Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့် ခေါင်းဆောင်တစ်ဦးကို တရုတ်ဆီ ကမ္ဘောဒီးယား လွှဲပြောင်းပေး

ကျားဖြန့် ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲခံထားရသူ တရုတ် နိုင်ငံသား တစ်ဦးကို ကမ္ဘောဒီးယားက တရုတ်အစိုးရဆီ လက်လွှဲပေးခဲ့ကြောင်း သိရပါတယ်။

ကျားဖြန့် ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် စွပ်စွဲခံထားရသူ တရုတ် နိုင်ငံသား တစ်ဦးကို ကမ္ဘောဒီးယားက တရုတ်အစိုးရဆီ လက်လွှဲပေးခဲ့ကြောင်း သိရပါတယ်။

လီရှောင်ကို ကမ္ဘောဒီးယားက ဖမ်းဆီးပြီး တရုတ်ဆီ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဧပြီ ၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ သူဟာ အရှေ့တောင်အာရှ ဒေသတွင်းက ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်း ကွန်ရက်ထဲမှာ ထိပ်ပိုင်းအဆင့် ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရပိုင် CCTV သတင်းဌာနကတော့ ဧပြီ ၁ ရက်နေ့တုန်းက ခေါင်းရိတ်ခံထားရတဲ့ လီကို တရုတ်ရဲတွေက ခြံရံပြီး တောင်တရုတ် လေကြောင်းပိုင် လေယာဉ်ပေါ်ကနေ ခေါ်ထုတ်လာပုံကို ပြသခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ လီဟာ ကျားဖြန့် လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Prince Groupရဲ့ လက်ဝေခံ လုပ်ငန်းခွဲ Huione Groupရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်တယ်လို့ CCTVက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ Price Groupရဲ့ ခေါင်းဆောင် ချန်ကျိရဲ့ ဒုစရိုက် အင်ပါယာထဲမှာ အမာခံ ခေါင်းဆောင်တစ်ဦးလို့လည်း သိရပါတယ်။ ချန်ရော၊ လီပါ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့သူတွေ ဖြစ်ပါတယ်။ ချန်ဟာ လက်ရှိ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ရော၊ သူ့ရဲ့ဖခင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းအတွက်ပါ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့ဖူးပြီး ဇန်နဝါရီလမှာတော့ တရုတ်ဆီ လွှဲပြောင်းပေးခြင်း ခံခဲ့ရပါတယ်။ ဟွန်မာနတ်ကတော့ သူ့အစိုးရက ချန်ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် တစ်ဦးမှန်း မသိခဲ့ပါဘူးလို့ ဖေဖော်ဝါရီလမှာ ထုတ်ပြောထားပါတယ်။

ရှင်ဟွာ သတင်းဌာနက လီဟာ နယ်စပ်ဖြတ်ကျော် တရားမဝင် လောင်းကစားမှုတွေနဲ့ ငွေကြေးလိမ်လည်မှုတွေ ကျူးလွန်နေတဲ့ ဂိုဏ်းတစ်ခုရဲ့ အဓိက ခေါင်းဆောင်အဖြစ် ဖော်ပြခဲ့ပါတယ်။ လီရော၊ ချန်ပါ ကမ္ဘောဒီးယား နိုင်ငံသားတွေအဖြစ် ခံယူထားပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ နိုင်ငံသား သတ်မှတ်ချက်တွေ အသီးသီး ရုပ်သိမ်းခံခဲ့ရပါတယ်။

ဟွန်မာနတ်က ကျားဖြန့် လုပ်ငန်းတွေဟာ ကမ္ဘောဒီးယားရဲ့ စီးပွားရေးကို ဖျက်ဆီးခဲ့ပြီး နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ညစ်နွမ်းစေခဲ့ကြောင်း AFPနဲ့ အင်တာဗျူး တစ်ခုမှာ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဧပြီ ၁ ရက်နေ့မှာ လီကို တရုတ်ဆီ လွှဲပြောင်းပေးခဲ့တာနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား ပြည်ထဲရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ကို နှစ်နိုင်ငံ ပူးပေါင်းပြီး လအတော်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ တရုတ်ရဲ့ တောင်းဆိုမှုအတိုင်း လီကို လက်လွှဲပေးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

လီဦးဆောင်ခဲ့တဲ့ Huione Groupဟာ ငွေကြေး ခဝါချမှုတွေနဲ့ အကြီးအကျယ် ဆက်နွှယ် ပတ်သက်မှု ရှိနိုင်ကြောင်း ပြီးခဲ့တဲ့နှစ် မေလတုန်းက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာခဲ့ဖူးပါတယ်။ စစ်ဆေးမှုတွေအရ အဲဒီ ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ်လာ ၄ ဘီလီယံကျော်ဖိုးလောက် တရားမဝင် ငွေကြေး လွှဲပြောင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။