Connect with us

Hi, what are you looking for?

နိုင်ငံတကာ

FBI ကကျားဖြန့်တိုက်ဖျက်​ရေး အတွက်ထိုင်းနဲ့ပူး​ပေါင်း​ဆောင်ရွက်​နေ​ကြောင်းထုတ်ပြန်

အရှေ့တောင်အာရှမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကို နှိမ်နှင်းဖို့ ဘန်ကောက်အခြေစိုက် FBI (Legat) ဟာ ထိုင်းရဲတပ်ဖွဲ့အပြင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲပြီး ဆောင်ရွက်နေတယ်လို့ သတင်းဓါတ်ပုံအချို့နဲ့ထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-FBI

မတ်-၃၊၂၀၂၆။​နေ့သစ်/People’s Spring

အရှေ့တောင်အာရှမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကို နှိမ်နှင်းဖို့ ဘန်ကောက်အခြေစိုက် FBI (Legat) ဟာ ထိုင်းရဲတပ်ဖွဲ့အပြင် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပါ လက်တွဲပြီး ဆောင်ရွက်နေတယ်လို့ သတင်းဓါတ်ပုံအချို့နဲ့ထုတ်ပြန်ပါတယ်။

FBI ကထုတ်ပြန်တဲ့ဓါတ်ပုံမှာ ​ထိုင်းနယ်စပ်အခြမ်းက​နေ ​သောင်းရင်းမြစ်တစ်ဖက်ခြမ်းက မြန်မာနိုင်ငံ​နယ်စပ် ကရင်ပြည်နယ်ကကျားဖြန့်အ​ဆောက်အအုံ​တွေကို FBI ကအရာရှိ​တချို့ကမှန်ဘီလူးနဲ့ ကြည့်​နေတဲ့ပုံတစ်ပုံလည်းပါဝင်​နေပါတယ် ။

ဒီအွန်လိုင်း​ငွေလိမ်ဂိုဏ်း​တွေကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနေရသလို လူပေါင်းများစွာလည်း ဒုက္ခရောက်နေရတယ်လို့လည်း​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

​အမေရိကန်နိုင်ငံသားတွေကိုအကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာကတရားဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ ထောက်လှမ်းရေးတွေနဲ့ FBI က ဘယ်လိုပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကိုလည်း ​လေ့လာဖို့ ဖိတ်​ခေါ်ထားပါတယ် ။

အရှေ့တောင်အာရှဒေသတွင်းက ကျားဖြန့်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ အမေရိကန်က ဦးဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖက်ဒရယ် ထောက်လှမ်းရေး အေဂျင်စီ (FBI) အကြီးတန်း အရာရှိ တစ်ဦးက​ဖေ​ဖော်ဝါရီ ၂၄ ရက်ကလုပ်တဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ-FBI

FBIရဲ့နိုင်ငံတကာစစ်ဆင်ရေးဌာနခွဲလက်ထောက်ဒါရိုက်တာစကော့ရှယ်လ်ဘီဟာ အရှေ့တောင်အာရှ ဒေသတွင်းက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေထဲကကျားဖြန့်လုပ်ငန်းလည်ပတ်ခဲ့ရာနေရာတွေဆီသွားရောက် စစ်ဆေး ကြည့်ရှုပြီးခဲ့တဲ့နောက် အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်ညာရယူနေတဲ့ အဲဒီ ဒုစရိုက် လုပ်ငန်းကြီးတွေက ဘယ်လောက် ပမာဏ ကြီးကြီးမားမားနဲ့ လည်ပတ်နေသလဲ ဆိုတာကို မျက်မြင်မဟုတ်ရင် သိနိုင်မှာ မဟုတ်ဘူးလို့လည်း ရှယ်လ်ဘီက ပြောပါတယ်။

ကျားဖြန့် လုပ်ငန်းတွေဟာ အမေရိကန် နိုင်ငံသားတွေကိုလည်း ပစ်မှတ်ထား လိမ်လည်နေပြီး အဲဒီအတွက် အမေရိကန် အစိုးရရဲ့ အာရုံစိုက် ဖြိုခွင်းမှုကို ကြုံရမှာဖြစ်တယ်လို့သူကသတိပေးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က​တော့ FBI ရဲ့သတင်းစာရှင်းလင်းပွဲပြီးရက်ပိုင်းအကြာမှာပဲ DKBA ထိန်းချုပ်​ဒေသမှာရှိတဲ့ ကျားဖြန့်လုပ်တဲ့အ​ဆောက်အအုံအချို့ကို စီးနင်းဖမ်းဆီးတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ် ။ စစ်​ကောင်စီက ကျားဖြန့်ရုံ​တွေစီးနင်းဖမ်းဆီးတာက ဟန်ပြသာဖြစ်ပြီး ​DKBA နဲ့ BGF ထိန်းချုပ်နယ်​မြေ​တွေမှာကျားဖြန်ရုံ​တွေအများကြီးရှိ​နေတယ်လို့ ​ဒေသခံအချို့ က​ပြောပါတယ် ။

နိုင်ငံတွေရဲ့ နယ်နိမိတ်စည်းတွေက အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားခဲ့တဲ့ ရာဇဝတ်သားတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ကြောင်း၊ သူတို့ ဘယ်မှာ ရှိသလဲဆိုတာ အမေရိကန်က သိထားပြီး လိုက်လံဖော်ထုတ် ဖြိုခွင်းမှာဖြစ်ကြောင်း ရှယ်လ်ဘီက ပြောကြားသွားပါတယ်။

တရုတ် ဒုစရိုက်ဂိုဏ်းတွေကအဓိကချုပ်ကိုင်ထားတဲ့ ကျားဖြန့် လုပ်ငန်းတွေဟာ ခေတ်မီဆန်းသစ်တဲ့၊အရင်းအမြစ်ကြွယ်ဝတဲ့နယ်စပ်ဖြတ်ကျော် ဒုစရိုက်လှုပ်ရှားမှုတွေကနေ မြောက်မြားလှစွာသော ငွေကြေး အကျိုးအမြတ်တွေကို ရရှိနေတယ်လို့ ရှယ်လ်ဘီက ဆိုပါတယ်။

FBIဟာ ကျားဖြန့် ကွန်ရက်တွေကို နှောင့်ယှက်ဖို့၊ ကျားဖြန့် သားကောင်တွေကို ဆန်းစစ် အတည်ပြုနိုင်ဖို့၊ အဲဒီ လုပ်ငန်းတွေ လည်ပတ်နိုင်အောင် အထောက်အပံ့ ဖြစ်စေတဲ့ ဘဏ္ဍာရေး အခြေခံ အဆောက်အအဇုံတွေကို ခြေရာခံဖို့လည်း အေးဂျင့်တွေ စေလွှတ်ထားပြီးထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း အလုပ်လုပ်နေကြောင်းလည်း သူကပြောခဲ့ပါတယ်။

FBIဟာ အတိတ်တုန်းက ကမ္ဘောဒီးယား ရဲတပ်ဖွဲ့နဲ့ လက်တွဲ အလုပ်လုပ်ခဲ့ဖူးသလို ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာလည်း အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ထွန်းနိုင်ဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။ နောက်ပြီး ဒီကိစ္စအတွက် ဗီယက်နမ်နဲ့ ဆွေးနွေးမှုတွေကလည်း အလားအလာကောင်းတွေ ရနေကြောင်း ရှယ်လ်ဘီက မှတ်ချက်ပေးသွားပါတယ်။

အရေးကြီးတာက အဲဒီဂိုဏ်းတွေ အခြေချ လှုပ်ရှားမယ့် နေရာတိုင်းဟာ သူတို့အတွက် ကြိုဆိုမယ့်သူ မရှိဘူးဆိုတာမျိုး ဖြစ်သွားတဲ့ထိ ဖိအားပေးဖို့လို့လည်း သူက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိမ်နီးချင်းလာအိုနဲ့ မြန်မာတို့ကလွဲလို့ လောင်စာဆီ ပြည်ပတင်ပို့ခွင့် အားလုံးကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီလက်​အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးဟာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စမှာ အဓိကတရားခံအဖြစ် တရုတ်အစိုးရကနေ ဖမ်းခိုင်းတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်အချို့က‌ပြောပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကို အကြောင်းပြုပြီး ပြည်တွင်း စွမ်းအင် ဖူလုံမှု ထိခိုက်မသွားအောင် ထိုင်းအစိုးရ အရေးပေါ် အစီအမံတွေ စတင် ကျင့်သုံးမယ်လို့ သိရပါတယ်။

Facebook