Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ် ကျားဖြန့်သမား ၆၅၀ နီးပါးထိ နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယားဆို

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အတွင်း စုစုပေါင်း တရုတ်နိုင်ငံသား ၆၄၈ ယောက်ကို နယ်နှင်ဒဏ်ခတ်ပြီး တရုတ်နိုင်ငံဆီ ပြန်ပို့ခဲ့တာလို့ မေလ ၂၁ ရက်နေ့မှာ ကမ္ဘောဒီးယား လူဝင်မှု ကြီးကြပ်ရေး ဌာနက ကြေညာခဲ့ပါတယ်။

နယ်နှင်ဒဏ် ခံရသူတွေ အားလုံးဟာ ကမ္ဘောဒီးယားမှာ တရားမဝင် အခြေချ နေထိုင်ပြီး အွန်လိုင်း ငွေကြေး လိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နယ်နှင်ဒဏ် ခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်ကို ဖနွမ်ပင်မြို့တော်မှာ ရှိနေတဲ့ တရုတ် သံရုံးကလည်း ပူးပေါင်း ကူညီခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ၃၃၀ ကို တက်ချို လေဆိပ်ကနေ လေကြောင်းနဲ့ ပြန်ပို့လိုက်ပြီး နောက်ထပ် ၃၁၈ ဦးကိုတော့ ဆိုင်ယမ်ရိပ် အန်ကော် လေဆိပ်ကနေ နယ်နှင်ခဲ့တာလို့ သိရပါတယ်။

တရားမဝင် ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေ ကမ္ဘောဒီးယားမှာ အခြေစိုက်ပြီး လည်ပတ်နေတာကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့အတွက် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေက အားသွန်ခွန်စိုက် ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း လူဝင်မှု ကြီးကြပ်ရေးဌာနက ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ ကျားဖြန့် လုပ်ငန်းတွေ အခြေစိုက်မှုကြောင့် နာမည်ဆိုး အထွက်ဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။