက်တွေက တကယ်လို့ ရှုံးသွားရင် ဘယ်လို ဖြစ်မလဲလို့ ဝိုင်းမေးကြတဲ့အခါ အကီမိုတိုက ဒီမေးခွန်းကို လူတိုင်းက မေးကြကြောင်း၊ AIကသာ တကယ့်ကို ပြောင်မြောက်တဲ့ သီချင်းတစ်ပုဒ် ဖန်တီးနိုင်မယ်ဆိုရင် ကျေနပ်မိမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ရလဒ်ကို စောင့်ကြည့်ချင်သေးကြောင်း ပြန်ဖြေခဲ့ပါတယ်။

ရလဒ် ထွက်ပေါ်လာပြီးတဲ့ အခါမှာတော့ နာမည်ကြီး ဂီတစာဆိုက သူ့အနေနဲ့ စိတ်ပျက်သွားမိတယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။

သူက သီချင်းအသစ်ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားထုတ်ပြီး ရေးသားထားတာဖြစ်ကြောင်း အကီမိုတိုက မှတ်ချက်ပေးခဲ့ပါတယ်။

AIကို အဲဒီမေးခွန်း မေးတဲ့အခါ သူတကယ် ကိုယ်စားပြု သင်ယူထားတဲ့ ပြိုင်ဘက် လူသားက ရှုံးနိမ့်မှုဆိုတဲ့ အသစ်အဆန်း တစ်ခုကို ပရိသတ်တွေဆီ ချပြဖို့ ကြိုးစားခဲ့တာလည်း ဖြစ်နိုင်ပါတယ်လို့ ပြန်ဖြေပါတယ်။

အဲဒီအချိန်မှာ အကီမိုတိုက နောက်ပြောင်ပြီး ‘ပါးစပ်ပိတ်ထား’လို့ လှမ်းအော်လို့ အများက ပွဲကျခဲ့ပါတယ်။

အကီမိုတိုက ရယ်ရယ်မောမောနဲ့ အရှုံးကို လက်ခံခဲ့ပြီး IAက ရေးတဲ့သီချင်းကလည်း တကယ်ကောင်းပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ အချက်အလက်တွေကို တူးဖော်စုဆောင်းယူပြီး တုပ အသုံးပြုလာနိုင်တဲ့ နည်းပညာ ရေစီးကြောင်း အသစ်နဲ့ ပတ်သက်လို့တော့ စိတ်အနှောင့်အယှက်တချို့ ခံစားရကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။