Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်ညာမှာ အလောင်း ၃၀ ကျော် မြှုပ်ထားတဲ့ နေရာတစ်ခု ရှာတွေ့၊ အကြောင်းရင်းကို စုံစမ်းနေဆဲ

ကင်ညာနိုင်ငံမှာ ကလေးတွေ အတော်များများ အပါအဝင် လူပေါင်း ၃၀ ကျော်လောက်ကို အစုလိုက် မြှုပ်နှံထားတဲ့ ပဟေဠိဆန်တဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

ကင်ညာနိုင်ငံမှာ ကလေးတွေ အတော်များများ အပါအဝင် လူပေါင်း ၃၀ ကျော်လောက်ကို အစုလိုက် မြှုပ်နှံထားတဲ့ ပဟေဠိဆန်တဲ့ နေရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီ တုန်လှုပ်စရာ တွေ့ရှိမှုအပြီး နိုင်ငံအနောက်ပိုင်း၊ ကီရီချိုမြို့နားက သင်္ချိုင်းနေရာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို အာဏာပိုင်တွေက စတင် လုပ်ဆောင်နေပါတယ်။

အဲဒီနေရာမှာ မူလက အလောင်း ၁၄ ခုလောက် ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး တရားရုံး အမိန့်အရ ရဲတွေက တူးဖော်တဲ့အခါ အလောင်း ၃၂ ခုထိ ရှာတွေ့လာခဲ့တာ ဖြစ်ပါတယ်။

ရုပ်အလောင်းတွေဟာ လူကြီး ၇ ဦးနဲ့ ကလေး ၂၅ ဦးဖြစ်ပြီး ကလေးတွေထဲမှာ မွေးကင်းစနဲ့ သန္ဓေသားတွေပါ ပါဝင်နေပါတယ်။ အလောင်းတွေကို ဂုံနီအိတ်တွေထဲ ထည့်ထားတာလို့လည်း မှုခင်းအရာရှိတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ရက်လုံးလုံး သည်းသည်းမည်းမည်း ရွာသွန်းတဲ့မိုးကြောင့် အဲဒီနေရာကို တူးဖော်မယ့် အစီအစဉ်မှာ နှောင့်နှေးမှုတွေ ကြုံခဲ့ပြီး မတ်လ ၂၄ ရက်နေ့မှာ လုပ်ငန်းစတင်နိုင်ခဲ့ပါတယ်။

အဲဒီအလောင်းတွေဟာ ဆေးရုံတွေနဲ့ ရင်ခွဲရုံတွေကနေ စွန့်ပစ်လိုက်ပြီး လာရောက်မြှုပ်နှံထားတာ ဖြစ်နိုင်ကြောင်း မှုခင်းဆရာဝန်တွေက ယူဆထားပေမယ့် အသေးစိတ်ကိုတော့ ရင်ခွဲစစ်ဆေးမှုတွေ အပြီးမှ အတည်ပြုနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

လူကြီးအလောင်းတွေက အရမ်းဆွေးမြေ့နေပြီး ကလေးအလောင်းတွေကတော့ အဲဒီလောက် အခြေအနေ မဆိုးသေးတဲ့အတွက် သေဆုံးချိန်တွေလည်း မတူဘူးလို့ ယူဆနိုင်ပါတယ်။ အလောင်းတချို့ကို ကိုယ်လက်အင်္ဂါ အပြည့်အစုံ ပြန်ရခဲ့ပေမယ့် တချို့ကတော့ တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် အရိုးစု ရုပ်ကြွင်းအဖြစ်သာ တွေ့ခဲ့ရပါတယ်။

အဲဒီနေရာမှာ ရှိနေတဲ့ အလောင်းတွေ ဘယ်လိုကြောင့် သေဆုံးခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အလောင်းတွေ စုမြှုပ်ထားတဲ့ လျှို့ဝှက်သင်္ချိုင်းလို့ ယူဆရတဲ့ နေရာအကြောင်းကို အမည်မသိ သတင်းပေးသူတွေကြောင့် ရှာတွေ့ပြီး တူးဖော်ခဲ့တာ ဖြစ်ပါတယ်။

အလောင်းတွေ စုမြှုပ်ထားတဲ့ မြေနေရာကို ကင်ညာ အမျိုးသားကောင်စီ ဘုရားကျောင်း (NCCK)က ပိုင်ဆိုင်ပေမယ့် လျှို့ဝှက် သင်္ချိုင်းနေရာအကြောင်း ဘာမှ မသိဘူးလို့ ငြင်းဆိုထားပါတယ်။ ရဲတွေက အခုသေဆုံးမှုတွေဟာ ရာဇဝတ်ကြောင်း ဖြစ်စဉ်တွေနဲ့ ပတ်သက်နိုင်သလား ဆိုတာကိုလည်း စုံစမ်းနေပါတယ်။ ပြီးတော့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးနဲ့ သုဘရာဇာ တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး စုံစမ်းမေးမြန်းနေပါတယ်။

အလောင်းတချို့ဟာ ညာမီရာ ခရိုင်ဆေးရုံကနေ ကီရီချိုမြို့ဆီ မတ်လ ၂၀ ဝန်းကျင်လောက်မှာ ပို့ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။ အလောင်းတချို့ရဲ့ ကိုယ်လက်အင်္ဂါတွေက ဖြတ်တောက် ခံထားရတာလို့ ယူဆရပြီး သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ ဘယ်လို အခြေအနေတွေ ကြုံခဲ့ရကြောင်း အမြန်ဆုံး ဖော်ထုတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Vocal Africaက တောင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ်တုန်းကလည်း ကင်ညာရဲ့ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မာလင်ဒီနားက တောအုပ်ထဲမှာ ကလေးတွေ အပါအဝင် လူပေါင်း ၄၂၉ ဦးရဲ့ ရုပ်အလောင်းတွေ အစုလိုက် မြှုပ်ထားတဲ့ နေရာတစ်ခုကို ရှာတွေ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်ဟာ ကင်ညာမှာ ကိုးကွယ်ယုံကြည်မှု အလွဲအမှားဆိုင်ရာ အဆိုးရွားဆုံး အစုလိုက် သေဆုံးမှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်တော့ ဘာသာရေး ခေါင်းဆောင် တစ်ဦးအဖြစ် ကြေညာထားသူ ပေါလ် မက်ကန်ဇီကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ကိုးကွယ် ယုံကြည်သူတွေကို ကိုယ့်ကိုယ်ကိုယ် သေတဲ့အထိ အစာငတ်ခံဖို့ မက်ကန်ဇီက ညွှန်ကြားခဲ့ကြောင်း အစိုးရ ရှေ့နေတွေက စွပ်စွဲပြီး သူကတော့ ငြင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ