Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြမ်းဖက် အီရန် အစိုးရကို နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ လုံးဝ ခွင့်မပြုနိုင်ဘူးလို့ နေတန်ညာဟုပြော

အီရန်မှာ နျုကလီးယားလက်နက် ပိုင်ဆိုင်လာတာမျိုး လုံးဝ ခွင့်ပြုမပေးနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဖေဖော်ဝါရီ – ၂၈ ၊၂၀၂၆

အီရန်မှာ နျုကလီးယားလက်နက် ပိုင်ဆိုင်လာတာမျိုး လုံးဝ ခွင့်ပြုမပေးနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့နောက် နိုင်ငံသားတွေကို လိပ်မူတဲ့ စစ်ပွဲမိန့်ခွန်းမှာ နေတန်ညာဟုက အဲဒီ သဘောထားကို ထည့်သွင်း အသိပေးသွားတာ ဖြစ်ပါတယ်။

အီရန်ရဲ့ အကြမ်းဖက် အစိုးရဆီမှာ ရှိနေတဲ့ ခြိမ်းခြောက်မှု တစ်ခုကို အပြီးတိုင် ဖယ်ရှားဖို့အတွက် အစ္စရေးနဲ့ အမေရိကန်တို့ဟာ စစ်ဆင်ရေး တစ်ခုကို လောလောလတ်လတ် စတင်ထားခဲ့ကြောင်း၊ အဲဒီ ပူးပေါင်း စစ်ဆင်မှုအတွက်လည်း မိတ်ဆွေကြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ သူ့ရဲ့ သမိုင်းဝင် ခေါင်းဆောင်မှု စွမ်းရည်တွေကို ကျေးဇူးတင်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အစိုးရဟာ ၄၇ နှစ်လုံးလုံး ‘အစ္စရေး သေပါစေ’၊ ‘အမေရိကန် သေပါစေ’ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရပ်တည်နေခဲ့ကြောင်း၊ သွေးစွန်းနေတဲ့ အီရန် အစိုးရ လက်မှာ အမေရိကန် ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရသလို အီရန်ပြည်သူတွေ ကိုယ်တိုင်ပါ အများအပြား ကိုယ်တိုင်လည်း အသက်ဆုံးရှုံးခဲ့ကြရကြောင်း၊ ဒီလောက် ဆိုးယုတ်တဲ့ လူသတ် အကြမ်းဖက် အစိုးရ တစ်ရပ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားရင် လူသားမျိုးနွယ် တစ်ရပ်လုံးအပေါ် ခြိမ်းခြောက်လာနိုင်တဲ့အတွက် ဒီကိစ္စ လုံးဝ အဖြစ်မခံနိုင်ကြောင်း နေတန်ညာဟုက ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းရွေးချယ်မှုက ရဲရင့်တဲ့ အီရန် ပြည်သူတွေ အတွက်လည်း သူတို့ရဲ့ ကံကြမ္မာကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ခွင့် ရလာစေမယ်လို့ နေတန်ညာဟုက မှတ်ချက်ပေးသွားပါတယ်။ ဒါဟာ အီရန် အစိုးရကို လုံးဝဥဿုံ ဖယ်ရှားပစ်ဖို့ထိ ရည်ရွယ်ထားတဲ့ အချက်ပြမှုလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

စစ်ကာလမှာ အစ္စရေး ပြည်သူတွေ အနေနဲ့လည်း ပြည်တွင်း စစ်ရေးကွပ်ကဲမှု ဌာနက အစဉ်တစိုက် ထုတ်ပြန်ပေးနေတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာနေပေးဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

နေတန်ညာဟု အခုစစ်ဆင်ရေးရဲ့ နာမည်ကို ခြင်္သေ့ဟိန်းသံ (The Roar of the Lion)လို့ နာမည်ပေးထားကြောင်းလည်း ဆိုပါတယ်။ အစ္စရေးဟာ အတူတကွ ဆက်လက် တိုက်ခိုက်ရင်း အဓွန့်ရှည် တည်တံ့နေမှာ ဖြစ်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။

လက်ရှိမှာတော့ အီရန်ဖက်ကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်တုံ့ပြန် ပစ်ခတ်နေပြီး အစ္စရေး လေတပ်နဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက အီရန်ဒုံးကျည်တွေကို အပူတပြင်း ကြားဖြတ် ဟန့်တားနေတယ်လို့ သိရပါတယ်။

ကိုးကား -NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။