Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ ယူဆရတဲ့ တရုတ်အမျိုးသားကို လက်နက်ခဲယမ်းတွေနဲ့အတူ ထိုင်းမှာဖမ်းမိ

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ တရုတ်အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ စီစဉ်နေတယ်လို့ သံသယရှိသူ တရုတ်အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မေလ ၈ ရက်နေ့တုန်းက ချွန်ဘူရီ ပြည်နယ်မှာ အသက် ၃၁ နှစ်အရွယ် သံသယရှိသူကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့ပါတယ်။

သူ့ဆီကနေ C4 ဖောက်ခွဲရေး ကိရိယာတွေ၊ လက်ပစ်ဗုံးတွေ၊ M4 ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် တစ်လက်နဲ့ ထောင်ချောက်မိုင်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ရဲတွေက နာမည် မထုတ်ပြန်သေးတဲ့ အဲဒီ အမျိုးသားဟာ လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို နေအိမ်ထဲမှာ ဝှက်ထားခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ ကွန်ပျူတာကို စစ်ဆေးကြည့်တဲ့အခါ ဉာဏ်ရည်တု နည်းပညာ (AI) chatbotဖြစ်တဲ့ ChatGPTနဲ့လည်း ဗုံးခွဲတဲ့ နည်းလမ်းတွေ၊ C4ရဲ့ ပေါက်ကွဲအားတွေအကြောင်း အမေးအဖြေလုပ် ဆွေးနွေးထားတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်းရဲ့ ကိုယ်ရံတော် တပ်ဖွဲ့နဲ့ ဆက်စပ်နေတဲ့ အထူးတပ်ဖွဲ့ စစ်သင်တန်း တစ်ခုဆီက လက်နက်နဲ့ လက်ပစ်ဗုံး သင်တန်း ဗီဒီယိုတွေကိုလည်း သူ့ဆီမှာ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်တုန်းက စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ကုန်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားတဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ပြန်လည် စတင်ဖို့ သဘောတူလိုက်တဲ့ အခြေအနေမှာပဲ အခုဖမ်းဆီးရမိမှု သတင်း ထွက်ပေါ်လာတာပါ။ ဒါပေမဲ့ အခုဖမ်းဆီးရမိမှုဟာ ကမ္ဘောဒီးယားနဲ့ ပတ်သက် ဆက်နွှယ်သလား ဆိုတာကိုတော့ ထိုင်းရဲတွေက တိတိကျကျ ထုတ်မပြောသေးပါဘူး။

သံသယရှိသူ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေထဲမှာ အသေခံ ဗုံးခွဲသမားတွေ ဝတ်လေ့ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ထားတဲ့ ဝတ်စုံလိုမျိုး ကျည်ကာအင်္ကျီ တစ်ခုကိုပါ ရှာတွေ့ခဲ့တဲ့နောက် ရဲတွေက အနီးတဝိုက် နေအိမ်တွေမှာ နေထိုင်သူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။

လက်ရှိမှာတော့ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကြံရာပါတွေ ရှိသလား ဆိုတာနဲ့ သူ့ရဲ့ အကြံအစည် အသေးစိတ်ကို ဆက်လက် စုံစမ်းနေပါတယ်။

စုံထောက်တွေက သူယူဆောင်လာတဲ့ လက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေရဲ့ နောက်ခံကိစ္စတွေနဲ့ ဘယ်လိုဘယ်ပုံ သယ်ယူလာသလဲဆိုတဲ့ မေးခွန်းတွေကိုပါ အဖြေရှာဖို့ ကြိုးစားနေပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။