Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ လက်နက်တွေနဲ့ ဖမ်းမိခဲ့တဲ့ တရုတ် အမျိုးသားဟာ ကမ္ဘောဒီးယားမှာ တိုက်ခိုက်ဖို့ စီစဉ်ထားတာလို့ဆို

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ထရိုင်ရောင် ဖုဖန်းက မေလ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ထရိုင်ရောင် ဖုဖန်းက မေလ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မေလ ၈ ရက်နေ့တုန်းက ချောင်ဘူရီ ပြည်နယ်မှာရှိတဲ့ ပတ္တယားမြို့နားက ဇိမ်ခံအိမ်ကြီး တစ်လုံးကို ရဲတွေက သတင်းအရ စီးနင်းရှာဖွေခဲ့ပါတယ်။ အဲဒီအခါမှာ အသေးစား လက်နက်တိုက် တစ်ခုလို စုဆောင်းထားတဲ့ လက်နက် ခဲယမ်းတွေနဲ့အတူ ဆွန်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေထဲမှာတော့ ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ်တချို့၊ ရုရှားလုပ် မိုင်းတွေနဲ့ လက်ပစ်ဗုံးတွေ၊ ပေါက်ကွဲအား ပြင်းထန်တဲ့ C4 ဖောက်ခွဲရေး ပစ္စည်းတွေ၊ လောင်စာဆီတွေ ရှာတွေ့ခဲ့ပါတယ်။

ရဲတွေက သူ့ကို ဖမ်းဆီးခဲ့ပြီး ပြည်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ အဲဒီ လက်နက်ခဲယမ်းတွေကို စုဆောင်းထားသလား ဆိုတာကို စစ်ဆေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆွန်ရော၊ သူနဲ့ အချိတ်အဆက် ရှိလို့ နောက်ဆက်တွဲ ဖမ်းဆီးခံရသူတွေ အားလုံးမှာပါ ထိုင်းနိုင်ငံ ပိုင်နက်ထဲ အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ်မျိုးအတွက် ဘာအထောက်အထားမှ မတွေ့ခဲ့ရကြောင်း ထရိုင်ရောင်က ဆိုပါတယ်။

ရဲတွေက ဆွန်ရဲ့ ဘဏ်ငွေကြေး လွှဲပြောင်းမှုတွေကိုပါ ခြေရာခံ စစ်ဆေးခဲ့တဲ့ အခါမှာတော့ ကမ္ဘောဒီးယားမှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ဘတ်သန်း ဆယ်ဂဏန်းထိ များပြားတဲ့ ငွေကြေး အပေးအယူတွေ ရှိနေတာကို ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား ကျားဖြန့်ဂိုဏ်းတွေ သုံးလေ့ရှိတဲ့ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး ပိုင်ဆိုင်မှုတွေလည်း ဆွန်ဆီမှာ ရှာတွေ့ခဲ့ပါတယ်။ သံသယ တရားခံဟာ ထိုင်းမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ မဟုတ်ဘဲ ကမ္ဘောဒီးယားက ပြိုင်ဘက် ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး လက်စားချေဖို့ စီစဉ်ထားခဲ့တာလိုလည်း ထရိုင်ရောင်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆွန်ဟာ ကမ္ဘောဒီးယားက စစ်သင်တန်း တစ်ခုမှာ လေ့ကျင့်ခဲ့ဖူးတဲ့ ဗီဒီယို မှတ်တမ်းတွေကို ထိုင်းရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။ သူဟာ ဉာဏ်ရည်တု နည်းပညာ (AI) chatbotတွေကို အသုံးပြုပြီး ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင် အသုံးပြုမှု နည်းလမ်းတွေကို မေးမြန်းထားခဲ့တာကိုလည်း ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ထိုင်းမီဒီယာတွေက ‘ပတ္တယား လက်နက်တိုက် အမှု’လို့ ဖော်ပြကြတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတွေက စုစုပေါင်း လူ ၆ ဦးထိ ဖမ်းဆီး ထိန်းသိမ်းထားကြောင်းလည်း သိရပါတယ်။ အဲဒီထဲမှာ ဆွန်ကို လက်နက် ရောင်းချပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းစစ်တပ် အရာရှိ တချို့လည်း ပါဝင်နေပါတယ်။

ဆွန်ဟာ တရုတ်နဲ့ ကမ္ဘောဒီးယား နိုင်ငံကူး လက်မှတ်တွေကို ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ နေထိုင်ဖို့ ထုတ်ပေးထားတဲ့ အခွင့်ထူးခံ ဗီဇာကို ကိုင်ဆောင်ထားပါတယ်။ သူဟာ တောင်ကိုရီးယားမှာလည်း နေထိုင်ခွင့်ဗီဇာ ရရှိထားတယ်လို့ ဆိုပါတယ်။

ဆွန်ဟာ အဖမ်းခံရပြီးတဲ့နောက် အစားအသောက် လုံးဝမစားဘဲ နေခဲ့ပြီး မေလ ၁၂ ရက်နေ့မှာတော့ အကျဉ်းခန်းထဲမှာ အတက်ရောဂါ ထလာလို့ ပတ္တယားမှာရှိတဲ့ ဘက်တမ်မက်ခွန် ဆေးရုံဆီ တင်ပို့ခဲ့ရပါတယ်။ သူဟာ ဖမ်းဆီးခံရချိန် ကတည်းက အလွန်အကျွံ စိတ်ဖိစီးမှု လက္ခဏာတွေ ပြသခဲ့ပြီး နောက်ဆက်တွဲ အတက်ရောဂါ ထလာတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ရဲတွေဆီ ထွက်ဆိုချိန်မှာ ဆွန်က သူဟာ စိတ်ကျရောဂါ စွဲကပ်နေပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ လက်နက်တွေ ဝယ်ယူစုဆောင်းခဲ့တာလို့လည်း ပြောခဲ့ပါသေးတယ်။

ထိုင်းမှာ လူထုစိတ်ဝင်စားမှု မြင့်တက်နေတဲ့ အဲဒီအမှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။