Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ ယူဆရတဲ့ တရုတ်အမျိုးသားကို လက်နက်ခဲယမ်းတွေနဲ့အတူ ထိုင်းမှာဖမ်းမိ

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ တရုတ်အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ တရုတ်အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မေလ ၈ ရက်နေ့တုန်းက ချွန်ဘူရီ ပြည်နယ်မှာ အသက် ၃၁ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။

သူ့ဆီကနေ C4 ဖောက်ခွဲရေး ကိရိယာတွေ၊ လက်ပစ်ဗုံးတွေ၊ M4 ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် တစ်လက်နဲ့ ထောင်ချောက်မိုင်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲတွေက နာမည် မထုတ်ပြန်သေးတဲ့ အဲဒီ အမျိုးသားဟာ လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို နေအိမ်ထဲမှာ ဝှက်ထားခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ ကွန်ပျူတာကို စစ်ဆေးကြည့်တဲ့အခါ ဉာဏ်ရည်တု နည်းပညာ (AI) chatbotဖြစ်တဲ့ ChatGPTနဲ့လည်း ဗုံးခွဲတဲ့ နည်းလမ်းတွေ၊ C4ရဲ့ ပေါက်ကွဲအားတွေအကြောင်း အမေးအဖြေလုပ် ဆွေးနွေးထားတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်းရဲ့ ကိုယ်ရံတော် တပ်ဖွဲ့နဲ့ ဆက်စပ်နေတဲ့ အထူးတပ်ဖွဲ့ စစ်သင်တန်း တစ်ခုဆီက လက်နက်နဲ့ လက်ပစ်ဗုံး သင်တန်း ဗီဒီယိုတွေကိုလည်း သူ့ဆီမှာ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်တုန်းက စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ကုန်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားတဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ပြန်လည် စတင်ဖို့ သဘောတူလိုက်တဲ့ အခြေအနေမှာပဲ အခုဖမ်းဆီးရမိမှု သတင်း ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ အခုဖမ်းဆီးရမိမှုဟာ ကမ္ဘောဒီးယားနဲ့ ပတ်သက် ဆက်နွှယ်သလား ဆိုတာကိုတော့ ထိုင်းရဲတွေက တိတိကျကျ ထုတ်မပြောသေးပါဘူး။

သံသယရှိသူ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေထဲမှာ အသေခံ ဗုံးခွဲသမားတွေ ဝတ်လေ့ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ထားတဲ့ ဝတ်စုံလိုမျိုး ကျည်ကာအင်္ကျီ တစ်ခုကိုပါ ရှာတွေ့ခဲ့တဲ့နောက် ရဲတွေက အနီးတဝိုက် နေအိမ်တွေမှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။

လက်ရှိမှာတော့ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကြံရာပါတွေ ရှိသလား ဆိုတာနဲ့ သူ့ရဲ့ အကြံအစည် အသေးစိတ်ကို ဆက်လက် စုံစမ်းနေပါတယ်။

စုံထောက်တွေက သူယူဆောင်လာတဲ့ လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေရဲ့ နောက်ခံကိစ္စတွေနဲ့ ဘယ်လိုဘယ်ပုံ သယ်ယူလာသလဲဆိုတဲ့ မေးခွန်းတွေကိုပါ အဖြေရှာဖို့ ကြိုးစားနေပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

Facebook