Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် မဖျက်ဆီးနိုင်အောင် အီရန် စစ်လေယာဉ်တွေကို ပါကစ္စတန်က လက်ခံပေးထားတယ်လို့ဆို

ဓာတ်ပုံ - AFP

အီရန်ရဲ့ စစ်လေယာဉ်တွေ အမေရိကန် တိုက်ခိုက်ဖျက်ဆီးတာ ခံရမှာစိုးလို့ ပါကစ္စတန်က လက်ခံပေးထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

CBS သတင်းဌာနက ပါကစ္စတန်ဟာ နိုင်ငံရဲ့ လေတပ်စခန်းတွေ၊ လေယာဉ်ကွင်းတွေမှာ အီရန် စစ်လေယာဉ်တွေ ပြောင်းရွှေ့ အခြေစိုက်မှုကို လက်ခံပေးထားတာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ပါကစ္စတန်ဟာ အီရန်နဲ့ အမေရိကန်တို့ကြား အပစ်အခတ် ရပ်စဲမှုနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုတွေမှာ ကြားဝင် ညှိနှိုင်းပေးနေတဲ့ နိုင်ငံပါ။

အီရန်ဟာ အရပ်ဖက်သုံး လေယာဉ်တစ်စီးကိုလည်း အိမ်နီးချင်း အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ ရွှေ့ပြောင်း ထားရှိတယ်လို့ CBS သတင်းမှာ ပါရှိခဲ့ပါတယ်။ အကြောင်းကတော့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ပြီး အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြန်စတင်လာရင် လေယာဉ်တွေ ပစ်မှတ်ထား မခံရစေဖို့ ဖြစ်ပါတယ်။

CBSရဲ့ သတင်းဖော်ပြချက် အပြီးမှာတော့ အမေရိကန်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ်က လက်ရှိ စစ်ရေးပဋိပက္ခမှာ ကြားဝင်စေ့စပ်ပေးသူ ကဏ္ဍကနေ ပါကစ္စတန် ပါဝင်နေမှုကို ပြန်သုံးသပ်သင့်နေပြီလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီသတင်းသာ မှန်ရင်တော့ အီရန်နဲ့ အမေရိကန်ကြားမှာ ပါကစ္စတန်က ကြားဝင် ညှိနှိုင်းသူအဖြစ် ကူညီပေးနေတဲ့ အခြေအနေကို အလုံးစုံ ပြန်သုံးသပ်ရမှာ ဖြစ်တယ်လို့ တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ် ကိုယ်စားပြု အမတ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ ပါကစ္စတန် ကာကွယ်ရေး အာဏာပိုင် အရာရှိ တချို့က အစ္စရေးအပေါ် ရန်လိုတဲ့ အစောပိုင်း ကြေညာချက်တွေ ထုတ်ပြန်ဖူးတာကို ထောက်ရှုပြီး စဉ်းစားမယ်ဆိုရင် အခုသတင်းတွေ မှန်နေရင်လည်း သူအံ့ဩမိမှာ မဟုတ်ဘူးလို့ ဂရေဟမ်က ဆိုပါတယ်။

CBSက အမေရိကန်ရဲ့ အမည်မဖော်တဲ့ စစ်ဘက် အရာရှိ တချို့ရဲ့ အဆိုကို ကိုးကား ဖော်ပြခဲ့ရာမှာတော့ ထောက်လှမ်းရေး လေယာဉ်တစ်စီး အပါအဝင် အီရန်စစ်လေယာဉ် တချို့ဟာ ပါကစ္စတန်ရဲ့ နူရ်ခန်း လေတပ်စခန်းမှာ ရပ်နားထားတယ်လို့ ပါရှိခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ အပစ်ရပ်ထားမယ့်အကြောင်း ကြေညာပြီး မကြာခင်မှာပဲ အဲဒီလေယာဉ်တွေ ပါကစ္စတန်ကို ရောက်လာခဲ့တာလို့ CBSက ရေးသားထားပါတယ်။

ဒါပေမဲ့ ပါကစ္စတန် စစ်ဘက် အရာရှိ တစ်ဦးကတော့ နူရ်ခန်း လေတပ်စခန်းနဲ့ ပတ်သက်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ ကောလာဟလတွေဟာ မမှန်ကန်ကြောင်း၊ လူအများ စည်ကားသွားလာတဲ့ နေရာနားမှာ တည်ရှိတဲ့ လေတပ်စခန်းထဲမှာ လေတပ်အုပ်စု အကြီးကြီး တစ်ခုကို ဖုံးဖုံးဖိဖိ ကွယ်ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အာဖဂန် အရပ်ဖက်က လေကြောင်း ပို့ဆောင်ရေး အရာရှိ တစ်ဦးကတော့ အီရန်ရဲ့ Mahan Air လေကြောင်းလိုင်းပိုင် အရပ်ဖက် လေယာဉ်တစ်စီးဟာ အီရန်စစ်ပွဲ မစခင်လေးမှာတင် ကဘူးလ်မြို့ နိုင်ငံတကာ လေဆိပ်ဆီ ဆင်းသက်ခဲ့ပြီး ကတည်းက ပါကစ္စတန်မှာ ဆက်ရှိနေတယ်လို့ CBSဆီ ပြောကြားခဲ့ပါတယ်။ အာဖဂန်နဲ့ ပါကစ္စတန်တို့ကြား တိုက်ပွဲတွေ ဖြစ်လာချိန်မှာတော့ အဲဒီလေယာဉ်ဟာ အီရန်နယ်စပ်နဲ့ ပိုပြီးနီးတဲ့ ဟီရတ်မြို့က လေဆိပ်တစ်ခုဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ CBSရဲ့ သတင်းရင်းမြစ်က အာဖဂန်ကို ရောက်နေတဲ့ အီရန် အရပ်ဖက် လေယာဉ်ဟာ အဲဒီတစ်စီးပဲ ရှိတယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။

ကိုးကား: Hindu, CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။