Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂီနီယာ-ဘစ်ဆောမှာ စစ်တပ် အာဏာသိမ်းမှုဟာ အမှန်မဟုတ်တဲ့ လုပ်ဇာတ် ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေ ရှိနေ

ဂီနီယာ-ဘစ်ဆော နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုဟာ တကယ့် အစစ်အမှန် မဟုတ်ဘဲ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ချင်လို့ အယောင်ပြ ဖန်တီးခဲ့တဲ့ လုပ်ဇာတ်တစ်ခုလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Getty Images

ဂီနီယာ-ဘစ်ဆော နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုဟာ တကယ့် အစစ်အမှန် မဟုတ်ဘဲ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ချင်လို့ အယောင်ပြ ဖန်တီးခဲ့တဲ့ လုပ်ဇာတ်တစ်ခုလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာရမယ့် နိုဝင်ဘာ ၂၇ ရက်နေ့ မတိုင်ခင် တစ်ရက်မှာ စစ်တပ်က ရုတ်တရက် အာဏာသိမ်းခဲ့ပြီး သမ္မတ အူမာရို ဆစ်စကို အမ်ဘာလိုနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေဖို့ ကြံဆောင်နေတဲ့ နိုင်ငံရေး မသမာမှု တစ်ခုကို တားဆီးဖို့ အာဏာ အရပ်ရပ်ကို ထိန်းချုပ်လိုက်ကြောင်း၊ ပြီးတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အားလုံးကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ဂီနီယာ-ဘစ်ဆော စစ်တပ်က ကြေညာခဲ့ပါတယ်။

ပြီးတော့ ဗိုလ်ချုပ်ကြီး ဟိုတာအမ်တမ်ကိုလည်း ကြားကာလ အစိုးရ အကြီးအကဲအဖြစ် တင်မြှောက်သွားမယ့်အကြောင်း စစ်တပ်က ကြေညာခဲ့ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာတော့ ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ သမ္မတဟောင်း အမ်ဘာလိုဟာ စစ်တပ်က ပြန်လွှတ်ပေးလိုက်တဲ့နောက် အိမ်နီးချင်း ဆီနီဂေါ နိုင်ငံဆီကို စင်းလုံးငှား လေယာဉ်တစ်စီးနဲ့ ဆိုက်ရောက်လာခဲ့ပါတယ်။

ဂီနီယာ-ဘစ်ဆော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရခဲ့တဲ့ ရလဒ်ကို ပယ်ဖျက်ချင်တဲ့ မရိုးသားမှု တစ်ခုခုကြောင့်သာ အခုလိုမျိုး အယောင်ပြ စစ်အာဏာသိမ်းမှုတစ်ခု ပေါ်ပေါက်လာတာလို့ စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

ဆီနီဂေါ ဝန်ကြီးချုပ် အူစ်မန် ဆွန်ကိုနဲ့ နိုက်ဂျီးရီးယား သမ္မတဟောင်း ဂွတ်ဒ်လက်ခ် ဂျိုနသန်တို့ကလည်း အဲဒီ ယူဆချက်ကို ထောက်ခံတဲ့ သဘောထားတွေ အသီးသီး ထုတ်ပြန်ခဲ့ပြီး ဂီနီယာ-ဘစ်ဆော ရွေးကောက်ပွဲ ရလဒ်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အနောက်အာဖရိက ဒေသတွင်း ရွေးကောက်ပွဲတွေကို စောင့်ကြည့်အကဲခတ်တဲ့ အဖွဲ့တစ်ခုမှာ ဦးဆောင် ပါဝင်နေတဲ့ ဂျိုနသန်က ဂီနီယာ-ဘစ်ဆောမှာ ဖြစ်သွားခဲ့တဲ့ ကိစ္စက စစ်အာဏာသိမ်းမှု မဟုတ်ဘူးလို့ ပြောပါတယ်။ သူက ဒါဟာ အယောင်ပြ အာဏာသိမ်းမှု တစ်ခုသာ ဖြစ်တယ်လို့ သုံးနှုန်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူက ကိုယ်အာဏာသိမ်းခံရတဲ့ ကိစ္စကို အမ်ဘာလိုက ပထမဆုံး ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ သံသယနဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။ အမ်ဘာလိုဟာ သူ့ကိုတော့ ဖြုတ်ချလိုက်ကြပါပြီဆိုပြီး ပြင်သစ် သတင်းဌာန နှစ်ခုဆီကို အရင်ဆုံး ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေက အနောက်အာဖရိက ဒေသတွင်း နိုင်ငံတချို့မှာ အရင်က ဖြစ်ပွားခဲ့ဖူးတဲ့ စစ်အာဏာသိမ်းမှုတွေနဲ့ အရမ်း ကွာခြားနေတယ်လို့ ဂျိုနသန်က ထောက်ပြခဲ့ပါတယ်။

ဂီနီယာ-ဘစ်ဆော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း စစ်အာဏာသိမ်းမှုဟာ အမှန်တကယ် မဟုတ်ဘူးလို့ စွပ်စွဲနေပေမယ့် ဒီအဆိုကို ထင်ရှားခိုင်မာစေမယ့် ဘာသက်သေ အထောက်အထားကိုမှတော့ မတင်ပြနိုင်ပါဘူး။

အမ်ဘာလိုက အခုစွပ်စွဲချက်တွေအပေါ် ဘာမှတ်ချက်မှ မပေးသလို ဂီနီယာ-ဘစ်ဆော စစ်တပ်ကလည်း နှုတ်ဆိတ်နေပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အာဖရိက သမဂ္ဂဟာ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ မညီတဲ့ အာဏာရယူမှု ဖြစ်စဉ်ကြောင့် ဂီနီယာ-ဘစ်ဆောကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ထားမယ့်အကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။