Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ကို မွေးနေ့ဆုတောင်း သဝဏ်လွှာ ကင်မ်ဂျုံအန်းပေးပို့၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုခိုင်မာလာစေမယ်လို့ဆို

နှစ်နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးဟာ သေချာပေါက် ပိုမိုခိုင်မာ အားကောင်းလာမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ဆုတောင်း သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

နှစ်နိုင်ငံကြား မဟာမိတ် ဆက်ဆံရေးဟာ သေချာပေါက် ပိုမိုခိုင်မာ အားကောင်းလာမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့တဲ့ မွေးနေ့ဆုတောင်း သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပူတင်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်း သဝဏ်လွှာမှာတော့ ကင်မ်က ရုရှား သမ္မတရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကိုလည်း အလေးအနက် ချီးကျူးထားခဲ့ပါတယ်။ နောက်ပြီး ကင်မ်က သူ့နိုင်ငံက ရုရှားနဲ့ ပူးပေါင်း ရပ်တည်နေတဲ့ မဟာမိတ် ဆက်ဆံရေးဟာလည်း ပိုမိုကျယ်ပြန့် ခိုင်မာလာမှာ ဖြစ်တယ်လို့ စာထဲမှာ ရေးသားထားခဲ့ပါတယ်။

အနာဂတ်မှာလည်း ရုရှားနဲ့ မြောက်ကိုရီးယား ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးဟာ ရှေ့ဆက် တိုးတက်နေပြီး ရဲဘော်ရဲဘက် ပူးပေါင်း ဆောင်ရွက်မှုတွေက ပိုမို နီးကပ်လာမှာ သေချာတယ်လို့ ကင်မ်က ဆိုပါတယ်။

နောက်ပြီး ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားရဲ့ စစ်ပွဲကိုလည်း ရုရှားရဲ့ အချုပ်အခြာ အာဏာ တည်တံ့မှုအတွက် မျှတတဲ့ ရုန်းကန်မှုလို့ ကင်မ်က ရည်ညွှန်းခဲ့ပြီး အဲဒီအတွက်လည်း ရုရှားအပေါ် မြောက်ကိုရီးယားက အခိုင်အမာ ဆက်လက် အားပေး ထောက်ခံနေမယ်လို့ ကတိပြုထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နှစ်နိုင်ငံကြား ပြီးခဲ့တဲ့နှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေက ဆက်လက် အကောင်အထည် ဖော်ရေးအတွက်လည်း သူက အားကြိုးမာန်တက် ဆောင်ရွက်သွားမယ်လို့ ကင်မ်က ပူတင်ကို ပြောကြားထားပါတယ်။

ပူတင်အတွက် ကင်မ်က ရေးသားပေးပို့ခဲ့တဲ့ မွေးနေ့ဆုတောင်း သဝဏ်လွှာကို မြောက်ကိုရီးယား အစိုးရပိုင် KCNAက သတင်းဌာနက ပြန်လည် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ရုရှားတို့ကြားက ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နှစ်နိုင်ငံ သမ္မတတွေက အပြန်အလှန် ချီးကျူးခဲ့ကြပါတယ်။