Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နောက်ထပ် အီရန်ဒရုန်းတွေကို ဗြိတိန် တိုက်လေယာဉ်တွေ ပစ်ချ

အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ နောက်ထပ် အီရန် ဒရုန်းတွေကို ဗြိတိန် တိုက်လေယာဉ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ နောက်ထပ် အီရန် ဒရုန်းတွေကို ဗြိတိန် တိုက်လေယာဉ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျော်ဒန်နဲ့ ဘာရိန်း လေပိုင်နက်တွေဆီ ဦးတည် ပျံသန်းနေခဲ့တဲ့ ဒရုန်းနှစ်စီးကို ဗြိတိန် တော်ဝင်လေတပ်ရဲ့ Typhoon တိုက်လေယာဉ်တွေက ပစ်ချခဲ့တာလို့ ဂျွန်ဟေလီက မတ်လ ၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ တိုက်ရိုက်ပါဝင်မှု မရှိပေမယ့် အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန်နဲ့ ဗြိတိန် မဟာမိတ် နိုင်ငံတွေဆီ အီရန်က တုံ့ပြန်ပစ်ခတ်တဲ့ ဒရုန်းတွေကို ကြားဖြတ် ဟန့်တားတဲ့ ခံစစ်မစ်ရှင်တွေမှာတော့ ပါဝင် ကူညီပေးနေပါတယ်။

အခုအခါ ဗြိတိန်ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး အစီအမံတွေကိုပါ ပါဝင်ကူညီပေးနေကြောင်း၊ မကြာသေးခင်က ဂျော်ဒန် လေပိုင်နက်ထဲမှာ ဒရုန်းတစ်စင်းနဲ့ ဘာရိန်းဆီ ဦးတည်ပျံသန်းနေတဲ့ ဒရုန်းတစ်စင်းကိုလည်း ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ဟေလီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက ဗြိတိန်ရဲ့ F-35 တိုက်လေယာဉ် တစ်စီးကလည်း အီရန်ရဲ့ ဒရုန်းတစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ဗြိတိန်လေတပ်က ထုတ်ပြန်ဖူးပါတယ်။

အီရန်စစ်ပွဲ အစောပိုင်း နေ့ရက်တွေတုန်းက ဆိုက်ပရပ်စ်မှာရှိတဲ့ ဗြိတိန် လေတပ်စခန်း တစ်ခုကိုလည်း အီရန်ဒရုန်း ထိမှန်ခဲ့တဲ့နောက် ဒရုန်းဖျက် ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ တတိယမြောက် Wildcat ရဟတ်ယာဉ် တစ်စီးကိုလည်း ဆိုက်ပရပ်စ်ဆီ အားဖြည့် ပို့ဆောင်ထားကြောင်း ဟေလီက ပြောပါတယ်။

နောက်ပြီး လေကြောင်းကာကွယ်ရေး လက်နက်တွေ တပ်ဆင်ထားတဲ့ HMS Dragon ဖျက်သင်္ဘောဟာ မကြာခင် ရက်ပိုင်းအတွင်း မြေထဲပင်လယ်ဆီ ရောက်ရှိလိမ့်မယ်လို့ ဝန်ကြီးက ခန့်မှန်းခဲ့ပါတယ်။ အဲဒီ ဗြိတိန်ရေတပ် သင်္ဘောဟာ မြေထဲပင်လယ်မှာ ရှိနေတဲ့ အမေရိကန် စစ်သင်္ဘောတွေနဲ့ ပူးပေါင်းပြီး လေကြောင်းကာကွယ်ရေး တာဝန်တွေကို ရယူသွားလိမ့်မယ်လို့ ဟေလီက ဆိုပါတယ်။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက တော်ဝင်လေတပ် တိုက်လေယာဉ်တွေက ဒရုန်းတစ်စီးကို တိုက်ခိုက်ပြီး ဖောက်ခွဲပစ်လိုက်တဲ့ ဗီဒီယို ဖြတ်ပိုင်းတို တစ်ခုကိုလည်း လူမှုကွန်ရက် မီဒီယာ (X)မှာ တင်ထားခဲ့ပါတယ်။

ဟေလီက အီရန်စစ်ပွဲ စတင်လာချိန် ကတည်းက အရှေ့အလယ်ပိုင်းမှာ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသား ၃၇၀၀၀ ကျော်ကို ဘေးလွတ်ရာ ကူညီ ရွှေ့ပြောင်း ကယ်ထုတ်ခဲ့ပြီး ဖြစ်တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ အီရန်ကို ပါဝင်တိုက်ခိုက်ဖို့ ငြင်းဆိုထားပေမယ့် အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကို တားဆီးမယ့် ခုခံရေး အစီအမံတွေ အတွက်တော့ နိုင်ငံရဲ့ လေတပ်စခန်းတွေကို အမေရိကန်ဆီ အသုံးပြုခွင့် ပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗြိတိန်မှာ အမေရိကန်ရဲ့ B-1 Lancer ဗုံးကြဲလေယာဉ်ကြီး ၁ စီးနဲ့ B-52 ဗုံးကြဲလေယာဉ်ကြီး ၃ စီးတို့ ရောက်ရှိနေခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Sky

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်မယ့် တန်ပြန် ဖျက်ဆီးရေး (interceptor) ဒရုန်းပေါင်း ၁၀,၀၀၀ လောက်ကို အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသဆီ ပေးပို့ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

စက်ချွတ်ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရတဲ့နောက် အိန္ဒိယမှာ သီတင်းပတ် တော်တော်များများ သောင်တင်နေခဲ့တဲ့ ဗြိတိန် တော်ဝင်ရေတပ် တိုက်လေယာဉ်ဟာ အခုတော့ ချောချောမောမောနဲ့ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။