Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို ရုရှားက ထောက်လှမ်းရေး အကူအညီတွေ ပေးနေရင်လည်း မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

ပစ်မှတ် ရှာဖွေ ထောက်လှမ်းမှုတွေအတွက် အီရန်ကို ရုရှားက အကူအညီ ပေးနေကြောင်း သတင်းတွေအပေါ် မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဓာတ်ပုံ - AP

ပစ်မှတ် ရှာဖွေ ထောက်လှမ်းမှုတွေအတွက် အီရန်ကို ရုရှားက အကူအညီ ပေးနေကြောင်း သတင်းတွေအပေါ် မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

Washington Post သတင်းစာက ရုရှားဟာ လက်ရှိ အီရန် စစ်ပွဲကာလမှာ အမေရိကန် စစ်စခန်းတွေ၊ လေယာဉ်တွေနဲ့ သင်္ဘောတွေ အပါအဝင် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထောက်လှမ်းပြီး တည်နေရာ အတိအကျကို အီရန်ဆီ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ပံ့ပိုးပေးနေကြောင်း ဖော်ပြခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အမေရိကန်တပ်တွေရဲ့ တည်နေရာနဲ့ လှုပ်ရှားမှုတွေကို ရုရှားက ထောက်လှမ်းပြီး အီရန်ဆီ ကူညီ အသိပေးနေကြောင်း သတင်းနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

CBS သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဟက်ဂ်ဆက်သ်က တခြားနိုင်ငံတွေ ဘာလုပ်နေကြသလဲ ဆိုတာကို အမေရိကန်ကလည်း မျက်ခြေပြတ် မခံပါဘူးလို့ ပြောသွားပါတယ်။ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို အမေရိကန် စစ်ဦးစီးတွေကလည်း အကုန်အစင် သိထားကြောင်း၊ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး ထောက်လှမ်းရေး စွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း၊ ဘယ်သူက ဘယ်သူနဲ့ ဘာတွေပြောနေသလဲဆိုတာ အကုန်သိကြောင်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်က ပစ်မှတ်ထား တိုက်ခိုက်နိုင်အောင် အမေရိကန် စစ်ဘက်နဲ့ အခြေခံ အဆောက်အအုံ တည်နေရာတွေကို ရုရှားက ကူညီ ထောက်လှမ်းပေးနေတယ်ဆိုတဲ့ သတင်းအတွက် မစိုးရိမ်ကြောင်း၊ အမေရိကန်ဟာ ဒီအခြေအနေမျိုးကနေ ကြုံလာနိုင်တဲ့ ထိခိုက်မှုတွေကို အနိမ့်ဆုံးအဆင့် လျှော့ချဖို့ အားလုံး ကြိုတင် ပြင်ဆင်ထားကြောင်း သူက ဆက်ပြောပါတယ်။

ရုရှားက အီရန်ကို သတင်းပေးမှုကြောင့် အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်ကြောင်း ထင်ကြေးတွေကို အစောပိုင်းမှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကလည်း ပယ်ချထားခဲ့ပါတယ်။

ဒီကိစ္စက တကယ်ဖြစ်နေတယ် ဆိုရင်တောင် ဘယ်လို ကြီးမားတဲ့ အလှည့်အပြောင်းမျိုးကိုမှ မဖန်တီးနိုင်ဘူး ဆိုတာ အရမ်းသိသာ ရှင်းလင်းနေကြောင်း၊ အမေရိကန်ဟာ စီစဉ်ထားတဲ့အတိုင်း အီရန်ရဲ့ စစ်အင်အားကို အကြီးအကျယ် ဆုတ်ယုတ် ပြုန်းတီးသွားအောင် တိုက်ခိုက်နေနိုင်ကြောင်း လီယာဗစ်က ဆိုပါတယ်။

Washington Postရဲ့ သတင်းထဲမှာတော့ အီရန်အတွက် ပစ်မှတ်ရှာဖွေနိုင်အောင် အမေရိကန် စစ်စခန်းတွေ၊ လေယာဉ်တွေနဲ့ သင်္ဘောတွေရဲ့ တည်နေရာကို ရုရှားက ထောက်လှမ်းပြီး တိတိကျကျ သတင်းပေးနေတယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ခါးသီးပြိုင်ဘက် တရုတ်ကတော့ အီရန်ကို စစ်ဘက်ထောက်လှမ်းရေး အကူအညီတွေ ပေးနေတဲ့ အထောက်အထားမျိုး လတ်တလော မတွေ့ရဘူးလို့လည်း သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook