Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သေဆုံးသွားပြီဆိုတဲ့ ကောလဟလတွေကို ဗီဒီယိုတစ်ခုနဲ့ နေတန်ညာဟု တုံ့ပြန်

အီရန်ရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားတဲ့ ဗီဒီယိုမှာတော့ နေတန်ညာဟုဟာ ကော်ဖီဆိုင် တစ်ခုမှာ ကော်ဖီ မှာသောက်နေတာကို တွေ့ခဲ့ရပါတယ်။ ကောလာဟလတွေကို တုံ့ပြန် လှောင်ပြောင်တဲ့ အနေနဲ့ နေတန်ညာဟုက သူသေပြီ ဖြစ်ကြောင်း၊ ကော်ဖီကြောင့်ဖြစ်ကြောင်း ကင်မရာဖက်ကို လှည့်ပြီး ပြောထားပါတယ်။ တစ်ခုခုကြောင့် သေတယ် ဆိုတာမျိုးက အစ္စရေးမှာတော့ အဲဒီအရာကို သေလောက်အောင် ကြိုက်တယ်ဆိုတဲ့ အသုံးအနှုန်းမျိုး ဖြစ်ပါတယ်။

အရင်က လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဗီဒီယိုတချို့မှာ သူ့လက်ချောင်းတွေက ၆ ချောင်းဖြစ်နေပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ လုပ်ကြံ ဖန်တီးထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခုဗီဒီယိုမှာတော့ နေတန်ညာဟုက ကင်မရာဖက်ကို လှည့်ရင်း သူ့လက်ချောင်းတွေကို မြှောက်ပြခဲ့ပါတယ်။

သူ့လက်ချောင်းတွေကို ရေတွက်ကြည့်ချင်ရင်လည်း အဆင်ပြေကြောင်း နေတန်ညာဟုက အဲဒီ ဗီဒီယိုထဲမှာ ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေး ပြည်သူတွေ အနေနဲ့ အီရန်က ပစ်ခတ်နေတဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ အန္တရာယ်ကို အလွန်အကျွံ စိုးရိမ်မနေဘဲ ပုံမှန်ဖြတ်သန်း နေထိုင်ကြဖို့လည်း နေတန်ညာဟုက ဗီဒီယို ရိုက်ကူးသူတွေနဲ့ အပြန်အလှန် စကားပြောဆိုရင်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်အပြင်လေးဘာလေးထွက်ပြီး လေကောင်းလေသန့် ရှူကြဖို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အကာအကွယ်ယူ ခိုလှုံနိုင်မယ့် နေရာတွေနဲ့တော့ ဝေးဝေးမနေဖို့ သတိပေးခဲ့ပါတယ်။ အစ္စရေး ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက သူ၊ အစ္စရေးအစိုးရ၊ အစ္စရေးစစ်တပ်နဲ့ အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက်ဒ်တို့အတွက်လည်း ခွန်အားဖြစ်စေတယ်လို့ နေတန်ညာဟုက ပြောပါတယ်။

အစ္စရေးဟာ ဒီနေ့အချိန်ထိ အီရန်ကို ပြင်းပြင်းထန်ထန် ဆက်ပြီး ထိုးနှက်နေကြောင်း၊ အဲဒီလို ဆက်လုပ်နေနိုင်ဖို့အတွက် ပြည်သူတွေကလည်း ဆက်ပြီး ကြံ့ကြံ့ခံနေပေးဖို့ လိုအပ်ကြောင်းလည်း နေတန်ညာဟုက ဆိုပါတယ်။

အစောပိုင်းမှာ အီရန် အစိုးရဟာ နေတန်ညာဟုကို မြေလှန်ရှာပြီး သုတ်သင်ရှင်းလင်းမယ်လို့ ကြုံးဝါးထားခဲ့ပါတယ်။ ကလေးတွေကို သတ်ခဲ့တဲ့ အဲဒီ ရာဇဝတ်ကောင်က အသက်ရှိနေသေးတယ်ဆိုရင် အင်တိုက်အားတိုက် လိုက်ရှာပြီး ရှင်းပစ်မယ်လို့ အီရန် အစ္စလာမစ် တော်လှန်ရေး အစောင့်တပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန် အစိုးရ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီနဲ့ တခြား စစ်ဘက်၊ အရပ်ဖက် ခေါင်းဆောင်တွေ အများအပြား သေဆုံးခဲ့ရပါတယ်။

ကိုးကား: Reuters, NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း...

နိုင်ငံတကာ

မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အမေရိကန် သံအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။