Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗြိတိန်လက်လွှတ်ဖွယ်ရှိတဲ့ ကျွန်းစုကို ဝယ်ယူဖို့ အမေရိကန် စီစဉ်နေ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - NASA Archive

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်မှာ အရာရှိတွေက ချာဂို့စ်ကျွန်းစုကို ဗြိတိန်ကသာ လက်လွှတ်မယ်ဆိုရင် မော်ရေးရှပ်စ် အစိုးရဆီက ဝယ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်ခြေ နည်းလမ်းတွေကို စာရင်းပြုစုနေကြောင်း ဇွန်လ ၇ ရက်နေ့မှာ ဗြိတိန်ရဲ့ Telegraph သတင်းဌာနက စတင် ဖော်ပြခဲ့ပါတယ်။

အဲဒီကျွန်းစုထဲမှာ အကြီးဆုံးကျွန်းဖြစ်တဲ့ ဒီယေဂို ဂါစီယာမှာ အမေရိကန်နဲ့ ဗြိတိန် ပူးပေါင်း အခြေစိုက်ထားတဲ့ စစ်စခန်းတစ်ခု ရှိနေပါတယ်။ အမေရိကန် စဉ်းစားထားတဲ့ နည်းလမ်းတွေထဲမှာတော့ ကျွန်းစုကို ဝယ်ယူရေးအတွက် ဗြိတိန်နဲ့ ဆွေးနွေးတာမျိုး မရှိဘဲ အဆင့်ကျော်ပြီး မော်ရေးရှပ်စ် အစိုးရနဲ့ပဲ တိုက်ရိုက် ညှိနှိုင်းတာမျိုးလည်း ပါဝင်လာနိုင်တယ်လို့ Telegraphက ဆိုပါတယ်။

ချာဂို့စ်ကျွန်းစုဟာ ဗြိတိန်ကိုလိုနီ နယ်မြေတစ်ခုဖြစ်ပြီး ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက အဲဒီကျွန်းစုကို မော်ရေးရှပ်စ် အစိုးရဆီ လွှဲပြောင်းပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရကတော့ ဒီယေဂို ဂါစီယာကျွန်း အပါအဝင် ချာဂို့စ်ကျွန်းစုကို ဗြိတိန်ရဲ့ ထိန်းချုပ်မှု ကင်းလွတ်သွားတာဟာ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးအပေါ် သက်ရောက် ထိခိုက်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

ချာဂို့စ်ကျွန်းစုဟာ ကျယ်ပြောလှတဲ့ အိန္ဒိယ သမုဒ္ဒရာ အလယ်ခေါင်မှာ တည်ရှိနေတဲ့ ပထဝီဝင် အနေအထားကြောင့် မဟာဗျူဟာအရ အရမ်း အချက်အခြာ ကျနေပါတယ်။

ဒီယေဂို ဂါစီယာ အပါအဝင် ကျွန်းစုတစ်ခုလုံးကို ဗြိတိန် ထိန်းချုပ်မှုကနေ လက်လွှတ်ပေးလိုက်တာမျိုး မဖြစ်သင့်ဘူးလို့ သမ္မတ ထရမ့်က ယူဆထားဆဲဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒီယေဂို ဂါစီယာကျွန်းရဲ့ အိန္ဒိယ သမုဒ္ဒရာထဲမှာ မဟာဗျူဟာကျကျ တည်ရှိနေမှုကြောင့် အဲဒီမှာ တည်ဆောက်ထားတဲ့ အမေရိကန်ရဲ့ စစ်စခန်းဟာလည်း အမျိုးသား လုံခြုံရေးမှာ အချက်အခြာကျတယ်လို့ သမ္မတ ထရမ့်က နားလည်ထားကြောင်း သူက ဆိုပါတယ်။

ဗြိတိန်ဟာ ဒီယေဂို ဂါစီယာ အပါအဝင် ချားဂို့စ်ကျွန်းစုကို မော်ရေးရှပ်စ်ဆီ လွှဲပြောင်းပေးရေး အကောင်အထည် ဖော်နေရာကနေ ဧပြီလမှာတော့ လုပ်ငန်းစဉ်တွေကို ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ တကယ်လို့ အဲဒီကိစ္စကို ဆက်လက် လုပ်ဆောင်မယ် ဆိုရင်တော့ အမေရိကန်ဟာ ကျွန်းစုကို မော်ရေးရှပ်စ် အစိုးရဆီက လက်လွှဲဝယ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ လတုန်းက ထရမ့်ဟာ ချာဂို့စ်ကျွန်းကို လက်လွှတ် အဆုံးရှုံးခံမယ့် ဗြိတိန်အစိုးရရဲ့ သဘောထားကို အမှားကြီးတစ်ခုလို့ ဝေဖန်ခဲ့ဖူးပါတယ်။

ဒီယေဂို ဂါစီယာ ကျွန်းပေါ်မှာရှိတဲ့ လေတပ်စခန်းမှာတော့ အမေရိကန်နဲ့ ဗြိတိန် တပ်ဖွဲ့ဝင် ၂၅၀၀ လောက် ဖြန့်ကျက်ထားပါတယ်။ အဲဒီစခန်းဟာ အမေရိကန်ရဲ့ B-1၊ B-2တို့လို ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ အကြီးစား ဝေဟင်ဆီဖြည့် လေယာဉ်ကြီးတွေပါ အခြေစိုက်နိုင်အောင် ကြီးမားကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။