Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ကာလနောက်ပိုင်း ပထမဆုံးအဖြစ် အစ္စရေးနဲ့ အီရန် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

ဇွန်လ ၇ ရက်နေ့က အစ္စရေး မြောက်ပိုင်းကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ပြီး အဲဒီနောက်မှာတော့ အစ္စရေးကလည်း အီရန် အလယ်ပိုင်းနဲ့ အနောက်ပိုင်းက စစ်ရေး ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အစ္စရေးက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာရှိတဲ့ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ရှိနေတဲ့ အဆောက်အအုံ နှစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့မှာ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ် (IDF)က အီရန်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် အားလုံးကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း အီရန်ရဲ့ ရန်လိုမှုအတွက် ကျိန်းသေ လက်တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန် အနေနဲ့ ရန်လိုမှုတွေ ဆက်မလုပ်ဘဲ ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ပြန်လာဖို့ သတိပေးခဲ့သလို မဟာမိတ်ဖြစ်တဲ့ အစ္စရေးကိုလည်း လက်စားချေ တုံ့ပြန်တာမျိုး မလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ အီရန်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်က လက်ရှိ အရှေ့အလယ်ပိုင်း စစ်မြေပြင်မှာ အမေရိကန်ရဲ့ ဩဇာသက်ရောက်နိုင်စွမ်းက အကန့်အသတ် ရှိလာနေပြီဆိုတာ မြင်သာစေကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။ ထရမ့်ဟာ အီရန်စစ်ပွဲမှာ အမေရိကန် ပါဝင်တိုက်ခိုက်စေခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ပြည်တွင်းမှာ ဝေဖန်မှုတွေ၊ ဆန့်ကျင်မှုတွေ ကြုံနေရပြီး စစ်ပွဲကို အမြန်ဆုံး ရပ်စဲနိုင်ဖို့ အရေးတကြီး လိုအပ်လာနေပါတယ်။

အီရန်ရဲ့ ရန်စခဲ့တဲ့ လုပ်ရပ်ကြောင့် မြို့တော် တဟီရန်ဟာ လောင်တိုက်သွင်းတာ ခံရလိမ့်မယ်လို့ အစ္စရေး အမျိုးသား လုံခြုံရေးဝန်ကြီး အစ်တ်မာ ဘန်ဂီဗာက သတိပေးခဲ့ပြီး မကြာခင်မှာပဲ အစ္စရေးက အီရန်ကို တိုက်ခိုက်ခဲ့တာပါ။

ပထမဆုံး အနေနဲ့ အစ္စရေးဟာ တဟီရန်မှာရှိတဲ့ အင်မန် ခိုမေနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ နိုင်ငံတကာ အရပ်ဖက် လေယာဉ်တွေ ပျံသန်းမှုကို နောက်ထပ် ကြေညာချက် မထုတ်ပြန်မချင်း ရပ်နားထားဖို့ သတိပေးခဲ့ပါတယ်။ နောက်တော့ အီရန် အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ ရှိနေတဲ့ အကြမ်းဖက် အစိုးရ စစ်ရေးပစ်မှတ်တွေကို အစ္စရေး လေတပ်က တိုက်ခိုက်ခဲ့တဲ့အကြောင်း IDFက Telegramမှာ ရေးသား ကြေညာခဲ့ပါတယ်။

အစ္စရေး အစိုးရ မီဒီယာတွေက တဟီရန်၊ တာဘရစ်ဇ်နဲ့ အစ္စဖာဟန်တို့မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရကြောင်း အတည်ပြုခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။ အီရန် ပြည်တွင်း မီဒီယာတွေရဲ့ အဆိုအရ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြို့လယ်ခေါင် ပစ်မှတ်တွေကိုတော့ ရှောင်လွှဲခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက စစ်ရေးပဋိပက္ခ စတင်ခဲ့ပါတယ်။ ဧပြီ ၈ ရက်မှာတော့ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပြီး အဲဒီနောက်ပိုင်းတလျှောက် ဒါဟာ ပထမဆုံးအကြိမ် အီရန်နဲ့ အစ္စရေးကြား အပြန်အလှန် တိုက်ရိုက် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အမေရိကန်နဲ့ အီရန်ကြား အကန့်အသတ်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် အပစ်ရပ် သဘောတူညီမှုကိုတော့ နှစ်ဖက်စလုံးက ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။