Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဆိပ်ကမ်းကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်၊ ရေနံတင်သင်္ဘောနဲ့ စစ်ရေးယာဉ်တွေထိမှန်

ရုရှားရဲ့ ဆိပ်ကမ်းတစ်ခုကို ယူကရိန်း ဒရုန်းတွေက တိုက်ခိုက်ခဲ့ပြီး ရေနံတင် သင်္ဘောနဲ့ စစ်ရေယာဉ်တွေကို ထိမှန်ခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

မေလ ၃ ရက်နေ့တုန်းက ယူကရိန်းဟာ ရုရှားနိုင်ငံ အနှံ့ကို ဒရုန်းတွေ အသုတ်လိုက် ပစ်ခတ်တဲ့ တိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ ဘောလ်တစ် ပင်လယ်ထဲက ပရီမော့စ်ခ် ဆိပ်ကမ်းဟာ အဓိက အပျက်အစီးတွေ ကြုံတွေ့တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဆိပ်ကမ်းမှာ မီးလောင်မှုတွေ ဖြစ်ခဲ့သလို ရေယာဉ်တော်တော်များများကိုလည်း ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

အထူးသဖြင့် ဆိပ်ကမ်းရဲ့ ရေနံအတင်အကျလုပ်တဲ့ ဇုန်နေရာမှာ အတော်ကြီး ပျက်စီးသွားရပြီး ရေနံတင် သင်္ဘော အနည်းဆုံး တစ်စီး၊ ရုရှား ဒုံးကျည်တင် တိုက်သင်္ဘောငယ်တစ်စီးနဲ့ ကင်းလှည့်ရေယာဉ် တစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ထိုးနှက်နိုင်မှု တစ်ခုစီက ရုရှားရဲ့ စစ်ဆင်ရေး စွမ်းရည်ကို ထိခိုက်သွားစေခဲ့တယ်လို့ ဇီလန်စကီးက Telegramမှာ ရေးသားထားခဲ့ပါတယ်။

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းက ပရီမော့စ်ခ် ဒေသရဲ့ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဒရော့ဇ်ဒန်ကိုက ညပိုင်းအချိန် ပျံသန်းလာတဲ့ ဒရုန်းတွေထဲက အစီး ၆၀ လောက်ကို ရုရှားဖက်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဆိပ်ကမ်းမှာ မီးလောင်မှု ဖြစ်ခဲ့ပေမယ့် အမြန်ဆုံး ငြှိမ်းသတ်နိုင်ခဲ့သလို ဆီယိုစိမ့်မှု ပြဿနာတွေလည်း မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

ရုရှားရဲ့ တခြားနေရာတွေမှာလည်း ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဘယ်လ်ဂိုရော့ဒ်မှာ ကားတစ်စီးကို ဒရုန်းထိမှန်တာကြောင့် အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရုရှားမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ယူကရိန်းရဲ့ အဲဒီလို ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားအတွက် ပြဿနာ အများကြီး မရှိပေမယ့် နိုင်ငံတကာ လောင်စာဆီ စျေးတွေကို မြင့်တက်လာစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ အပြန်အလှန် ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို စစ်မြေပြင်မှာလည်း ရုရှား တပ်ဖွဲ့တွေဟာ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် ဒေသထဲက ကော့စ်တီယန် တင်နစ်ဗ်ကာမြို့ဆီ ပိုပြီး နီးကပ်လာအောင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – ရုရှားဆိပ်ကမ်းကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်၊ ရေနံတင်သင်္ဘောနဲ့ စစ်ရေးယာဉ်တွေထိမှန်

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။