Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် အချိန်အများကြီး မကျန်တော့ကြောင်း အီရန်ကို ထရမ့်သတိပေး

အမေရိကန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု အမြန်ဆုံး ရယူဖို့ အီရန်အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - EPA

အမေရိကန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု အမြန်ဆုံး ရယူဖို့ အီရန်အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

လောလောဆယ် နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲထားပေမယ့် အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပွဲကို အဆုံးသတ်စေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ညှိနှိုင်းဖို့ ခက်ခဲနေကြဆဲပါ။ မေလ ၁၇ ရက်နေ့မှာတော့ ထရမ့်က အီရန်အနေနဲ့ သဘောတူညီမှုတစ်ခု မြန်မြန်ရအောင် အားထုတ်သင့်ပြီလို့ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်အတွက် ခပ်မြန်မြန် မလှုပ်ရှားဘူးဆိုရင် အီရန်ဟာ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မကျန်တော့တဲ့ အဆင့်ထိ ရောက်သွားနိုင်ကြောင်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်အတွက် အချိန်တွေက တရိပ်ရိပ် ကုန်ဆုံးနေကြောင်း၊ အီရန် အနေနဲ့ ခပ်မြန်မြန် လှုပ်ရှားသင့်ပြီဖြစ်ပြီး မဟုတ်ရင်တော့ ဘာမှ မကျန်တော့တဲ့ ဘဝမျိုး ရောက်သွားနိုင်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားပါတယ်။ အီရန်အတွက်တော့ အချိန်က အသက်ပဲလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက အမေရိကန် ပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်က ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အမေရိကန်ဆီ တန်ပြန် ပေးပို့ထားခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အီရန်ရဲ့ တောင်းဆိုချက်တွေဟာ လက်ခံနိုင်စရာ မရှိလို့ သူ့အနေနဲ့ အဆုံးထိတောင် မဖတ်နိုင်ခဲ့ကြောင်း ဝေဖန်ထားပါတယ်။

တစ်ဖက်မှာလည်း အီရန်က ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် လမ်းဖွင့်ထားဆဲ ဖြစ်ပေမယ့် တကယ်လို့ စစ်ပွဲပြန်စမယ့် အခြေအနေ အတွက်လည်း အသင့်ပြင်ထားကြောင်း အမေရိကန်ကို သတိပေးထားပါတယ်။ အီရန်နဲ့ အမေရိကန်ကြားမှာ ပြတ်တောင်းပြတ်တောင်း တိုက်ခိုက်မှုတချို့ ဆက်ရှိနေတဲ့တိုင် ဧပြီ ၈ ရက်နေ့ ကတည်းက စတင် အသက်ဝင်တဲ့ အပစ်ရပ် သဘောတူညီမှုကတော့ ဆက်လက် တည်တံ့နေဆဲ ဖြစ်ပါတယ်။

အီရန်ရဲ့ Mehr သတင်းဌာနက အမေရိကန်ဟာ ညှိနှိုင်းမှုတွေမှာ ထင်ရှားမြင်သာတဲ့ ဘာအလျှော့ပေးမှုမှ မရှိကြောင်း၊ အီရန်အပေါ် စစ်ပြုတိုက်ခိုက်ပြီး ရယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တဲ့ ကိစ္စတွေကို အမေရိကန်က ထပ်တလဲလဲ တောင်းဆိုနေတာကြောင့် ညှိနှိုင်းမှုတွေ ရှေ့ဆက်လို့ မရဘဲ ဖြစ်နေကြောင်း ဝေဖန် ရေးသားခဲ့ပါတယ်။

အီရန် မီဒီယာတွေရဲ့ အဆိုအရ အမေရိကန်ဟာ အီရန်မှာ နျူကလီးယားဆိုင်ရာ အဆောက်အအုံ တစ်ခုပဲ ထားရှိဖို့၊ အီရန်ရဲ့ အထူးသန့်စင်ထားတဲ့ ယူရေနီယမ် ဓာတ်သတ္တုတွေ အားလုံး လက်လွှဲပေးဖို့တွေ တောင်းဆိုထားတဲ့အပြင် အမေရိကန်က ထိန်းချုပ်ထားတဲ့ အီရန် အစိုးရရဲ့ ပိုင်ဆိုင်မှုတွေထဲက ၂၅ ရာခိုင်နှုန်းလောက်ကိုတောင် ဖြေလျှော့ပြီး ပြန်လည် လက်လွှဲပေးဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်ကတော့ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ ခြေရှုပ်မှုဟာ ဒေသတွင်း တည်ငြိမ်မှုကို အကြီးအကျယ် ခြိမ်းခြောက်နေတယ် ဆိုတာကို အီရန်စစ်ပွဲက သက်သေပြခဲ့ကြောင်း ပြောပါတယ်။

ဒေသတွင်းနိုင်ငံတချို့ရဲ့ အစိုးရတွေဟာ အမေရိကန်ရဲ့ ဖြန့်ကျက်မှုဟာ သူတို့အတွက် လုံခြုံရေး အာမခံချက် ရစေမယ်လို့ အထင်မှားနေကြောင်း၊ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ တည်ရှိမှုဟာ လုံခြုံရေး အထောက်အပံ့တွေ မပေးနိုင်တဲ့အပြင် မြေပြင်မှာ မလုံမခြုံ ကိစ္စမျိုးတွေပါ ကြုံတွေ့နိုင်တာ မြင်သာစေခဲ့ကြောင်း ဂါလီဘက်ဖ်က ဝေဖန်သွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook