Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိတ်ဆို့ထားတဲ့ ရေပြင်ဆီ ချဉ်းကပ်ခဲ့တဲ့ အီရန် ရေနံတင် သင်္ဘောကို အမေရိကန် တိုက်လေယာဉ် ပစ်ခတ် တားဆီး

အမေရိကန် ရေတပ် ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် တိုက်လေယာဉ် တစ်စီးက ပစ်ခတ် တားဆီးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် ရေတပ် ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် တိုက်လေယာဉ် တစ်စီးက ပစ်ခတ် တားဆီးခဲ့ကြောင်း သိရပါတယ်။

အိုမန် ပင်လယ်ကွေ့နားမှာ အီရန်အလံ လွှင့်ထူထားတဲ့ M/T Hasna သင်္ဘောကို အမေရိကန် ရေတပ်ရဲ့ F/A-18 Super Hornet တိုက်လေယာဉ် တစ်စီးက မေလ ၆ ရက်နေ့မှာ ပစ်ခတ်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန်ပါတယ်။

ဒါဟာ ဟောမုဇ် ရေလက်ကြားနားမှာ အမေရိကန် ရေတပ်က ဖြန့်ကျက်ထားတဲ့ ပိတ်ဆို့မှု အစီအမံတွေကို အကဲစမ်းဖို့ ကြိုးစားတဲ့ အီရန်ရေယာဉ်တွေကို အမေရိကန်က ပစ်ခတ်တဲ့ ဒုတိယမြောက် ဖြစ်ရပ်အနေနဲ့ မှတ်တမ်း ဝင်လာပါတယ်။ အမေရိကန်ဟာ အီရန်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြား အထွက်မှာ ပိတ်ဆို့တားဆီးတဲ့ စစ်ရေးဖြန့်ကျက်မှုကို ဧပြီ ၁၃ ရက်နေ့ ကတည်းက စတင်ထားခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်မှာတော့ အမေရိကန် ရေတပ်ဟာ M/T Hasna အနေနဲ့ ပိတ်ဆို့ထားတဲ့ ရေပြင်ဆီ ချဉ်းကပ်မလာသင့်ကြောင်း သတိပေးခဲ့ပေမယ့် ရေယာဉ် အဖွဲ့သားတွေက မလိုက်နာခဲ့ကြောင်း၊ ဒါကြောင့် ရေတပ်ရဲ့ F/A-18 တစ်စီးဟာ လေယာဉ်တင် သင်္ဘောပေါ်ကနေ ပျံတက်ပြီး ရေနံတင် သင်္ဘောရဲ့ ရေယက်ကို ချိန်ရွယ်ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)ကတော့ F/A-18ဟာ ၂၀ မမ M61 Vulcan စက်သေနတ်နဲ့ အချက်ရေတချို့ ပစ်ခတ်ခဲ့တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အီရန် ရေယာဉ်ဟာ ရှေ့ဆက်မောင်းနှင်နိုင်စွမ်း မရှိတော့ဘူးလို့လည်း CENTCOMက ပြောပါတယ်။

အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုဟာ ရာနှုန်းပြည့် အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ဧပြီ ၁၉ ရက်နေ့တုန်းကလည်း နောက်ထပ် အီရန်အလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီးဖြစ်တဲ့ M/V Touskaဟာလည်း ပိတ်ဆို့မှု သတ်မှတ်ထားရာ ရေပြင်ကို ဖြတ်သန်းဖို့ ကြိုးစားခဲ့ဖူးကြောင်း၊ ဒါကြောင့် အဲဒီရေယာဉ်ရဲ့ သင်္ဘောသားတွေကို အင်ဂျင်ခန်းကနေ တိမ်းရှောင်ကြဖို့ ကြိုတင် သတိပေးပြီး အမေရိကန် ဖျက်သင်္ဘော တစ်စီးက အင်ဂျင်ခန်းကို ၅ လက်မ စက်အမြောက်နဲ့ ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း CNETCOMက ဆိုပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး နိုင်ငံတကာ စွမ်းအင် တင်ပို့ရေးဆိုင်ရာ အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ အီရန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့တဲ့အတွက် အမေရိကန်ကလည်း ဟောမုဇ်နားမှာ ရေတပ် သင်္ဘောတွေ ဖြန့်ကျက်ပြီး ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီ အမေရိကန် ရေယာဉ်တွေဟာ အီရန် ရေယာဉ်တွေ ဟောမုဇ်ကနေ ထွက်မလာနိုင်အောင် တားဆီးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အကျိုးဆက် အနေနဲ့ အီရန်အတွက် စီးပွားရေးအရ အကြီးအကျယ် အကျပ်အတည်း ကြုံလာစေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook