Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ကြောင်း အီရန်ကြေညာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

လက်ဘနွန်မှာ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကြောင့် ဟောမုဇ်ကို ဖြတ်သန်းမယ့် အရပ်ဖက် ရေယာဉ် အားလုံးအတွက် အဲဒီ ရေလမ်းကြောင်းကို လက်ကျန် အပစ်ရပ် သဘောတူ ကာလတလျှောက် ဖွင့်ပေးထားမှာ ဖြစ်တယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား ကနဦး ရယူခဲ့တဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ အီရန်ဟာ နိုင်ငံကမ်းလွန် ရေပြင်မှာရှိတဲ့ နိုင်ငံတကာ ရေနံတင်ပို့ရေး အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်မှာ ပိတ်ဆို့မှုတွေ မလုပ်ဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးက လက်ဘနွန် အခြေစိုက် အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ဆက်လက် တိုက်ခိုက်နေတာကြောင့် အီရန်က အဲဒီလုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲပြီး ဟောမုဇ်ကို အပြည့်အဝ ပြန်ဖွင့်မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဧပြီ ၁၆ ရက်မှာတော့ လက်ဘနွန်မှာလည်း အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တဲ့နောက် အီရန်က မူလ ကတိအတိုင်း ဟောမုဇ်ကို ပြန်ဖွင့်ပေးသွားမယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဆာယက်ဒ် အဘက်စ် အာရက်ချီက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ဒါပေမဲ့ ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေဟာ အီရန် ရေကြောင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သတ်မှတ်ထားတဲ့ ရေလမ်းကြောင်းတွေကနေ ခုတ်မောင်းဖို့တော့ လိုမယ်လို့ သူက ဆိုပါတယ်။

ဟောမုဇ်ကို ပြန်ဖွင့်ပေးတဲ့ အီရန်ရဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း လူမှုကွန်ရက်ကနေ တုံ့ပြန် မှတ်ချက်ပေးထားပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန်က စစ်အင်အားသုံးပြီး ပိတ်ဆို့ထားမှုကတော့ မူလအတိုင်း ဆက်ရှိနေဦးမယ်လို့ ထရမ့်က ပြောပါတယ်။

အပစ်ရပ် ကာလအတောအတွင်း အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင်ခဲ့တဲ့နောက် အီရန်ကို ဖိအားပေးဖို့အတွက် အမေရိကန် ရေတပ်က ဟောမုဇ်ရေလက်ကြား အထွက်နေရာမှာ နေရာယူ ပိတ်ဆို့ထားပါတယ်။ အဲဒီ ပိတ်ဆို့မှုဟာ အီရန်နဲ့ ဆက်စပ်တဲ့ သင်္ဘောတွေကိုပဲ ရည်ရွယ်တယ်လို့ အမေရိကန်က ကြေညာထားပါတယ်။

အကျိုးဆက် အနေနဲ့ အမေရိကန်-အီရန် အပစ်ရပ် ကာလအတောအတွင်း ဟောမုဇ်ဟာ သင်္ဘောတွေ ဖြတ်သန်းခွင့် လုံးဝနီးပါး မရနိုင်သလောက်နီးပါး ဆက်လက် ပိတ်ဆို့ခံထားခဲ့ရပါတယ်။ ဧပြီ ၇ ရက်နေ့ အပစ်ရပ် သဘောတူညီမှုနောက်ပိုင်း အရပ်ဖက် ရေယာဉ် နည်းနည်းလောက်သာ ဟောမုဇ်ကို ဖြတ်သန်း ခုတ်မောင်းခွင့် ရခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: CNN
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။