Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ တောဆင်ရိုင်းကို ဝင်တိုက်မိလို့ ကားမီးလောင်ပြီး တစ်ဦးသေဆုံး

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကို ဝင်တိုက်ရာက ကားမီးလောင်ပြီး လူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - ข่าว มาตุภูมิNews

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကို ဝင်တိုက်ရာက ကားမီးလောင်ပြီး လူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

ကန်ချနာဘူရီက အဝေးပြေးလမ်းအမှတ် ၃၂၃ ပေါ်မှာ မေလ ၁၉ ရက်၊ ဒေသစံတော်ချိန် ည ၉း၀၀ နာရီ ဝန်းကျင်မှာ အဲဒီ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ထိုင်းမှာ တောဆင်ရိုင်းတွေ ပါဝင်ပတ်သက်တဲ့ ယာဉ်မတော်တဆမှုတွေ ရှိခဲ့ဖူးပေမယ့် အဲဒီလမ်းပိုင်းမှာတော့ ဒီကိစ္စမျိုး ပထမဆုံး ကြုံခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဝမ်ဒေါင် ခရိုင်ခွဲမှာ ဆီဒန်ကားတစ်စီးနဲ့ တောဆင်ရိုင်းတစ်ကောင် တိုက်မိပြီး အသေအပျောက်တွေ ရှိခဲ့ကြောင်း သတင်းပေးပို့မှုကြောင့် လတ်ယာ ရဲစခန်းက ရဲအရာရှိတွေ သွားရောက် စစ်ဆေးခဲ့ပါတယ်။

အနီးမှာရှိတဲ့ ဆေးရုံတစ်ခုက ဆရာဝန်တွေ၊ မှုခင်းစုံထောက် အရာရှိတွေ၊ သစ်တောဌာန တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေလည်း အခင်းဖြစ်တဲ့ နေရာဆီ ရောက်ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လမ်းမီးတွေ ရှိပေမယ့် အလင်းရောင် အားနည်းတဲ့ နေရာမှာတော့ အပြင်းအထန် ပျက်စီးထားတဲ့ ကြေးညိုရောင် Toyota Corolla ဆီဒင်ကားကို တွေ့ရှိခဲ့ပါတယ်။ ကားရဲ့ ရှေ့ပိုင်းဟာ ကြေမွနေပြီး အင်ဂျင်ခန်းကနေ မီးစလောင်ရာက ကားတစ်စီးလုံးကို ကူးစက်သွားခဲ့ပါတယ်။ စုံထောက်တွေ မရောက်ခင် ကတည်းက မီးသတ်ဝန်ထမ်းတွေက အဲဒီမီးကို ငြှိမ်းသတ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ ကားရှေ့ခန်း ခရီးသည် ထိုင်ခုံမှာ လိုက်ပါလာတဲ့ အသက် ၇၀ အရွယ် အမျိုးသား ပွဲချင်းပြီး သေဆုံးပြီး အလောင်းကိုတော့ ပါဟိုပိုလ်ပါယူဟာဆီနာ ဆေးရုံဆီ သေမှုသေခင်း စစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။

အသက် ၆၄ နှစ်အရွယ် ယာဉ်မောင်း၊ နောက်ခန်းမှာ ပါလာတဲ့ အသက် ၇၄ နှစ်အရွယ် ခရီးသည်တို့ကတော့ ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။

ဒဏ်ရာရသူတွေရဲ့ အဆိုအရ ကားဟာ ဆိုင်ယော့ခ် ခရိုင်ကနေ မောင်းနှင်လာရင်း ဆာလက်ခ်ဖရာ ဘေးမဲ့တော ဧရိယာထဲကနေ ရုတ်တရက် လမ်းပေါ်ထွက်လာတဲ့ ဆင်ကြီးတစ်ကောင်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ တာဝန်ရှိသူတွေက အဲဒီဆင်နဲ့ အဖော်တွေပါတဲ့ ဆင်အုပ်ဟာ အစာရှာဖို့အတွက် ကားလမ်းကိုဖြတ်ပြီး ခဝေယိုင် မြစ်တဝိုက်ကို လှည့်လည်သွားလာရင်း မတော်တဆမှုနဲ့ ကြုံခဲ့တာ ဖြစ်နိုင်ကြောင်း ယူဆထားပါတယ်။

ကားနဲ့ အတိုက်ခံရတဲ့ တောဆင်ရိုင်းရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လောက်ပြင်းသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook