Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်ဖက် ကမ်းခြေဒေသကို သိမ်းယူရင် အစ္စရေးကို ထောက်ခံမှုအားလုံး ရုပ်သိမ်းမယ်လို့ ထရမ့်ပြော

အနောက်ဖက် ကမ်းခြေဒေသကိုသာ သိမ်းယူမယ်ဆိုရင် အစ္စရေးကို ထောက်ပံ့ ရပ်တည်နေမှုအားလုံး ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အနောက်ဖက် ကမ်းခြေဒေသကိုသာ သိမ်းယူမယ်ဆိုရင် အစ္စရေးကို ထောက်ပံ့ ရပ်တည်နေမှုအားလုံး ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းသင့်ကြောင်း ကနဦးအဆင့် အဆိုနှစ်ခုကို အခုသီတင်းပတ်ထဲမှာ အစ္စရေး လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။ လက်ယာစွန်း အမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတွေက ဦးဆောင်တင်သွင်းတဲ့ အဆိုတွေဟာ အနောက်ဖက် ကမ်းခြေဒေသထဲက အစ္စရေး အိမ်ရာတွေ ရှိနေတဲ့ ကျယ်ပြန့်တဲ့ ဧရိယာကို သိမ်းယူဖို့၊ နောက်တစ်ခုကတော့ အနောက်ဖက် ကမ်းခြေဒေသ တစ်ခုလုံးကို သိမ်းယူဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ထရမ့်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အဲဒီ လွှတ်တော် မဲခွဲမှုတွေဟာ အမေရိကန်နဲ့ အစ္စရေးကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို ကြားဝင် ခလောက်ဆန်ဖို့ အတိုက်အခံ အင်အားစုတွေရဲ့ အဖျက်သဘော လုပ်ဆောင်ချက်မျိုးလို့ ဝေဖန်ခဲ့ပါတယ်။ လွှတ်တော် မဲခွဲမှုတွေမှာ မဲမပေးဘဲ ကြားနေကြဖို့လည်း နေတန်ညာဟုက သူ့ရဲ့ လီကွတ်ပါတီဝင် အမတ်တွေကို ညွှန်ကြားခဲ့ပါတယ်။

ဓာတ်ပုံ – Reuters

နောက်တော့ ထရမ့်က အစ္စရေးလွှတ်တော်ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ အနောက်ဖက် ကမ်းခြေဒေသ အရေးအတွက် စိတ်ပူစရာ မရှိဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ အစ္စရေးဟာ အနောက်ဖက် ကမ်းခြေဒေသနဲ့ ပတ်သက်ပြီး ဘာမှ လုပ်မှာမဟုတ်ဘူးလို့ သူက ဆိုတယ်။ ထရမ့်ဟာ အဲဒီပါလက်စတိုင်း နယ်မြေကို အစ္စရေး သိမ်းယူမှာကို လက်မခံကြောင်း အရင်ကတည်းက ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စက ဖြစ်ကို ဖြစ်မလာစေရဘူးလို့ အာမခံကြောင်း၊ ဒါကို အာရပ်နိုင်ငံတွေဆီ သူကလည်း ကတိပေးထားကြောင်း၊ ဒါကိုမှ အတင်းအကျပ် စွတ်လုပ်မယ်ဆိုရင် အစ္စရေးဟာ အမေရိကန်ဆီက ထောက်ခံမှုအားလုံး ဆုံးရှုံးမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

ဂါဇာငြိမ်းချမ်းရေး ကိစ္စအတွက် အစ္စရေးနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကလည်း အစ္စရေး လွှတ်တော်ရဲ့ မဲခွဲမှုဟာ စော်ကားမှု တစ်ခုအဖြစ် ယူဆနိုင်ကြောင်း စွပ်စွဲခဲ့ပါတယ်။

ဒါကသာ နိုင်ငံရေး စတန့်ထွင်တဲ့ လုပ်ရပ် တစ်ခုဆိုရင် တော်တော်ရူးမိုက်တဲ့ ရွေးချယ်မှုလို့ ဆိုနိုင်ကြောင်း၊ သူ့သဘောထား အရတော့ စော်ကားမှု တစ်ခုလို့တောင် ခံစားမိကြောင်း သူက ပြောပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ အနောက်ဖက် ကမ်းခြေဒေသကို သိမ်းယူဖို့ အစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် လွှတ်တော်ထဲမှာ မဲပေးတဲ့ အဆင့် ၄ ခုကို ဖြတ်သန်းရမှာဖြစ်ပြီး ကနဦး အဆင့်ကတော့ အောင်မြင်သွားပါပြီ။

နေတန်ညာဟုက ဗန့်စ်ရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး လွှတ်တော်မှာ မဲခွဲခဲ့တဲ့ လုပ်ရပ်ဟာ အမေရိကန်နဲ့ အစ္စရေးကြားမှာ သွေးခွဲချင်တဲ့ စိတ်ပျက်စရာ အားထုတ်မှုမျိုးလို့ ဝေဖန်သွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက ထပ်မံပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက်မှာလည်း ယူကရိန်း အနေနဲ့ ဒွန်းဘက်စ်ဒေသကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ ပါဝင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်က ပလာစတာဟာ လက်ဆွဲနှုတ်ဆက်ရလွန်းတဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။