Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗိုလ်ကျစိုးမိုးရေး ဝါဒကို မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး တိုက်ဖျက်မယ်လို့ ရှီကျင့်ဖျင်ဆို

ဗိုလ်ကျ စိုးမိုးရေး ဝါဒကို တရုတ်နဲ့ မြောက်ကိုရီးယားတို့ ပူးပေါင်း တိုက်ဖျက်သွားမှာ ဖြစ်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဗိုလ်ကျ စိုးမိုးရေး ဝါဒကို တရုတ်နဲ့ မြောက်ကိုရီးယားတို့ ပူးပေါင်း တိုက်ဖျက်သွားမှာ ဖြစ်တယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးသားခဲ့ပါတယ်။

ရှီဟာ တရုတ်ရဲ့ တစ်ခုတည်းသော တရားဝင် စစ်ရေးမဟာမိတ် နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားဆီ ဇွန်လ ၈ ရက်နဲ့ ၉ ရက်တွေမှာ အလည်အပတ် ခရီးစဉ် သွားရောက်မှာပါ။ အဲဒီ ခရီးစဉ် စတင်မယ့် ဇွန်လ ၈ ရက်နေ့မှာတော့ မြောက်ကိုရီးယား အာဏာရ ပါတီက ထုတ်ဝေတဲ့ ရိုဒွန်ဆင်မွန် သတင်းစာမှာ ရှီရဲ့ အတွေးအမြင် ဆောင်းပါးတစ်ပုဒ်ကို အချိန်ကိုက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်း မိတ်ဖက် နှစ်နိုင်ငံဟာ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကျိန်းသေပေါက် မြှင့်တင်မှာ ဖြစ်ကြောင်း၊ တရုတ်ဟာလည်း မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ဆက်တိုက် မြှင့်တင်သွားဖို့ မယိမ်းယိုင်တဲ့ စိတ်ဆန္ဒမျိုး ရှိနေကြောင်း ဆောင်းပါးထဲမှာ ရှီက ရေးသားထားပါတယ်။

ဒါတင်မကဘဲ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ဝါဒကို အသက်သွင်းလိုတဲ့ အားထုတ်မှုတွေနဲ့ ဗိုလ်ကျစိုးမိုးရေး ဝါဒတွေကို လက်တွဲ တိုက်ဖျက်သွားမှာ ဖြစ်တယ်လို့လည်း ရှီက ဆိုပါတယ်။ စစ်ဝါဒကို ပြန်အသက်သွင်းတယ် ဆိုတာဟာ ဂျပန်အစိုးရရဲ့ စစ်အင်အား ပြန်လည် တည်ဆောက်နေမှုကို ရည်ညွှန်းတာ ဖြစ်နိုင်ပြီး ဗိုလ်ကျစိုးမိုးရေး ဝါဒကတော့ အမေရိကန်ကို သွယ်ဝိုက် ထိုးနှက်မှုလို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ကျစိုးမိုးရေးဝါဒ၊ အာဏာရှင်ဝါဒတွေကို ဆန့်ကျင်ရမှာ ဖြစ်သလို အကြောင်းပြချက် အမျိုးမျိုးပေးရင်း ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်ဖို့ ကြံစည်အားထုတ်လာတဲ့ စစ်ဝါဒ ပြန်အသက်သွင်းမှု အားထုတ်မှု မှန်သမျှကိုလည်း တားဆီးဖို့လိုကြောင်း ရှီက မှတ်ချက်ပြုထားခဲ့ပါတယ်။

သူက မျှတပြီး စည်းစနစ်ကျတဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အလုံးစုံ ပါဝင်နိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ပေါ်ထွန်းလာဖို့လည်း မြောက်ကိုရီးယားနဲ့ အတူလက်တွဲ အလုပ်လုပ်သွားမယ်လို့ ဆောင်းပါးထဲမှာ ကတိပြုထားခဲ့ပါတယ်။

ရှီဟာ မြောက်ကိုရီးယား ခရီးစဉ် အတောအတွင်း အိမ်ရှင်နိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံမှာဖြစ်ပြီး သူ့ကို မြောက်ကိုရီးယားက တခမ်းတနား ကြိုဆို ဂုဏ်ပြုလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ရှီဟာ နိုင်ငံရဲ့ ခမ်းနားကြီးကျယ်တဲ့ စစ်ရေးပြ ချီတက်ပွဲဆီ ကင်မ်ကို ဖိတ်ကြားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရှီနဲ့ ကင်မ်တို့ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ ရှေ့ဆုံးတန်းမှာ ထွက်ရပ်ရင်း သုံးနိုင်ငံကြား ဆက်ဆံရေး ပိုမို ရင်းနှီးကျွမ်းဝင်လာမှုကို ထင်ရှားမြင်သာအောင် ပြသခဲ့ပါတယ်။

ကပ်ရောဂါ ကာလတုန်းက တရုတ်နဲ့ မြောက်ကိုရီးယားကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ အပြန်အလှန် သွားလာမှုတွေ သိသိသာသာ ရပ်ဆိုင်းသွားပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ အဲဒီလှုပ်ရှားမှုတွေ ပြန်လည် မြင့်တက်လာနေကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။