Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သေဆုံးသွားပြီဆိုတဲ့ ကောလဟလတွေကို ဗီဒီယိုတစ်ခုနဲ့ နေတန်ညာဟု တုံ့ပြန်

အီရန်ရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားပြီဆိုတဲ့ ကောလာဟလတွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဗီဒီယိုတစ်ခုနဲ့ တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားတဲ့ ဗီဒီယိုမှာတော့ နေတန်ညာဟုဟာ ကော်ဖီဆိုင် တစ်ခုမှာ ကော်ဖီ မှာသောက်နေတာကို တွေ့ခဲ့ရပါတယ်။ ကောလာဟလတွေကို တုံ့ပြန် လှောင်ပြောင်တဲ့ အနေနဲ့ နေတန်ညာဟုက သူသေပြီ ဖြစ်ကြောင်း၊ ကော်ဖီကြောင့်ဖြစ်ကြောင်း ကင်မရာဖက်ကို လှည့်ပြီး ပြောထားပါတယ်။ တစ်ခုခုကြောင့် သေတယ် ဆိုတာမျိုးက အစ္စရေးမှာတော့ အဲဒီအရာကို သေလောက်အောင် ကြိုက်တယ်ဆိုတဲ့ အသုံးအနှုန်းမျိုး ဖြစ်ပါတယ်။

အရင်က လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဗီဒီယိုတချို့မှာ သူ့လက်ချောင်းတွေက ၆ ချောင်းဖြစ်နေပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ လုပ်ကြံ ဖန်တီးထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခုဗီဒီယိုမှာတော့ နေတန်ညာဟုက ကင်မရာဖက်ကို လှည့်ရင်း သူ့လက်ချောင်းတွေကို မြှောက်ပြခဲ့ပါတယ်။

သူ့လက်ချောင်းတွေကို ရေတွက်ကြည့်ချင်ရင်လည်း အဆင်ပြေကြောင်း နေတန်ညာဟုက အဲဒီ ဗီဒီယိုထဲမှာ ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေး ပြည်သူတွေ အနေနဲ့ အီရန်က ပစ်ခတ်နေတဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ အန္တရာယ်ကို အလွန်အကျွံ စိုးရိမ်မနေဘဲ ပုံမှန်ဖြတ်သန်း နေထိုင်ကြဖို့လည်း နေတန်ညာဟုက ဗီဒီယို ရိုက်ကူးသူတွေနဲ့ အပြန်အလှန် စကားပြောဆိုရင်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်အပြင်လေးဘာလေးထွက်ပြီး လေကောင်းလေသန့် ရှူကြဖို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အကာအကွယ်ယူ ခိုလှုံနိုင်မယ့် နေရာတွေနဲ့တော့ ဝေးဝေးမနေဖို့ သတိပေးခဲ့ပါတယ်။ အစ္စရေး ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက သူ၊ အစ္စရေးအစိုးရ၊ အစ္စရေးစစ်တပ်နဲ့ အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက်ဒ်တို့အတွက်လည်း ခွန်အားဖြစ်စေတယ်လို့ နေတန်ညာဟုက ပြောပါတယ်။

အစ္စရေးဟာ ဒီနေ့အချိန်ထိ အီရန်ကို ပြင်းပြင်းထန်ထန် ဆက်ပြီး ထိုးနှက်နေကြောင်း၊ အဲဒီလို ဆက်လုပ်နေနိုင်ဖို့အတွက် ပြည်သူတွေကလည်း ဆက်ပြီး ကြံ့ကြံ့ခံနေပေးဖို့ လိုအပ်ကြောင်းလည်း နေတန်ညာဟုက ဆိုပါတယ်။

အစောပိုင်းမှာ အီရန် အစိုးရဟာ နေတန်ညာဟုကို မြေလှန်ရှာပြီး သုတ်သင်ရှင်းလင်းမယ်လို့ ကြုံးဝါးထားခဲ့ပါတယ်။ ကလေးတွေကို သတ်ခဲ့တဲ့ အဲဒီ ရာဇဝတ်ကောင်က အသက်ရှိနေသေးတယ်ဆိုရင် အင်တိုက်အားတိုက် လိုက်ရှာပြီး ရှင်းပစ်မယ်လို့ အီရန် အစ္စလာမစ် တော်လှန်ရေး အစောင့်တပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာတင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန် အစိုးရ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီနဲ့ တခြား စစ်ဘက်၊ အရပ်ဖက် ခေါင်းဆောင်တွေ အများအပြား သေဆုံးခဲ့ရပါတယ်။

ကိုးကား: Reuters, NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။