Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကားလမ်းပေါ် ပျက်ကျတဲ့ လေယာဉ်ထဲ ပိတ်မိနေသူတွေကို လမ်းသွားလမ်းလာတွေ ပူးပေါင်းကယ်ဆယ်

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ညပိုင်းတုန်းက ကိုယ်ပိုင် ဂျက်လေယာဉ်ငယ် တစ်စီးဟာ တက္ကဆက်စ် ပြည်နယ်ထဲက ကားလမ်းမ တစ်ခုရဲ့ ဘေးဘောင်ပေါ်မှာ ပျက်ကျပြီး မီးစွဲလောင်နေခဲ့ပါတယ်။

အဲဒီနောက် ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်မလာခင် မိနစ်ပိုင်းလောက်အတွင်း လမ်းသွားလမ်းလာ တစ်ဒါဇင်ကျော်လောက်ဟာ လေယာဉ်ထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားခဲ့ကြပါတယ်။

ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ သူတို့ဟာ ပေါက်ပြားတစ်လက်နဲ့ ဆယ်ပေါင်တူကြီး တစ်လက်ကို အသုံးပြုပြီး လေယာဉ်ရဲ့ ရှေ့ဖက် လေကာမှန်ကို ရိုက်ခွဲဖို့ ကြိုးစားခဲ့သလို ဘေးတခြမ်းစောင်း လဲနေတဲ့ လေယာဉ်ကိုယ်ထည်ပေါ်က တံခါးပေါက်ကို ဖွင့်ဖို့လည်း အားထုတ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ တစ်ဦးကတော့ မီးသတ်ဆေးဘူး ယူလာပြီး လေယာဉ်ပေါ်က မီးတွေကို ငြှိမ်းသတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ရဲတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ရောက်လာခဲ့ကြပြီး တာဝန်သိ ပြည်သူတွေနဲ့ ပူးပေါင်းရင်း ခရီးသည်တွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ မက္ကဆီကိုမှာရှိတဲ့ လော့စ်ကာဘိုးစ်ကနေ တက္ကဆက်စ် ပြည်နယ်ရဲ့ အော်စတင်မြို့ဆီ ပျံသန်းလာရင်း စက်ချွတ်ယွင်းမှု တစ်ခုကြောင့် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်မကျခင်မှာ လေယာဉ်မှူးဟာ လာရီဒို လေဆိပ်ဆီကို အရေးပေါ် သတင်းပေးပို့ခဲ့ပါသေးတယ်။

လေယာဉ်ပေါ် လိုက်ပါခဲ့သူ ၆ ဦးထဲက ၁ ဦးကတော့ သေဆုံးခဲ့ပြီး ကျန်တဲ့ ၅ ဦးကို ဆေးရုံတင်ပို့ထားကြောင်း၊ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း ရဲတွေက ပြောပါတယ်။ လေယာဉ် ပျက်ကျချိန်မှာ ဝင်တိုက်မိလို့ လမ်းပေါ်က ကားတစ်စီးလည်း ပျက်စီးခဲ့ပါတယ်။

လေယာဉ်ပျက်ထဲက လူတွေကို ကယ်ထုတ်ဖို့ လမ်းသွားလမ်းလာ ပြည်သူတွေက ကြိုးစားနေခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားပြီး သူတို့ရဲ့ ရဲရင့်မှုအတွက် ချီးကျူးခံနေရပါတယ်။ အဲဒီထဲက ၅ ဦးဟာ မီးခိုးမွှန်တဲ့ဒဏ်ကြောင့် ဆေးဝန်ထမ်းတွေရဲ့ ကုသပေးမှုကို ခံယူခဲ့ရပါတယ်။

လေယာဉ်ဟာ လာရီဒို လေဆိပ်နဲ့ ကီလိုမီတာ ၁၅၀ လောက်အကွာ၊ ဆန်အန်တိုနီယို ဧရိယာရဲ့ အနောက်တောင်ဖက်မှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် ဒေသတွင်း ခရီးသွားလာရေးမှာ အဓိက လမ်းကြောင်း တစ်ခုရဲ့ လမ်းပိုင်းတစ်နေရာကိုလည်း ယာယီ ပိတ်ခဲ့ရပါတယ်။

လေယာဉ်ပျက်ကျမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။