Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ခိုက်မှုတွေ ဆက်မလုပ်တော့ဘူးလို့ အီရန်ရော၊ အစ္စရေးပါ ကြေညာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဓာတ်ပုံ - AP

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဧပြီ ၈ ရက်နေ့မှာ အပစ်အခတ် ရပ်စဲထားတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နှစ်နိုင်ငံကြားမှာ တိုက်ရိုက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ ဖိအားပေးမှုကြောင့် နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ ဆက်လုပ်မှာ မဟုတ်ကြောင်း ဇွန်လ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲရေး ကတိတွေကို ချိုးဖောက်တာမျိုး ရှိလာရင် တိုက်ပွဲတွေ ပြန်စလာလိမ့်မယ်လို့ အီရန်ရော၊ အစ္စရေးကပါ သတိပေးထားကြပါတယ်။

ဇွန်လ ၇ ရက်နေ့တုန်းက အစ္စရေး မြောက်ပိုင်းကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး အစ္စရေးကလည်း အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်းက စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေကြောင့် အရှေ့အလယ်ပိုင်း ဒေသရဲ့ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေးရော၊ အီရန်ပါ ရန်လိုမှုတွေကို ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့မှာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လတ်တလောမှာ တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားမှာ ဖြစ်ပေမယ့် အီရန်နဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့အပေါ် စစ်ရေးအရ အရေးယူမှုတွေ မပြီးဆုံးသေးဘူးလို့ ပြောကြားသွားပါတယ်။

အစ္စရေး မီဒီယာ တချို့က နေတန်ညာဟုဟာ အီရန်ကို အကြီးစား စစ်ဆင်ရေး တစ်ခုနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ထားခဲ့ကြောင်း၊ ဒါပေမဲ့ ထရမ့်က နောက်ဆက်တွဲ အကျိုးဆက်တွေမှာ အမေရိကန် ဝင်ပါမှာ မဟုတ်ဘဲ အစ္စရေးပဲ ကိုယ်တိုင်ဖြေရှင်းရမယ်လို့ သတိပေးခဲ့တဲ့အတွက် လက်လျှော့ခဲ့ရတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

နေတန်ညာဟုရဲ့ ကြေညာချက် မတိုင်ခင် နာရီပိုင်းအလိုမှာ အီရန်ကလည်း အစ္စရေးကို နာနာကျင်ကျင် ဖြစ်သွားအောင် လက်တုံ့ပြန်ခဲ့အပြီး နောက်ဆက်တွဲ စစ်ဆင်ရေးတွေကို ဆက်လုပ်တော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

BBCရဲ့ ဆက်သွယ် မေးမြန်းမှု တစ်ခုမှာတော့ နေတန်ညာဟုဟာ သူတားဆီးတာကို ဖီဆန်ပြီး အီရန်ကို တိုက်ခိုက်ခဲ့သလား ဆိုတာကို ထရမ့်က ငြင်းဆိုသွားပါတယ်။ သူက ဟန့်တားခဲ့တဲ့ အချိန်မှာ အစ္စရေး စစ်ဆင်ရေးတွေ စနှင့်ပြီးတာသာ ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

အိမ်ဖြူတော်က ထရမ့်နဲ့ နေတန်ညာဟုတို့ဟာ အဲဒီ ပြဿနာအတွက် ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အစ္စရေး အစိုးရ အရာရှိ တစ်ဦးကလည်း ထရမ့်ရဲ့ တောင်းဆိုမှုကြောင့်သာ အစ္စရေးဟာ စစ်ဆင်ရေးတွေကို ရပ်တန့်ခဲ့တာလို့ ပြောကြားသွားပါတယ်။

အီရန်ကို တိုက်ခိုက်ချင်နေတဲ့ နေတန်ညာဟုကို ဘယ်လို စည်းရုံး နားချခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က ရိုးရိုးရှင်းရှင်းနဲ့ ယေဘုယျကျကျ စဉ်းစားဖို့ တစ်ခုပဲ သူက တိုက်တွန်းခဲ့တာ ဖြစ်ကြောင်း၊ လက်ရှိ အနေအထားမှာ အမေရိကန်ဟာ အီရန်နဲ့ အရမ်းကောင်းမွန်တဲ့ သဘောတူညီမှု တစ်ခုခု ရရှိဖို့ နီးစပ်နေကြောင်း၊ အီရန်မှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ခွင့် မရှိစေရဘူးဆိုတဲ့ အာမခံချက်မျိုးတွေ ရလာမှာ ဖြစ်ကြောင်း၊ ဒီတော့ အခြေအနေကို ယေဘုယျကျကျ စဉ်းစားဖို့ပဲ နေတန်ညာဟုကို ပြောခဲ့ပြီး အားလုံး အဆင်ပြေခဲ့ကြောင်း ပြန်ဖြေသွားပါတယ်။

သူက တစ်ခုခုလုပ်ဖို့ ပြောရင် နေတန်ညာဟုက လိုက်လုပ်မှာသာ ဖြစ်တယ်လို့လည်း ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။